- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
အမေရိကန်ဖျက်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ခုတ်မောင်း
ပဲ့ထိန်းဒုံးတပ် အမေရိကန်ဖျက်သင်္ဘော USS Barry သည် ထိုင်ဝမ်ရေလက်ကြားကို အောက်တိုဘာလ ၁၄ ရက်နေ့က ဖြတ်ကျော်ခဲ့ကြောင်း အမေရိကန် ပစိဖိတ်ရေတပ်၏ ကြေညာချက်အရ သိရသည်။
16 Oct 2020

ပဲ့ထိန်းဒုံးတပ် အမေရိကန်ဖျက်သင်္ဘော USS Barry သည် ထိုင်ဝမ်ရေလက်ကြားကို အောက်တိုဘာလ ၁၄ ရက်နေ့က ဖြတ်ကျော်ခဲ့ကြောင်း အမေရိကန် ပစိဖိတ်ရေတပ်၏ ကြေညာချက်အရ သိရသည်။
ယခုခရီးစဉ်သည် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသ အဖြစ်ဖော်ဆောင်ရေးအတွက် အမေရိကန်၏ သဘောထားကို ပြသခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ယခုလုပ်ရပ်အား အမေရိကန်က လုပ်ရိုးလုပ်စဉ်သာ ဖြစ်သည်ဟု ဆိုသော်လည်း ထိုင်ဝမ်ကျွန်းဆွယ်နှင့် ပတ်ဝန်းကျင်ပင်လယ်ပြင်ကို မိမိတို့ပိုင်ဆိုင်သည်ဟု ယူထဆားသည့် တရုတ်အတွက်မူ အမျက်ဒေါသထွက်ဖွယ် အပြုအမူတစ်ရပ် ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြသည်။
တရုတ် စစ်တပ်က မိမိတို့သည် USS Barry အား ရေပြင်မှသာမက လေပြင်မှပါ အစအဆုံး ခြေရာခံလိုက်ခဲ့ကြောင်း ဒေါသတကြီး တုန့်ပြန်ပြောကြားခဲ့သည်။
“ထိုင်ဝမ်ရေလက်ကြားမှာ ပြဿနာတက်အောင် ရန်ဆွနေတဲ့ အမေရိကန်ရဲ့ ပြောဆိုဆောင်ရွက်ချက်တွေကို ရပ်တန့်ဖို့ သတိပေးလိုတယ်။” ဟု တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ကျန်းရှင်ဟွာက ပြောကြားသည်။
အမေရိကန်ရေတပ်၏ ထုတ်ပြန်ချက်တွင်မူ မိမိတို့သည် နိုင်ငံတကာ ဥပဒေအရ ခွင့်ပြုချက်ရှိသည့် မည်သည့်နေရာတွင်မဆို ဖြတ်သန်းသွားလာမည်ဟုလည်း ဖော်ပြသည်။
အမေရိကန်သည် တရုတ်နှင့် ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရန်အတွက် ၁၉၇၉ တွင် တိုင်ပေနှင့် သံတမန်ဆက်ဆံရေးကို ရပ်ဆိုင်းခဲ့သည်။ သို့သော်လည်း ထိုင်ဝမ်၏ အင်အားအကောင်းဆုံး မဟာမိတ်နှင့် အဓိက လက်နက်ထောက်ပံ့သူအဖြစ် လက်ရှိအချိန်အထိ ရှိနေဆဲဖြစ်သည်။
တရုတ်အစိုးရသည် ထိုင်ဝမ်ရေလက်ကြားအတွင်း နိုင်ငံခြားသင်္ဘောများ ကျော်ဖြတ်ခြင်းအား တရုတ်၏ အချုပ်အခြာအာဏာကို ထိပါးမှုအဖြစ် ယူဆလေ့ရှိသည်။
အမေရိကန်အပါအဝင် နိုင်ငံအများအပြားကမူ အဆိုပါရေလမ်းကြောင်းသည် နိုင်ငံတကာရေပိုင်နက်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရှုမြင်ကာ လွတ်လပ်စွာ သွားလာနိုင်သည်ဟု သဘောထားရှိသည်။