- ကမ္ဘောဒီးယားမှာ လူငယ်များ စစ်မှုမထမ်းမနေရ ဥပဒေ လာမည့်နှစ် စတင်အကောင်အထည်ဖော်မည်
- စစ်ကောင်စီ တန်ပြန်ထိုးစစ်လုပ်လာနိုင်တာ ဘာကြောင့်လဲ
- ဘစ်ကွိုင်တန်ဖိုး ကန်ဒေါ်လာ ၁၂၀,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်
- စစ်တွေမြို့တွင် ငတ်မွတ်မှုဒဏ်ကို မခံနိုင်၍ ဒေသခံအချို့ အဆုံးစီရင်မှု ရှိလာ
- အိန္ဒိယစစ်တပ်က မြန်မာဘက်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ခေါင်းဆောင်သုံးဦး သေဆုံးဟု အာသံလွတ်မြောက်ရေးတပ် ပြောကြား
အမေရိကန်မှာ စူပါမားကတ်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားပြီး သေဆုံးသူများရှိ
By Admin 23 Nov 2022

ဓာတ်ပုံ - AP
DMG |နိုဝင်ဘာ ၂၃
အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်ရှိ Walmart ဈေးဝယ်စင်တာတစ်ခုတွင် အင်္ဂါနေ့ညဉ့်က ပစ်ခတ်မှု တစ်ခုဖြစ်ပွားပြီး သေဆုံးသူ အများအပြားရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြချက်အရ သိရသည်။
သေဆုံးသူ အရေအတွက်ကို အတိအကျ မသိရသေးသော်လည်း ၁၀ ဦး ဝန်းကျင်ခန့် ဖြစ်နိုင်သည်ဟု သတင်းတွင် ဖော်ပြထားသည်။
ပစ်ခတ်သူသည်လည်း သေဆုံးသွားကြောင်း သတင်းတွင် ဖော်ပြထားသည်။
ရဲများရောက်ရှိလာချိန်၌ ပစ်ခတ်သံများ တိတ်ဆိတ်သွားပြီဖြစ်သော်လည်း သေနတ်သမားသည် ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်သွားခြင်း သို့မဟုတ် ရဲများပစ်ခတ်မှုကြောင့် သေဆုံးသွားခြင်း ဆိုသည်ကို သေချာမသိကြောင်း ဖြစ်စဉ်အနီးတစ်ဝိုက်ရှိ မျက်မြင်များက ပြောကြားသည်။
လွန်ခဲ့သည့် သုံးရက်က ကော်လိုရာဒိုပြည်နယ်ရှိ ဂေးကလပ်တစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ ၅ ဦးသေဆုံးပြီး ၁၇ ဦးအထိ ဒဏ်ရာရရှိခဲ့သည်။
၂၀၁၉ ခုနှစ်ကလည်း အယ်လ်ပါဆိုရှိ Walmart ဈေးဝယ်စင်တာတစ်ခုတွင် သေနတ်သမားတစ်ဦးက မက္ကစီကန်လူမျိုးများကို ပစ်မှတ်ထား ပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် လူ ၂၂ ဦး သေဆုံးခဲ့သည်။
မြန်မာ့ရေးရာ

မြန်မာ့ရွေးကောက်ပွဲ နံပါတ်တစ် ဦးစားပေးရမည့်အရာ မဟုတ်ဟု အာဆီယံ ပြော
By Admin 11 Jul 2025

ဘင်္ဂလားဒေ့ရှ်နေ ရခိုင်လူမျိုးများ၏ သုဿာန်မြေများ ကျူးကျော်ခံရပြီး ကျဉ်းမြောင်းလာနေ
By Admin 11 Jul 2025

ဗန်းမော်ထိုးစစ် မရပ်လျှင် မြေရှားသတ္တု မဝယ်ဘဲထားမည်ဟု KIA ကို တရုတ်ခြိမ်းခြောက်
By Admin 08 Jul 2025

ချင်းပြည်နယ်မှ တိုက်ပွဲများကြောင့် အိန္ဒိယဘက်သို့ တိမ်းရှောင်သူ ၄၀၀၀ ခန့်ရှိ
By Admin 08 Jul 2025
ထိပ်တန်း သတင်းများ
-
စစ်ကောင်စီ တန်ပြန်ထိုးစစ်လုပ်လာနိုင်တာ ဘာကြောင့်လဲ
-
စစ်တွေမြို့တွင် ငတ်မွတ်မှုဒဏ်ကို မခံနိုင်၍ ဒေသခံအချို့ အဆုံးစီရင်မှု ရှိလာ
-
ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
-
ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
-
မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
-
မိုးတွင်းကာလ ရခိုင်စစ်ရှောင်များ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရ
ဆောင်းပါး
အင်တာဗျူး

"ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
By Admin 12 Jul 2025