- ရခိုင်က အွန်လိုင်းဈေးရောင်းချသူများ FDA ထောက်ခံချက် မရ၍ မှတ်ပုံတင်ရန် အခက်အခဲဖြစ်နေ
- ရခိုင်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁,၄၀၀ ကျော်နှင့် သေဆုံးသူတစ်ဦးရှိလာ
- နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ရခိုင့်ဦးဆောင်ပါတီ တောင်းဆို
- ဒုက္ခသည်စခန်းများတွင် မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးမှုများ လိုအပ်နေ
- စစ်ဘေးရှောင် တက္ကသိုလ်ကျောင်းသားများ ပညာသင်ကြားရန် အခက်အခဲရှိနေ
မြောက်ကိုရီးယားထံမှ လက်နက်အကူအညီယူရန် ရုရှားကြိုးပမ်းနေဟု အမေရိကန်ပြော
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေရွှိုင်ဂုသည် ရှားရှားပါးပါး ခရီးစဉ်အဖြစ် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့သို့ ရောက်ရှိခဲ့ပြီးနောက်တွင် ဘလင်ကင်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
30 Jul 2023
ယူကရိန်းကျူးကျော်စစ်ကာလ နှစ်နှင့်ချီ ကြာမြင့်လာပြီဖြစ်သည့် ရုရှားသည် မြောက်ကိုရီးယားထံမှ လက်နက်အကူအညီများ ရယူရေးအတွက် ရောက်ရှိနေသည်ဟု ယုံကြည်ရကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကင်က စနေနေ့တွင် ပြောကြားလိုက်သည်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေရွှိုင်ဂုသည် ရှားရှားပါးပါး ခရီးစဉ်အဖြစ် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့သို့ ရောက်ရှိခဲ့ပြီးနောက်တွင် ဘလင်ကင်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“အဲဒီကို အပန်းဖြေခရီးထွက်ဖို့ ရောက်နေတယ်လို့တော့ ကျွန်တော်မထင်ပါဘူး” ဟု ဘလင်ကင်က သြစတြေးလျတွင် သတင်းထောက်များအား ပြောကြားသည်။
“ယူကရိန်းအပေါ် ရန်လိုမုန်းထားတဲ့ ကျူးကျော်စစ်ကို ဆက်လက်ဆင်နွှဲနိုင်ဖို့အတွက် ရုရှားဟာ ဘယ်နေရာကပဲရရ လက်နက်တွေ ရသလောက် အသည်းအသန် ရှာနေတာကို ကျွန်တော်တို့ မြင်နေရပါတယ်” ဟုလည်း သူကပြောသည်။
မြောက်ကိုရီးယားက ကာလရှည်ကြာ ဆက်ဆံရေးတည်ဆောက်ထားသည့် လက်တစ်ဆုပ်စာ နိုင်ငံများတွင် ရုရှားလည်း အပါအဝင်ဖြစ်သည်။
ခေါင်းဆောင် ကင်ဂျုံအန်းသည် အလည်အပတ် ရောက်ရှိနေသည့် ရုရှားနှင့် တရုတ်အရာရှိများ ခြံရံပြီး သောကြာနေ့ကကျင်းပသည့် မြောက်ကိုရီးယား၏ စစ်ရေးပြပွဲကို ရှုစားခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရမီဒီယာ KCNA က သတင်းဖော်ပြခဲ့သည်။ အဆိုပါ စစ်ရေးပြပွဲတွင် မြောက်ကိုရီးယားသည် တိုက်ခိုက်ရေးဒရုန်းများနှင့် တိုက်ချင်းပစ် နျူကလီးယားဒုံးကျည်များကိုပါ ထုတ်ဖော်ပြသခဲ့သည်။
ရွှိုင်ဂု မြောက်ကိုရီးယားတွင် ရောက်ရှိနေစဉ် ခေါင်းဆောင်ကင်ဂျုံအန်းနှင့် ရင်းနှီးနွေးထွေးစွာရှိခဲ့သည် ဟုလည်း KCNA သတင်းက ဖော်ပြသည်။