- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ရှီကျင့်ဖျင်နှင့် ပူတင်တို့ အင်ဒိုနီးရှားတွင် G-20 ထိပ်သီးအစည်းအဝေး တက်မည်ဟု ဂျိုကိုဝီပြော
အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် နိုဝင်ဘာလ၌ ကျင်းပမည့် G-20 ထိပ်သီးအစည်းအဝေးသို့ တရုတ်သမ္မတနှင့် ရုရှားသမ္မတတို့ တက်ရောက်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားလိုက်သည်။
20 Aug 2022

DMG ၊ ဩဂုတ် ၂၀
အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် နိုဝင်ဘာလ၌ ကျင်းပမည့် G-20 ထိပ်သီးအစည်းအဝေးသို့ တရုတ်သမ္မတနှင့် ရုရှားသမ္မတတို့ တက်ရောက်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားလိုက်သည်။
“ရှီကျင့်ဖျင်လာပါမယ်။ သမ္မတပူတင်လည်း လာမယ်လို့ ကျွန်တော့်ကိုပြောပါတယ်” ဟု ဂျိုကိုဝီက ဘလွန်းဘက်သတင်းဌာနသို့ သြဂုတ်လ ၁၈ ရက်နေ့တွင် ပြောကြားသည်။
စီးပွားရေးထိပ်သီး နိုင်ငံကြီးများ၏ G-20 အစည်းအဝေးဥက္ကဌဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် ရုရှားသမ္မတပူတင်အား အစည်းအဝေးသို့ မဖိတ်ခေါ်ရန် အနောက်နိုင်ငံများက ဖိအားပေးခြင်းကို ရင်ဆိုင်နေရသည်။
ဂျိုကိုဝီကမူ ကြားဝင်စေ့စပ်ပေးသူအဖြစ် ကိုယ့်ကိုယ်ကိုယ် ခံယူထားပြီး ယူကရိန်းနှင့် ရုရှားနှစ်နိုင်ငံလုံးကလည်း အင်ဒိုနီးရှားကို “ငြိမ်းချမ်းရေးပေါင်းကူး” အဖြစ် လက်ခံထားကြသည်ဟု ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။
ဂျိုကိုဝီသည် ယူကရိန်း၊ ရုရှားသမ္မတတို့နှင့်လည်း သွားရောက်တွေ့ဆုံထားကာ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးကိုလည်း အစည်းအဝေးသို့ ဖိတ်ကြားထားသည်။
နိုဝင်ဘာတွင်ကျင်းပမည့် G-20 အစည်းအဝေးသို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် အပါအဝင် ကမ္ဘာ့ထိပ်သီးနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။