- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
ဆန္ဒပြပွဲများအရှိန်မြင့်နေသည့် အိန္ဒိယတွင် သန်းခေါင်စာရင်းကောက်ရန် ဘက်ဂျက် အတည်ပြု
အသစ်ပြင်ဆင်ရေးဆွဲလိုက်သည့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေတစ်ရပ်အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ဆန္ဒပြမှုများ ရှိနေချိန်တွင် အိန္ဒိယအစိုးရက ထိုကဲ့သို့ လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ရန် ဘက်ဂျက်ငွေကို အတည်ပြုလိုက်ခြင်းလည်းဖြစ်သည်။
25 Dec 2019

အိန္ဒိယပြည်ထောင်စုအစိုးရအဖွဲ့သည် လာမည့်နှစ်တွင် လူဦးရေနှင့်သန်းခေါင်စာရင်း စစ်တမ်းတစ်ရပ်ကောက်ရန် လိုအပ်သည့် ဘက်ဂျက်ရန်ပုံငွေကို အင်္ဂါနေ့(ဒီဇင်ဘာ ၂၄ ရက်)က အတည်ပြုလိုက်ကြောင်း Reuters သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။
အသစ်ပြင်ဆင်ရေးဆွဲလိုက်သည့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေတစ်ရပ်အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ဆန္ဒပြမှုများ ရှိနေချိန်တွင် အိန္ဒိယအစိုးရက ထိုကဲ့သို့ လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ရန် ဘက်ဂျက်ငွေကို အတည်ပြုလိုက်ခြင်းလည်းဖြစ်သည်။
လက်ရှိအိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီအစိုးရအဖွဲ့က ပြဋ္ဌာန်းလိုက်သော အဆိုပါဥပဒေတွင် အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံ တို့မှနေပြီး အိန္ဒိယနိုင်ငံအတွင်းသို့ ၂၀၁၅ ခုနှစ် မတိုင်မီ တရားမဝင် ရွှေ့ပြောင်းအခြေချလာသူများထဲမှ မွတ်ဆလင်ဘာသာဝင် မဟုတ်သူများကိုသာ အိန္ဒိယနိုင်ငံသား ဖြစ်ခွင့်ပေးမည့် လမ်းကြောင်းတစ်ခု ပါဝင်လျက်ရှိသည်။
ထိုကဲ့သို့ မွတ်ဆလင်ဘာသာဝင်မဟုတ်သော တရားမဝင်ရွှေ့ပြောင်းအခြေချသူများကိုသာ နိုင်ငံသားဖြစ်ခွင့်ပေးခြင်းသည် မွတ်ဆလင်များကို ခွဲခြားဆက်ဆံခြင်းဖြစ်သည်ဟုဆိုကာ မကျေနပ်သည့် အိန္ဒိယနိုင်ငံသားများက နိုင်ငံအဝမ်းတွင် ဆန္ဒပြပွဲများ ကျင်းပလျက်ရှိခြင်းဖြစ်သည်။
ဆန္ဒပြပွဲများသည် အချိန်ကြာလာသည်နှင့်အမျှ ပြင်းထန်လာလျက်ရှိရာ ဆန္ဒပြသူများနှင့်ရဲများကြား ထိပ်တိုက်တွေ့ပြီး ပဋိပက္ခဖြစ်မှုများကြောင့် သေဆုံးသူဦးရေမှာ အနည်းဆုံး ၂၁ ဦးအထိရှိပြီဖြစ်သည်။
အိန္ဒိယအစိုးရသည် သန်းခေါင်စာရင်းကောက်ရန် ရူပီး ၈၇.၅၄ ဘီလျံ(အမေရိကန်ဒေါ်လာ ၁.၂၃ ဘီလျံ) နှင့် နိုင်ငံတော် လူဦးရေမှတ်ပုံတင်စာရင်းကို အမှန်တကယ် မြေပြင်အချက်အလက်များနှင့် ကိုက်ညီအောင် မွမ်းမံမြှင့်တင်ရန် ရူပီး ၃၉.၄၁ ဘီလျံ ကိုခွင့်ပြုလိုက်ကြောင်း သတင်းအချက်အလက်နှင့် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာဝန်ကြီး ပရာကတ်ရှ်ဂျာဗာဒီကာ က သတင်းထောက်များကို ပြောကြားသည်။
အိန္ဒိယအစိုးရက ယခုကဲ့သို့ ဘက်ဂျက်ကိုအတည်ပြုလိုက်ခြင်းမှာ နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေသစ်အရ နိုင်ငံသားဖြစ်ခွင့်ရလာမည့် ရွှေ့ပြောင်းအခြေချသူများ၏ အချက်အလက်များကို မှတ်ပုံတင်စာရင်းရေးသွင်းရန်အတွက်ဖြစ်ပြီး ဆန္ဒပြကန့်ကွက်နေမှုများကို မျက်ကွယ်ပြုလိုက်ခြင်းဖြစ်မည်ကို ဆန္ဒပြသမားများက စိုးရိမ်ပူပန်လျက်ရှိသည်။
Related Post : အိန္ဒိယတွင် မွတ်ဆလင်ဆန့်ကျင်ရေးဥပဒေကြမ်းကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ အရှိန်မြင့်တက်