ဆီးရီးယားတွင်တိုက်ခိုက်ရန် သားဖြစ်သူအား စည်းရုံးခဲ့သော အမျိုးသမီးကို ဆွီဒင်အစိုးရ တရားစွဲ

သားဖြစ်သူကို ဆီးရီးယား၌ ကလေးစစ်သား အဖြစ် ပါဝင်တိုက်ခိုက်စေရန် အလို့ငှာ အကူအညီ ပေးသည် ဟူသည့် စွဲချက်ဖြင့် အသက် ၄၉ နှစ်ရှိသော ဆွီဒင်မှ အမျိုးသမီး တစ်ဦးအား စစ်ရာဇဝတ်မှုနှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုတို့ဖြင့် တရားစွဲဆိုထားသည်ဟု ဆွီဒင်အစိုးရရှေ့နေများက အင်္ဂါနေ့က ပြောကြားသည်။

By DMG 07 Jan 2022

ဓာတ်ပုံ - Wikipedia

သားဖြစ်သူကို ဆီးရီးယား၌ ကလေးစစ်သား အဖြစ် ပါဝင်တိုက်ခိုက်စေရန် အလို့ငှာ အကူအညီ ပေးသည် ဟူသည့် စွဲချက်ဖြင့် အသက် ၄၉ နှစ်ရှိသော ဆွီဒင်မှ အမျိုးသမီး တစ်ဦးအား စစ်ရာဇဝတ်မှုနှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုတို့ဖြင့် တရားစွဲဆိုထားသည်ဟု ဆွီဒင်အစိုးရရှေ့နေများက အင်္ဂါနေ့က ပြောကြားသည်။

တစ်ချိန်က အစ္စလာမ်မစ်အုပ်စု အုပ်ချုပ်သော ဆီးရီးယားပိုင်နက် အတွင်း၌ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ် သူမမိသားစု နေထိုင်ခဲ့စဉ် ကာလအတွင်းတွင် ၂၀၀၁ ခုနှစ်တွင် မွေးဖွားခဲ့သော သူမ၏ သားအား ကလေး စစ်သားအဖြစ် ပါဝင်တိုက်ခိုက်ရန်အတွက် ကူညီပေးသည်ဟု သံသယရှိမှုဖြင့် အဆိုပါ အမျိူးသမီးသည် ဆွီဒင်၌ စက်တင်ဘာလကတည်းက ထိန်းသိမ်းခံထားရသည်။

ဆွီဒင်၏ တရားစွဲဆိုပိုင်ခွင့် ရှိသော အာဏာပိုင်များက နိုင်ငံအနေဖြင့် ကလေးစစ်သားများ ဖြစ်လာစေရန် စည်းရုံးရာ၌ အားပေးကူညီခြင်းကြောင့် တစ်ဦး တစ်ယောက်တည်း အပေါ်တွင် စစ်ရာဇဝတ်မှု စွဲချက်တင်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်ဟု ကြေညာချက် တစ်ခုတွင် ပြောကြားသည်။

အသက် ၁၅ နှစ်အောက် ငယ်သော ကလေးများအား စစ်မက်ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခများ အကြားတွင်ဝင်ပါခွင့်ပြုခြင်းကို လုံးဝတားမြစ်ထားသည် ဟု အစိုးရရှေ့နေများက ပြောကြားသည်။

စုံစမ်းတွေ့ရှိရမှု တစ်ခုတွင်အဆိုပါကလေးသည် ဆီးရီးယားသို့ ရောက်ရှိခဲ့ချိန်တွင် ၁၂ နှစ်အရွယ်သာ ရှိခဲ့ပြီး စစ်တပ်သုံးကိရိယာများနှင့် လက်နက်များ ကိုင်ဆောင်ခဲ့ရသည့်အပြင် ၎င်းအား တိုက်ပွဲများတွင် ပါဝင်စေခဲ့ပြီး စစ်ပွဲ၏ တစ်စိတ်တစ်ဒေသဖြစ်ကြသော ဝါဒလှုံ့ဆော်ရေးဆိုင်ရာ ရည်ရွယ်ချက်များနှင့် အခြားသောမစ်ရှင် များတွင်လည်း ပါဝင်စေခဲ့သည် ဟု အစိုးရရှေ့နေ ရီနာဒေ့ဗ်ဂန်က ပြောကြားသည်။

သားဖြစ်သူအား စစ်ပွဲအတွင်းရှိ အကြမ်းဖက်အဖွဲ့ အစည်းတွင် ကလေးစစ်သားအဖြစ် ပါဝင်စေခြင်းမှာ ရက်စက်၍ လူမဆန်သော လုပ်ရပ်ဖြစ်ခြင်းကြောင့် အဆိုပါ အမျိုးသမီး၏ လုပ်ရပ်များသည် အစွန်းရောက်သောလုပ်ရပ်ဖြစ်သည် ဟုလည်း သူမကဆက်၍ ပြောကြားသည်။
အဆိုပါ အမျိုးသမီးကမူ တရားစွဲဆိုမှု အားလုံးကို ငြင်းဆိုထားသည်ဟု အစိုးရရှေ့နေများက ပြောကြားသည်။

အဆိုပါအမျိုးသမီးသည် ဆွီဒင်အနောက်ပိုင်းတွင် ကြီးပြင်းခဲ့ပြီး အစ္စလာမ်ဘာသာသို့ ဝင်ရောက်ခဲ့ကာ စစ်ဒဏ်ခံနေရသော ဆီးရီးယားသို့ ၎င်း၏ ကလေး ၅ ယောက်နှင့်အတူ ၂၀၁၃ ခုနှဏ်တွင် သွားရောက်ခဲ့သည်ဟု ဆွီဒင်ရှိ လူထု အသံလွှင့်ဌာန အက်စ်ဗွီတီ ၏ ဖော်ပြချက်အရ သိရသည်။

သူမ၏ ခင်ပွန်းမှာ ၂၀၁၃ ခုနှစ်တွင် ဆီးရီးယား၌သေဆုံးခဲ့ပြီး အသက် ၁၄ နှစ် အရွယ် သားတစ်ဦးနှင့် အသက် ၁၈ နှစ်အရွယ် သားတစ်ဦးမှာလည်း နောက်ပိုင်းတွင်အသတ်ခံခဲ့ရကြောင်း အက်စ်ဗွီတီက ဖော်ပြခဲ့သည်။

ဗီဒီယိုများ