- အိန္ဒိယပြည် ဝင်ခွင့် အထောက်ထားမှာ ပတ်စပို့ မဟုတ်ကြောင်း ဦးခိုင်သုခ ရှင်းပြ
- စစ်တွေသို့ ကုန်ပစ္စည်းတင်ပို့မှု စစ်ကောင်စီ ပိတ်ပင်
- ထိုင်းအစိုးရက မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဘတ်သန်း ၁၆၀ သုံးရန် လျာထား
- စစ်တွေတွင် မွတ်ဆလင်ကျေးရွာ တစ်ရွာမှ လူ ၃၀ ဦးစီ တပ်သားသစ်စုဆောင်းခံထားရဟု ကုလ ပြော
- ရခိုင်တောင်ပိုင်းက စစ်ဘေးရှောင်များကို ကူညီပေးရန် အလေးထားလုပ်နေကြောင်း ULA/AA ပြော
သီရိလင်္ကာသမ္မတ မော်လဒိုက်သို့ ထွက်ပြေး
သီရိလင်္ကာသမ္မတ ရာဂျာပါဆာသည် ဇူလိုင်လ ၁၃ ရက်နေ့တွင် နိုင်ငံမှ ထွက်ပြေးသွားပြီဖြစ်ကြောင်း အစိုးရအရာရှိတစ်ဦး၏ ဖြေကြားချက်ကို ကိုးကားပြီး ကျိုဒိုသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
14 Jul 2022

DMG ၊ ဇူလိုင် ၁၄
သီရိလင်္ကာသမ္မတ ရာဂျာပါဆာသည် ဇူလိုင်လ ၁၃ ရက်နေ့တွင် နိုင်ငံမှ ထွက်ပြေးသွားပြီဖြစ်ကြောင်း အစိုးရအရာရှိတစ်ဦး၏ ဖြေကြားချက်ကို ကိုးကားပြီး ကျိုဒိုသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဇူလိုင်လ ၁၃ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်မည်ဟု ကြေညာထားသည့် သမ္မတ ဂိုတာဘာယာ ရာဂျာပါဆာသည် ဇနီးနှင့် အခြားသူများကိုပါ ခေါ်ဆောင်ကာ စစ်လေယာဉ်တစ်စီးဖြင့် မော်လဒိုက်နိုင်ငံသို့ ထွက်ခွာသွားခြင်းဖြစ်သည်။
ရာဂျာပါဆာသည် ရာထူးမှနုတ်ထွက်စာကို ဇူလိုင် ၁၃ ရက်စွဲဖြင့် လက်မှတ်ရေးထိုးထားခဲ့ကြောင်း သီရိလင်္ကာ ပြည်တွင်းမီဒီယာတစ်ခုတွင် ဖော်ပြထားသည်။
လွှတ်တော်ပြောခွင့်ရက သမ္မတ၏ နုတ်ထွက်မှုကို ယနေ့ကြေညာမည်ဟု မျှော်လင့်ရသည်။ သမ္မတသစ်ကို ဇူလိုင်လ ၂၀ ရက်နေ့တွင် ရွေးချယ်ရန် စီစဉ်ထားသည်။
ပြီးခဲ့သောစနေနေ့က မြို့တော်ကိုလံဘိုတွင် ဆန္ဒပြသူ ထောင်ပေါင်းများစွာသည် ရာဂျာပါဆာကို ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုပြီး သမ္မတအိမ်တော်ကိုပါ ဝင်ရောက်စီးနင်းခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ၊ ရေပိုက်များဖြင့် လူစုခွဲရန်ကြိုးစားခဲ့သည့်ကြားမှ ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။
ရာဂျာပါဆာသည် တနင်္လာနေ့တွင် ဒူဘိုင်းသို့ ထွက်ခွာရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ လေဆိပ် လူဝင်မှုကြီးကြပ်ရေးတွင် တားမြစ်ခံခဲ့ရသည်။
ရာဂျာပါဆာမိသားစုဝင်များသည်သည် သီရိလင်္ကာနိုင်ငံကို ဆယ်စုနှစ်နှစ်ခုစာခန့် အုပ်ချုပ်ခဲ့ပြီး သမ္မတ၏အစ်ကို မဟင်ဒါရာဂျာပါဆာသည်လည်း ရှေ့တွင် သမ္မတနှင့် ဝန်ကြီးချုပ်ရာထူးများ ရယူခဲ့သူဖြစ်သည်။