- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
ထိုင်ဝမ်တွင် ပြည်တွင်း အိုမီခရွန်ကူးစက်မှု မြင့်တက်လာသဖြင့် သတိပေးချက်ထုတ်ပြန်
ထိုင်ဝမ်တွင် ပြည်တွင်း အိုမီခရွန်ကူးစက်မှုများ မြင့်တက်လာသဖြင့် အာဏာပိုင်များက တင်းကြပ်သော ထိန်းချုပ်မှုများ စနေနေ့တွင် ထုတ်ပြန်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
23 Jan 2022

ထိုင်ဝမ်တွင် ပြည်တွင်း အိုမီခရွန်ကူးစက်မှုများ မြင့်တက်လာသဖြင့် အာဏာပိုင်များက တင်းကြပ်သော ထိန်းချုပ်မှုများ စနေနေ့တွင် ထုတ်ပြန်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပြည်တွင်းကူးစက်မှု လုံးဝနီးပါး မရှိဘဲ လနှင့်ချီကြာမြင့်ခဲ့ပြီးနောက် ထိုင်ဝမ်တွင် ယခုလအစောပိုင်းမှစတင်၍ ကိုဗစ်ကူးစက်မှုများ မြင့်တက်လာခဲ့ပြီး ကူးစက်မှုအားလုံးနီးပါးမှာ အိုမီခရွန်မျိုးကွဲဖြစ်သည်။
ကူးစက်ခံသူအများစုမှာ တောက်ယွန်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အလုပ်သမားများနှင့် ဆက်စပ်လျက်ရှိသည်။
ယခုထုတ်ပြန်လိုက်သော စည်းကမ်းများ၌ အများပြည်သူပို့ဆောင်ရေး နေရာများတွင် စားသောက်ခြင်း၊ ဘုရားကျောင်း တက်ရောက်သူအရေအတွက် ကန့်သတ်ခြင်းတို့ ပါဝင်သည်။
ထိုင်ဝမ်တွင် အစောပိုင်း၌ ကူးစက်မှုများရှိနေသော်လည်း အရေအတွက်အားဖြင့် အနည်းစုသာဖြစ်ခဲ့သည်။ သို့သော် သောကြာနေ့ညပိုင်းက အာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင် လေဆိပ်အနီးရှိ စက်ရုံတစ်ရုံမှ အလုပ်သမား တစ်ထောင်ကို စစ်ဆေးခဲ့ရာ ကူးစက်မှုအသစ် ၆၀ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
“ဒီကူးစက်မှုကို မထိန်းချုပ်နိုင်ခဲ့ရင် ကျန်းမာရေးစနစ်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ရပ် ဖြစ်လာပါလိမ့်မယ်” ဟု ဝန်ကြီးချုပ် ဆုဆန်းရှန်က ပြောကြားသည်။
ထိုင်ဝမ်သည် နယ်စပ်ကန့်သတ်ချက်၊ တင်းကြပ်သောစစ်ဆေးမှုနှင့် ကိုဗစ်လူနာအား ခြေရာခံစစ်ဆေးမှုကို အထူးအလေးပေး ဆောင်ရွက်ပြီး ကိုဗစ်ထိန်းချုပ်ရေးကို အောင်မြင်စွာ လုပ်ဆောင်ထားသည်။
ထိုင်ဝမ်လူထု၏ ရ၀ ရာခိုင်နှုန်းကျော်သည် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံထားပြီးဖြစ်ကာ ထပ်ဆောင်းအားဖြည်ဆေးကို ထိုးနှံထားသူ ၁၅ ရာခိုင်နှုန်းခန့်ရှိသည်။