လက်နက် ၁၁ တန်တင်ဆောင်လာသည့် လေယာဉ် ဂရိတွင်ပျက်ကျပြီး လိုက်ပါလာသူအားလုံး သေဆုံး

လက်နက် ၁၁ တန်ခန့် သယ်ဆောင်လာသည့် ယူကရိန်းပိုင် လေယာဉ်တစ်စီးသည် ဇူလိုင်လ  ၁၆ ရက်နေ့ညဉ့်က ဂရိနိုင်ငံ ကာဗာလာမြို့အနီးတွင် ပျက်ကျခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ ၈ ဦးလုံးလည်း သေဆုံးသွားကြောင်း သတင်းတွင် ဖော်ပြသည်။

19 Jul 2022

ဓာတ်ပုံ - Reuters

DMG ၊ ဇူလိုင် ၁၉

လက်နက် ၁၁ တန်ခန့် သယ်ဆောင်လာသည့် ယူကရိန်းပိုင် လေယာဉ်တစ်စီးသည် ဇူလိုင်လ  ၁၆ ရက်နေ့ညဉ့်က ဂရိနိုင်ငံ ကာဗာလာမြို့အနီးတွင် ပျက်ကျခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ ၈ ဦးလုံးလည်း သေဆုံးသွားကြောင်း သတင်းတွင် ဖော်ပြသည်။

ပျက်ကျသွားသည့် ကုန်တင်လေယာဉ်သည် ယူကရိန်းလေကြောင်းလိုင်းမှဖြစ်ကာ မိုင်းများ၊ လက်နက်များ ၁၁ တန်ခန့် သယ်ဆောင်လာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားစဉ် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆာဘီးယား ကာကွယ်ရေးဝန်ကြီးက ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြောကြားသည်။

မျက်မြင်သက်သေများ ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားကြသည့် ဗီဒီယိုဖိုင်များ၌ လေယာဉ်ပျက်ကျသွားချိန်တွင် ဧရာမမီးလုံးကြီး ပေါ်ထွက်လာသည်ကို တွေ့ရသည်။

“ကျွန်တော်တို့ရရှိထားတဲ့ အချက်အလက်တွေအရ လိုက်ပါသွားသူ ဝန်ထမ်း ၈ ဦးလုံး လေယာဉ်ပျက်ကျရာမှာ သေဆုံးသွားတယ်လို့ သိရပါတယ်” ဟု ဝန်ကြီး နီဘော့ဆာစတီဖင်နိုဗစ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ပြောကြားသည်။

အဆိုပါလေယာဉ်သည် ဆာဘီးယားနိုင်ငံ နစ်လေယာဉ်ကွင်းမှ ဇူလိုင် ၁၆ ရက်နေ့ ညနေ ၈ နာရီ ၄၀ မိနစ်ခန့်တွင် ထွက်ခွာသွားခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် ဆာဘီးယား ပုဂ္ဂလိကကုမ္ပဏီ ဗလဲယားပိုင်ဆိုင်သည့် လက်နက်များ သယ်ဆောင်သွားသည်ဟု စတင်ဖင်နိုဗစ်က ပြောသည်။

အဆိုပါလက်နက်များသည် ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဝန်ကြီးဌာနသို့ ရောင်းချရန် သယ်ဆောင်လာခြင်းဖြစ်ကာ နိုင်ငံတကာ စည်းမျှဉ်းစည်းကမ်းများနှင့်အညီ ပေးပို့ခြင်းဟု ဆာဘီးယားကာကွယ်ရေးဝန်ကြီးက ပြောသည်။

ဗီဒီယိုများ