- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
အစိုးရရုံးဌာနနှင့် အီးမေးလ်များ ဟက်ခံရမှု နောက်ကွယ်တွင် တရုတ်ပါဝင်နေကြောင်း ထိုင်ဝမ်ပြောကြား
တရုတ်အစိုးရနှင့် ဆက်စပ်နေသည့် ဟက်ကာအုပ်စုများသည် ထိုင်ဝမ်အစိုးရအရာရှိများ အသုံးပြုနေသော အီးမေးလ်အကောင့် ၆၀၀၀ ခန့် အပါအဝင် ရုံးဌာန ၁၀ ခုထက်မနည်းကို ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြကြောင်း ထိုင်ဝမ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
19 Aug 2020

တရုတ်အစိုးရနှင့် ဆက်စပ်နေသည့် ဟက်ကာအုပ်စုများသည် ထိုင်ဝမ်အစိုးရအရာရှိများ အသုံးပြုနေသော အီးမေးလ်အကောင့် ၆၀၀၀ ခန့် အပါအဝင် ရုံးဌာန ၁၀ ခုထက်မနည်းကို ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြကြောင်း ထိုင်ဝမ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
“တရုတ်ဟက်ကာအုပ်စုတွေဟာ ထိုင်ဝမ်အစိုးရရဲ့ ရုံးဌာနတွေနဲ့ သတင်းအချက်အလက် Service Providers တွေကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတာ တော်တော်ကြာပါပြီ။” ဟု ထိုင်ဝမ် ဆိုက်ဘာလုံခြုံရေး စုံစမ်းစစ်ဆေးရေးရုံး၏ လက်ထောက်ညွှန်ကြားရေးမှူး လူချီကျန် က ပြောကြားသည်။
“အစိုးရရဲ့ အချက်အလက်တချို့ ပေါက်ကြားသွားတာမျိုး ရှိနိုင်ပါတယ်။ ဒီကိစ္စက တော်တော် အန္တရာယ်ကြီးတယ်။” ဟု လူက သတင်းထောက်များအား ပြောကြားသည်။
ယခုတိုက်ခိုက်မှုများသည် ၂၀၁၈ ခုနှစ် အစောပိုင်းတည်းက စတင်ခဲ့ခြင်းဖြစ်ကာ အစိုးရ ရုံးဌာန ၁၀ ခုခန့်၊ အရာရှိများ၏ အီးမေးလ်အကောင့် ၆၀၀၀ ခန့် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသည်။ ဟက်ကာများသည် ၎င်းတို့ ဝင်ရောက်ဖောက်ထွင်းရာ လမ်းကြောင်းကို ဖုံးကွယ်ထားသဖြင့် အခိုးခံရသည့် ဒေသများကို မဖော်ထုတ်နိုင်သေးကြောင်း အစိုးရက ပြောကြားသည်။
တရုတ်ဟက်ကာ အုပ်စုနှစ်ခု၏ တိုက်ခိုက်မှုကို ခံခဲ့ရသူများတွင် ထိုင်ဝမ်အစိုးရအတွက် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီနှစ်ခုလည်း ပါဝင်နေကြောင်း အစိုးရက ပြောကြားသည်။
တရုတ်အစိုးရ၏ ထိုင်ဝမ်ရေးရာ ရုံးခွဲကမူ ယခုစွပ်စွဲချက်နှင့် ပတ်သက်ပြီး တုန့်ပြန်ပြောကြားမှု တစ်စုံတစ်ရာ မရှိသေးပေ။ တရုတ်အစိုးရသည် ဆိုက်ဘာတိုက်ခိုက်မှု စွပ်စွဲချက်များနှင့် ပတ်သက်၍ အမြဲငြင်းဆန်လေ့ရှိပြီး တိုက်ခိုက်မှု ပြုလုပ်သူများအား ပြစ်ဒဏ်ပေးကြောင်း ပြောဆိုလေ့ရှိသည်။
ဆိုက်ဘာတိုက်ခိုက်ခံရမှု သတင်းသည် ထိုင်ဝမ်ကျွန်းဆွယ်နှင့် တရုတ်ပြည်မအစိုးရအကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
တရုတ်သည် ထိုင်ဝမ်ကျွန်းဆွယ်အား ၎င်းတို့ပိုင်နယ်မြေဟု သတ်မှတ်ထားသလို ထိုင်ဝမ်အနီးတွင်လည်း စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။