- တရားမဝင်ငါးဖမ်းနေမှုများကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းရန် မျှော်လင့်ကြောင်း AA ပြော
- တရုတ် လက်နက်ကိုင်ကြေးစားတပ်ဖွဲ့ဝင် ၂၇ ဦးကို Power China စက်ရုံတွင် အခြေချထား
- ညောင်ကျိုး ကျပြီးနောက် ကပစ စက်ရုံများတွင် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
- နောက်နှစ် အိဒ်ပွဲတော်ကို ရခိုင်ပြည်တွင် ကျင်းပရအောင် ကြိုးပမ်းပေးမည်ဟု မွတ်ဆလင်ဒုက္ခသည်များကို မိုဟာမက်ယူနွတ်ပြော
- ULA ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ဖိတ်ခေါ်
ဆွီဒင်နိုင်ငံရှိ ပညာရေးစင်တာ တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၁၀ ဦးထက်မနည်း သေဆုံး
ဆွီဒင်နိုင်ငံတွင် ပညာရေးစင်တာတစ်ခု၌ အင်္ဂါနေ့က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဖြစ်ပွားခဲ့သည့်အတွက် သေနတ်သမား အပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးသွားကြောင်း အေပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
05 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၅
ဆွီဒင်နိုင်ငံတွင် ပညာရေးစင်တာတစ်ခု၌ အင်္ဂါနေ့က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဖြစ်ပွားခဲ့သည့်အတွက် သေနတ်သမား အပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးသွားကြောင်း အေပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သော အရွယ်ရောက်ပြီးသူများ တက်ရောက်ရာ ပညာရေးစင်တာရှိသည့် အိုရီဘရိုမြို့သည် စတော့ဟုမ်းမြို့၏အနောက်ဘက် ကီလိုမီတာ ၂၀၀ (၁၂၅ မိုင်) အကွာတွင် တည်ရှိသည်။
သို့သော် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် နာရီပိုင်း ကြာမြင့်သည်အထိ နောက်ဆုံးရ လူသေဆုံးမှုစာရင်း၊ ဒဏ်ရာရရှိသူအရေအတွက်နှင့် ဖြစ်စဉ်အကြောင်းရင်းကို အတိအကျ အတည်ပြု မသတ်မှတ် နိုင်သေးကြောင်း AP က ရေးသားထားသည်။
Campus Risbergska ဟု အမည်ခေါ်တွင်သော အဆိုပါစာသင်ကျောင်းသည် အသက် ၂၀ အရွယ်အထက် ကျောင်းသားများကို ဝန်ဆောင်မှုပေးနေသောနေရာဖြစ်ကြောင်း ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ယခု စာသင်ကျောင်းတွင် မူလတန်းနှင့် အထက်တန်းကျောင်း သင်တန်းများ အပါအဝင် ရွှေ့ပြောင်း နေထိုင်သူများအတွက် ဆွီဒင်အတန်းပညာများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် ဉာဏ်ရည် မသန်စွမ်းသူများအတွက် ပရိုဂရမ်များကို သင်ကြားပေးလျက်ရှိသည်။
“ဒါဟာ ဆွီဒင်နိုင်ငံရဲ့သမိုင်းမှာ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် ပစ်ခတ်မှုပါပဲ။ အဖြေမပေးနိုင်တဲ့ မေးခွန်းများစွာ ရှိနေဆဲပါပဲ။ … နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေရှိခဲ့တယ်ဆိုတာကို ကျွန်တော်တို့သိခွင့်ရတဲ့အချိန် ရောက်လာပါလိမ့်မယ်။ အခုအချိန်မှာတော့ ထင်ကြေးတွေ လျှောက်မပေးကြပါနဲ့”ဟု ဝန်ကြီးချုပ် အာ့ဖ် ခရစ္စတားစ်ဆင် က ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားရာနေရာတွင် ပျက်စီးထိခိုက်မှုများမှာ လွန်စွာကြီးမားကျယ်ပြန့်သောကြောင့် စုံစမ်းရေးမှူးများသည် သေဆုံးသူအရေအတွက်နှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းစွာ မသိနိုင်သေးကြောင်း ဒေသခံ ရဲတပ်ဖွဲ့အကြီးအကဲ ရောဘတ်တိုအိဒ်ဖောရက်စ် က ပြောကြားခဲ့သည်။
သေဆုံးသူအရေအတွက်သည် ထပ်တိုးလာဖွယ်ရှိနေကေကြာင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။ အသက်သေဆုံးသွားခဲ့သူများအနက် သေနတ်သမားလည်း ပါဝင်သွားကြောင်း ဒေသခံ ရဲတပ်ဖွဲ့အကြီးအကဲ ရောဘတ်တို အိဒ် ဖောရက်စ်က သတင်းထောက်များကို ပြောကြားသည်။
ပြစ်မှုကျူးလွန်သူသည် ယခုပြစ်မှုကို တစ်ဦးတည်း ကျူးလွန်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ယုံကြည်ထားပြီး ၎င်းကို ယခင်က ရဲတပ်ဖွဲ့ဘက်က မသိရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။