- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
အင်ဒိုနီးရှားတွင် အိမ်ထောင်ဖက်မဟုတ်သူနှင့် လိင်ဆက်ဆံလျှင် ရာဇဝတ်မှုအဖြစ် သတ်မှတ်မည့်ဥပဒေ အတည်ပြုမည်
အင်ဒိုနီးရှားတွင် အိမ်ထောက်ဖက်မဟုတ်သူနှင့် လိင်ဆက်ဆံပါက တစ်နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်သည့် ဥပဒေအပါအဝင် လက်မထပ်ဘဲ အတူနေခြင်းကို တရားမဝင်ကြောင်း သတ်မှတ်ချက်များ ပါဝင်သည့် ဥပဒေများကို အတည်ပြုရန် ရှိနေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
06 Dec 2022
လိင်တူဆက်ဆံသည်ဟု စွပ်စွဲခံရသည့် အမျိုးသားတစ်ဦးအား လူမြင်ကွင်းတွင် ရှာရီယာရဲက ကြိမ်ဒဏ်ပေးနေသည်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - AFP
DMG | ဒီဇင်ဘာ ၆
အင်ဒိုနီးရှားတွင် အိမ်ထောက်ဖက်မဟုတ်သူနှင့် လိင်ဆက်ဆံပါက တစ်နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်သည့် ဥပဒေအပါအဝင် လက်မထပ်ဘဲ အတူနေခြင်းကို တရားမဝင်ကြောင်း သတ်မှတ်ချက်များ ပါဝင်သည့် ဥပဒေများကို အတည်ပြုရန် ရှိနေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုဥပဒေ၌ သမ္မတကို စော်ကားခြင်း၊ နိုင်ငံ၏ အမျိုးသားရေးခံယူချက်များနှင့် ဆန့်ကျင်သည့် အပြုအမူများ ပြုလုပ်ခြင်းတို့ကိုလည်း ပြစ်ဒဏ်သတ်မှတ်မည့် ဥပဒေများ ပါဝင်သည်။
ဥပဒေသစ်ကို အတည်ပြုရန် အင်္ဂါနေ့တွင် လွှတ်တော်၌ ကြားနာပွဲပြုလုပ်မည်ဟု လွှတ်တော်ပြောခွင့်ရလက်ထောက် ဆာမီဒါစကိုအာမက်နှင့် ဥပဒေပြုလွှတ်တော်ကော်ရှင် ဥက္ကဌ ဘန်ဘန်းဝါယင်တိုတို့က ရိုက်တာသို့ ဖြေကြားသည်။
ဥပဒေသစ်မူကြမ်းအား အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်တို့ဘက်က သဘောတူထားပြီးဖြစ်သဖြင့် အတည်ဖြစ်လာရန် သေချာလျက်ရှိပြီဖြစ်သည်။
ဥပဒေသစ်ကို အတည်ပြုရန် လွှတ်တော်က ၂၀၁၉ ခုနှစ်တွင် ကြိုးစားခဲ့သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကန့်ကွက်ဆန္ဒပြမှုများ ရင်ဆိုင်ခဲ့ရသည်။ ထိုစဉ်က လွှတ်တော်သည် အငြင်းပွားမှုအများဆုံး ဥပဒေအချို့ကို ဖြေလျှော့ပေးမှုများ ရှိခဲ့သည်။
ယခုဥပဒေသစ်အရ အိမ်ထောင်ရေးပြင်ပ လိင်ဆက်ဆံမှုများကို သက်ဆိုင်သူ၏ ဇနီး၊ ခင်ပွန်း၊ သားသမီး သို့မဟုတ် နီးစပ်သူဆွေမျိုးများကသာ တိုင်ကြားခွင့်ရှိမည်ဖြစ်သည်။ သမ္မတကို စော်ကားမှုအတွက်လည်း သမ္မကိုယ်တိုင်က တိုင်ကြားရမည်ဖြစ်သည်။