- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
တရုတ်တွင် ကလေးများကိုမျိုးဗီဇပြုပြင်သည့် သိပ္ပံပညာရှင် ထောင် ၃ နှစ်ကျ
ဟူကျင့်ခွေ ဟုအမည်ရသော အဆိုပါသိပ္ပံပညာရှင်အား အစိုးရ၏တားမြစ်မှုကိုချိုးဖောက်ပြီး လူသားသန္ဓေသားလောင်းများ အပေါ်တွင် စမ်းသပ်မှုများပြုလုပ်ခဲ့မှုဖြင့် တရုတ်အာဏာပိုင်များက ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။
30 Dec 2019

ကမ္ဘာ့ပထမဆုံး မျိုးဗီဇပြုပြင်ထားသည့် ကလေးများကို ဖန်တီးနိုင်ပြီဟု ကြေညာခဲ့သော တရုတ်သိပ္ပံပညာရှင်အား အာဏာပိုင်များက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။
ဟူကျင့်ခွေ ဟုအမည်ရသော အဆိုပါသိပ္ပံပညာရှင်အား အစိုးရ၏တားမြစ်မှုကိုချိုးဖောက်ပြီး လူသားသန္ဓေသားလောင်းများ အပေါ်တွင် စမ်းသပ်မှုများပြုလုပ်ခဲ့မှုဖြင့် တရုတ်အာဏာပိုင်များက ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။
ဟူကျင့်ခွေ သည် အမြွှာကလေးနှစ်ဦး၏ မျိုးဗီဇအား HIV ရောဂါပိုးကူးစက်နိုင်ခြင်းမရှိသော မျိုးဗီဇဖြစ်အောင် ပြုပြင်ဖန်တီးနိုင်ခဲ့ပြီဟု ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ကြေညာခဲ့ပြီး ၎င်း၏စမ်းသပ်မှုမှာ ကမ္ဘာတဝမ်းမှ ဝိုင်းဝန်းပြစ်တင်ရှုံ့ချမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
အမြွှာကလေးနှစ်ဦးအပြင် နောက်ထပ်ကလေးတစ်ဦးလည်း ထိုအချိန်၌ပင် မွေးဖွားခဲ့သေးကြောင်း ဆင်ဟွာသတင်းဌာနက ကြေညာခဲ့သည်။
မျိုးဗီဇပြုပြင်မှုစမ်းသပ်ခြင်းခံခဲ့ရပြီး မွေးဖွားလာသောကလေးများကို ဆေးပညာကြည့်ရှုလေ့လာမှုအောက်တွင် ထားရှိထားခဲ့ကြောင်း ဂွမ်ဒေါင်းခရိုင်အစိုးရက ပြောကြားသည်။
ဟူကျင့်ခွေသည် ထောင်ဒဏ်အပြင် ငွေဒဏ်အဖြစ် ယွမ် ၃ သန်းပေးဆောင်စေရန်လည်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။
ဟူနှင့်အတူ စမ်းသပ်မှုများတွင် ပူးပေါင်းပါဝင်ခဲ့သော အခြားအမျိုးသားနှစ်ဦးကိုမူ ဟူ လောက်မပြင်းထန်သော ပြစ်ဒဏ်များ တရားရုံးက ချမှတ်ခဲ့သည်။
ဟူနှင့် အပေါင်းအပါနှစ်ဦးသည် ပုဂ္ဂိုလ်ရေးကျော်ဇောမှုအတွက် ဆေးပညာကျင့်ဝတ်များကို ချိုးဖောက်ခဲ့သည်ဟု ရှန့်ကျန်းရှိတရားရုံးတစ်ရုံးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဟူကျင့်ခွေကမူ ၎င်း၏စမ်းသပ်မှုနှင့်ပတ်သက်ပြီး "ကျွနော့်ရဲ့ စမ်းသပ်မှုက အငြင်းပွားစရာဖြစ်လိမ့်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ မိသားစုတွေဟာ ဒီနည်းပညာကို လိုအပ်လာမှာဖြစ်ပြီး သူတို့ရဲ့အကျိုးအတွက် ကျနော့်အနေနဲ့ ဝေဖန်မှုတွေကို ခံယူသွားဖို့ဆန္ဒရှိပါတယ်" ဟု မျိုးဗီဇပြုပြင်ထားသည့် လူလာ နှင့် နာနာဟု အမည်ရသော အမွှာကလေးနှစ်ဦးကို မွေးဖွားနိုင်ခဲ့ကြောင်း ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ကြေညာစဉ်က ပြောကြားခဲ့သည်။
ထိုအကြောင်း ကြေညာသည့် ဗွီဒီယိုဖိုင်ထွက်ပေါ်လာပြီးနောက်တွင် တရုတ်နိုင်ငံအတွင်းမှရော ကမ္ဘာတဝမ်းလုံးမှပါ ဟူကျင့်ခွေကို ပြင်းပြင်းထန်ထန်ဝေဖန်ရှုံ့ချမှုများ အများအပြားပေါ်ထွက်လာခဲ့ပြီး တရုတ်အစိုးရက ဟူ၏စမ်းသပ် သုတေသနပြုမှုများကို ချက်ချင်းရပ်ဆိုင်းရန် အမိန့်ထုတ်ခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ၎င်းကိုစုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်ခဲ့သည်။
ဟူသည် ၎င်းတွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နိုင်သည့် ရှန်ကျန်း သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှလည်း အလုပ်ထုတ်ခံခဲ့ရသည်။