- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
ရဲတပ်ဖွဲ့ခြိမ်းခြောက်မှုကြောင့် ဩစတြေးလျသတင်းထောက်များ တရုတ်နိုင်ငံမှ ထွက်ပြေး
တရုတ်အစိုးရက နိုင်ငံခြားသတင်းဌာနများကို ဖြိုခွဲရန် ပစ်မှတ်ထားလုပ်ဆောင်နေမှုကြောင့် အထင်ကရ ဩစတြေးလျသတင်းထောက်နှစ်ဦးသည် တရုတ်အစိုးရ၏ နိုင်ငံတော်လုံခြုံရေး ဆိုင်ရာစွဲချက်များဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် ညတွင်းချင်း တရုတ်မှထွက်ပြေးခဲ့ကြကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
10 Sep 2020

တရုတ်အစိုးရက နိုင်ငံခြားသတင်းဌာနများကို ဖြိုခွဲရန် ပစ်မှတ်ထားလုပ်ဆောင်နေမှုကြောင့် အထင်ကရ ဩစတြေးလျသတင်းထောက်နှစ်ဦးသည် တရုတ်အစိုးရ၏ နိုင်ငံတော်လုံခြုံရေး ဆိုင်ရာစွဲချက်များဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် ညတွင်းချင်း တရုတ်မှထွက်ပြေးခဲ့ကြကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအရေးမှစ၍ ကုန်သွယ်ရေးနှင့် ဟောင်ကောင်ဒီမိုကရေစီလှုပ်ရှားမှုအရေး အထိ တရုတ်ရပ်တည်ချက်များအပေါ် ဝိဝါဒကွဲပြားပြီး နှစ်နိုင်ငံကြား ဆယ်စုနှစ်များစွာအတွင်း ဆက်ဆံရေးအဆိုးဝါးဆုံးအချိန်တွင် အဆိုပါသတင်းထောက်နှစ်ဦး၏ ရုပ်ရှင်ကားဆန်ဆန် ထွက်ပြေး လွတ်မြောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဘီလ်ဘာတဲလ်စ်နှင့် မိုက်ကယ်စမစ်တို့သည် ၎င်းတို့ နိုင်ငံသို့ဘေးကင်းစွာပြန်ခွင့် သဘောတူညီချက် မရခင်အထိ တရုတ်နိုင်ငံရှိ ဩစတေးလျသံရုံးတွင် ဖိအားများစွာဖြင့် ရက်အတန်ကြာ လျို့ဝှက် နေထိုင် ခဲ့ရသည်။
ဩစတြေးလျနိုင်ငံပိုင် အေဘီစီရုပ်သံ၏ ဘေဂျင်းတာဝန်ခံဖြစ်သည့် သတင်းထောက် ဘီလ်ဘာတဲလ် က ယခုအချိန်တွင် စစ်မှန်သည့် တရားဥပဒေစိုးမိုးမှုရှိသော နိုင်ငံသို့ပြန်ရောက်လာသဖြင့် စိတ်သက်သာ ရာရကြောင်း အင်္ဂါနေ့က ဆစ်ဒနီသို့ လေယာဉ်ဆိုက်ရောက်ချိန်တွင် ပြောဆိုခဲ့သည်။
Australian Financial Review အတွက် ရှန်ဟိုင်းသတင်းတာဝန်ခံ ဘာတဲလ်စ်နှင့် စမစ်တို့၏ နေအိမ်များကို လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း ရဲများက တစ်ပြိုင်နက်တည်း စီးနင်းခဲ့ကြောင်း၊ “နိုင်ငံတော် လုံခြုံရေးကိစ္စရပ်” တစ်ခုနှစ်ပတ်သက်သည့် မေးခွန်းများဖြေကြားရမည်ဟု သတိပေးခံရကြောင်း ၎င်းတို့၏ အလုပ်ရှင်မှ ဆိုသည်။
တရုတ်နိုင်ငံမှ ထွက်ခွာခွင့်ပိတ်ခံရပြီး စစ်ကြောမေးမြန်းခံရနိုင်မှုနှင့် ဖမ်းဆီးခံရနိုင်မှုများကို စိုးရိမ်ထိတ်လန့်သောကြောင့် သတင်းထောက်နှစ်ဦးသည် အနီးဆုံး ဩစတြေးလျသံရုံးသို့ ထွက်ပြေးခဲ့ကြပြီး ဩစတြေးလျအစိုးရ၏ ညှိနှိုင်းမှုဖြင့် ရဲများ၏မေးခွန်းများကို ဘေးကင်းလုံခြုံစွာ ဖြေဆိုခွင့်ပြုရေး သဘောတူညီမှုရရှိချိန်အထိ သံရုံးတွင် နေထိုင်ခဲ့ကြသည်။
အဆိုပါသတင်းထောက်နှစ်ဦးသည် ဩစတြေးလျသံတမန်များ လိုက်ပါလျက် ရှန်ဟိုင်းမှ တနင်္လာနေ့တွင် ထွက်ခွာခဲ့ပြီး အင်္ဂါနေ့အစောပိုင်းက ဆစ်ဒနီသို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။