- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အိုင်စီစီက ဖမ်းဝရမ်းထုတ်ထားသည့် သမ္မတပူတင် ကာဂျစ္စတန်တွင် အစည်းအဝေးလာတက်
ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (အိုင်စီစီိ) တွင် ယခုနှစ်အစောပိုင်း၌ တရားစွဲဆိုခံခဲ့ရသူ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ထိပ်သီးညီလာခံ တက်ရောက်ရန်အတွက် ကာဂျစ္စတန်နိုင်ငံသို့ ရောက်ရှိနေကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
13 Oct 2023

DMG ၊ အောက်တိုဘာ ၁၃
ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (အိုင်စီစီိ) တွင် ယခုနှစ်အစောပိုင်း၌ တရားစွဲဆိုခံခဲ့ရသူ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ထိပ်သီးညီလာခံ တက်ရောက်ရန်အတွက် ကာဂျစ္စတန်နိုင်ငံသို့ ရောက်ရှိနေကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သမ္မတပူတင်သည် သောကြာနေ့ကျင်းပမည့် လွတ်လပ်သော ဓနသဟာယနိုင်ငံများ ညီလာခံသို့ တက်ရောက်ရန် အောက်တိုဘာလ ၁၂ ရက် ကြာသပတေးနေ့တွင် ကာဂျစ္စတန်နိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ယခုညီလာခံသို့ အဇာဘိုင်ဂျန်၊ ဘယ်လာရုစ်၊ ကာဇက်စတန်၊ တာဂျစ်ကစ္စတန်၊ တာခမင်နစ္စတန်နှင့် အုဇဘက်ကစ္စတန်နိုင်ငံများမှ ခေါင်းဆောင်များလည်း တက်ရောက်ကြမည်ဖြစ်သည်။
အာမေးနီးယန်းဝန်ကြီးချုပ် နီကိုးပါရှင်ယန်းကမူ အာမေးနီးယားနှင့် ရုရှားအကြား မကြေလည်မှုများ ရှိနေသည့်အတွက် ယခုညီလာခံကို တက်ရောက်မည်မဟုတ်ပေ။
ယခုခရီးစဉ်သည် ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ယခုနှစ်အတွင်း နိုင်ငံပြင်ပသို့ ထွက်ခွာမှု လုံးဝမရှိသေးသည့် ပူတင်၏ ပထမဆုံး ခရီးစဉ်လည်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (အိုင်စီစီ) သည် ပူတင်အား ယူကရိန်းကလေးငယ်များကို ရုရှားသို့ ခေါ်ဆောင်သွားမှုနှင့် ပတ်သက်ပြီး ၂၀၂၃ ခုနှစ် မတ်လတွင် ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သည်။ ယခုဖမ်းဝရမ်းအရ အိုင်စီစီအဖွဲ့ဝင်နိုင်ငံများသို့ သမ္မတပူတင် ရောက်ရှိခဲ့လျှင် ဖမ်းဆီးခံရမည်ဖြစ်သည်။
အိုင်စီစီဖမ်းဝရမ်းကြောင့် သမ္မတပူတင်သည် ယခုနှစ်သြဂုတ်တွင် တောင်အာဖရိက၌ ကျင်းပခဲ့သည့် စီးပွားရေးညီလာခံသို့ မတက်ရောက်ခဲ့ပေ။ အာမေးနီးယားနိုင်ငံသည်လည်း ယခုလအစောပိုင်းတွင် အိုင်စီစီအဖွဲ့ဝင် ဖြစ်ရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် ရုရှားနှင့် မကြေမလည် ဖြစ်လျက်ရှိသည်။ ကာဂျစ္စတန်မှာ အိုင်စီစီအဖွဲ့ဝင် မဟုတ်ပေ။
သမ္မတပူတင်သည် ယခုလနှောင်းပိုင်းတွင် တရုတ်သို့ အလည်အပတ် သွားရောက်မည်ဟု ယူဆရသည်။ ပြီးခဲ့သည့်ကလ မြောက်ကိုရီးယားနိုင်ငံက အလည်အပတ် လာရောက်ရန် ဖိတ်ကြားမှုကိုလည်း သမ္မတပူတင်က လက်ခံထားသည်ဟု အေပီသတင်းတွင် ဖော်ပြချက်အရ သိရသည်။