- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
မြစ်ရေကို သူများပြည်နယ်အတွက် ခွဲမပေးရေး အိန္ဒိယလယ်သမားများ ဆန္ဒပြ
အိန္ဒိယနိုင်ငံ ကာနာတာကာပြည်နယ်တွင် အိမ်နီးချင်းပြည်နယ် တမီးနာဒူးအတွက် မြစ်ရေမျှဝေပေးရေး အစီအစဉ်ကို မကျေနပ်သည့် လယ်သမားထောင်ပေါင်းများစွာသည် စက်တင်ဘာလ ၂၉ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
30 Sep 2023
အိန္ဒိယနိုင်ငံ ကာနာတာကာပြည်နယ်တွင် အိမ်နီးချင်းပြည်နယ် တမီးနာဒူးအတွက် မြစ်ရေမျှဝေပေးရေး အစီအစဉ်ကို မကျေနပ်သည့် လယ်သမားထောင်ပေါင်းများစွာသည် စက်တင်ဘာလ ၂၉ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကာတာနာကာပြည်နယ် ဘန်ဂါလာရူးမြို့တွင် သမဂ္ဂအဖွဲ့ဝင်များနှင့် အလုပ်သမားအရေအတွက် ထောင်ပေါင်းများစွာက ဆန္ဒပြရန် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် ပြည်နယ်ရဲတပ်ဖွဲ့က စာသင်ကျောင်းများနှင့် အများပြည်သူနေရာများကို ပိတ်ထားကြရန် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
“ကိုယ့်လယ်ကွင်းတွေ မွဲခြောက်နေချိန်မှာ ကိုယ့်ဆီကမြစ်ရေကို သူများပြည်နယ်ဆီ ဝင်သွားဖို့ ခွင့်မပြုနိုင်ဘူး” ဟု ကာနာတာကာ လယ်သမားသမဂ္ဂ ခေါင်းဆောင် တီရာမာနုဂျန်က ပြောသည်။
ယခုဆန္ဒပြပွဲများကြောင့် ဘန်ဂါလာရူးရှိ နိုင်ငံစုံ ကုမ္ပဏီကြီးများသည်လည်း ၎င်းတို့၏ ဝန်ထမ်းများကို နေအိမ်မှသာ အလုပ်လုပ်ကြရန် ညွှန်ကြားထားသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ကာအူဘယ်ရီ (Cauvery) မြစ်သည် ကာနာတာကာပြည်နယ် တာလာကာဗယ်ရီဒေသတွင် မြစ်ဖျားခံပြီး တမီးနာဒူးပြည်နယ်မှ ဖြတ်သန်းကာ ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဝင်သည်။ ကာနာတာကာနှင့် တမီးနာဒူး ပြည်နယ်နှစ်ခုသည် အဆိုပါမြစ်ရေ ခွဲဝေမှုနှင့် ပတ်သက်ပြီး တရားစွဲဆိုမှုများဖြင့် အငြင်းပွားနေကြသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
ယခုလအတွင်း တမီးနာဒူးပြည်နယ်အတွက် ကာနာတာကာပြည်နယ်မှ ရေပမာဏ ၅၀၀၀ Cusec (၅၀၀၀ ကုဗပေ) ကို ၁၅ ရက်အတွင်း ခွဲဝေပေးရန် တရားရုံးက ဆုံးဖြတ်ခဲ့သည့်အပေါ် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။