- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
ထရမ့်က စစ်အင်အားသုံးမည်ဟု ခြိမ်းခြောက်သော်လည်း အမေရိကန်မြို့ကြီးများတွင် အကြမ်းဖက်မှုများ မြင့်တက်
လိုအပ်ပါက စစ်အင်အားကို အသုံးပြုမည်ဟု သမ္မတထရမ့်က ခြိမ်းခြောက်ထားသော်လည်း အမေရိကန်နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် ဆူပူအကြမ်းဖက်မှုများ၊ မငြိမ်သက်မှုများ ရှိနေသည်မှာ ခုနစ်ရက်အထိ ရှိလာပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
03 Jun 2020

လိုအပ်ပါက စစ်အင်အားကို အသုံးပြုမည်ဟု သမ္မတထရမ့်က ခြိမ်းခြောက်ထားသော်လည်း အမေရိကန်နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် ဆူပူအကြမ်းဖက်မှုများ၊ မငြိမ်သက်မှုများ ရှိနေသည်မှာ ခုနစ်ရက်အထိ ရှိလာပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တနင်္လာနေညပိုင်းက နယူယောက်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေကြရာမှ ရော့ဖဲလားစင်တာအနီးရှိ ဆိုင်ခန်းများအား ဝင်ရောက်ဖျက်ဆီးမှုများ၊ လုယက်မှုများ ဖြစ်ပွားခဲ့သည်။
ဘာဖဲလိုးမြို့တွင်လည်း ဆန္ဒဖော်ထုတ်မှုတစ်ခုတွင် လုံခြုံရေးဆောင်ရွက်နေသည့် ရဲဝန်ထမ်းများအား ယာဉ်တစ်စီးဖြင့် ဝင်တိုက်မှုကြောင့် အနည်းဆုံး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ဖီလာဒဲဖီးယားနှင့် အတ္တလန်တာတို့တွင်လည်း ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး အတ္တလန်တာတွင် ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့သည်။ နက်ရှ်ဗီလီတွင်မူ ငြိမ်းချမ်းစွာဆန္ဒပြသူများ၏ တောင်းဆိုမှုကြောင့် အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင် ၆၀ ကျော်ခန့်သည် အဓိကရုဏ်နှိမ်နင်းရေး ဒိုင်းကာများကို အသုံးမပြုခဲ့ကြပေ။
ပြည်နယ်များတွင် အစောင့်တပ်ဖွဲ့ဝင်များကို လုံလောက်စွာအသုံးပြုပြီး လုံခြုံရေးမဆောင်ရွက်ပါက အမေရိကန်စစ်တပ်က ဝင်ရောက်ဖြေရှင်းမည်ဟု သမ္မတထရမ့်က ဇွန်လ ၁ ရက်နေ့တွင် ပြောကြားထားသည်။
သမ္မတအိမ်ဖြူတော် နှင်းဆီဥယျာဉ်၌ သမ္မတထရမ့် ပြောကြားနေစဉ်အတွင်း ပေါက်ကွဲသံများ ကြားနေရကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
မီနီယာပိုလစ်တွင် လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက်သေဆုံးခဲ့ရပြီး နောက်ဆက်တွဲ အဓိကရုဏ်းများကြောင့် လက်ရှိအချိန်အထိ နိုင်ငံတစ်ဝန်းတွင် သေဆုံးသူစုစုပေါင်း ၉ ဦးရှိနေပြီဖြစ်သည်။ ခိုးမှု၊ လမ်းပိတ်ဆို့မှု၊ တားမြစ်မိန့်များကို ဖောက်ဖျက်မှုစသည်တို့ကြောင့် ဖမ်းဆီးခံရသူစုစုပေါင်း ၅၆၀၀ ဝန်းကျင် ရှိနေပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။