ဂျပန်စစ်တပ်တွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာမှ လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှုများ ၁၀၀ ကျော် ထပ်မံပေါ်ပေါက်

အမျိုးသမီးစစ်မှုထမ်းဟောင်းတစ်ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး တာဝန်ရှိသူများကို အရေးယူခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါစုံစမ်းစစ်ဆေးမှုနှင့်အတူ နောက်ထပ် အမှုပေါင်း ၁၀၀ ကျော်လည်း ထပ်မံပေါ်ပေါက်ခဲ့သည်ဟု အရာရှိများ၏ ပြောကြားချက်များအရ သိရသည်။

By Admin 17 Dec 2022

ဂျပန်စစ်တပ်တွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာမှ လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှုများ ၁၀၀ ကျော် ထပ်မံပေါ်ပေါက်

ဓာတ်ပုံ - AFP

DMG | ဒီဇင်ဘာ ၁၇

အမျိုးသမီးစစ်မှုထမ်းဟောင်းတစ်ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး တာဝန်ရှိသူများကို အရေးယူခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါစုံစမ်းစစ်ဆေးမှုနှင့်အတူ နောက်ထပ် အမှုပေါင်း ၁၀၀ ကျော်လည်း ထပ်မံပေါ်ပေါက်ခဲ့သည်ဟု အရာရှိများ၏ ပြောကြားချက်များအရ သိရသည်။

အမျိုးသမီး စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သူ ရီနာဂိုနိုအိသည် သူမရင်ဆိုင်ခဲ့ရသည့် လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှုများနှင့် ပတ်သက်ပြီး ပြီးခဲ့သောနှစ်က ကာကွယ်ရေးဝန်ကြီးဌာနထံတို့ တင်ပြခဲ့သည်။ လုပ်ဖော်ကိုင်ဖက် အမျိုးသားအများအပြားထံတွင် သူမသည် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ကြုံခဲ့ရပြီး သူမကို အလုပ်ထွက်သည်အထိ ဖြစ်စေခဲ့သည်ဟု တင်ပြချက်တွင် ဖော်ပြထားသည်။

သူမ၏အမှုနှင့် ပတ်သက်၍ စစ်မှုထမ်းငါးဦးကို ရာထူးမှထုတ်ပယ်ခဲ့သည်။ ၎င်းတို့အနက် လေးဦးက သူမကို အောက်တိုဘာလအတွင်းက တောင်းပန်ခဲ့ကြသည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် နောက်ထပ်လေးဦးကိုလည်း အရေးယူမှုများ ပြုလုပ်ခဲ့သည်။ သေချာစွာစုံစမ်းစစ်ဆေးမှု မလုပ်ခဲ့သည့် ထိုစဉ်က ဂိုနိုအိတာဝန်ထမ်းဆောင်ခဲ့သည့်တပ်မှ တပ်ရင်းမှူးတစ်ဦးဖြစ်သူကို ခြောက်လတာ ရာထူးမှဆိုင်းငံ့ခဲ့ပြီး နှုတ်ဖြင့်စော်ကားမှုပြုလုပ်ခဲ့သူ တစ်ဦးကို ပြစ်တင်ရှုတ်ချခဲ့သလို နောက်ထပ်နှစ်ဦးကိုလည်း ဤဖြစ်စဉ်အား အလေးမထားခဲ့ခြင်းအတွက် ပြစ်တင်ခဲ့သည်။

ဂိုနိုအိဖြစ်ရပ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို ပြီးခဲ့သောမေလတွင် ရပ်တန့်ခဲ့သည်။ ဂိုနိုအိသည် စစ်တပ်မှ ထွက်ပြီးနောက်တွင် သူမ၏ ဖြစ်ရပ်များကို ဆိုရှယ်မီဒီယာပေါ်၌ ဖွင့်ချခဲ့သည်။

ထို့နောက် လူပေါင်း တစ်သိန်းကျော်၏ ထောက်ခံလက်မှတ်များ ကောက်ခံပြီး သူမ၏အမှုကို ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုချက်ကို သြဂုတ်လတွင် ကာကွယ်ရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ဂိုနိုအိရင်ဆိုင်ခဲ့ရသော ဖြစ်ရပ်များအနက် တစ်ခု၌ဆိုလျှင် အထက်အရာရှိ အမျိုးသားများသည် ၎င်းတို့၏ ခန္ဓာကိုအောက်ပိုင်းကို သူမခန္ဓာနှင့် ဖိကပ်ပြီး အရှက်ရအောင် ပြုလုပ်ခဲ့သလို အခြားအမျိုးသား ၁၀ ဦးခန့်သည်လည်း ၎င်းဖြစ်ရပ်ကို ကြည့်ရှုပြီး ရယ်မောနေခဲ့ကြသည်ဟု သူမကပြောကြားသည်။

ဗီဒီယိုများ