- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ယူကရိန်းတပ်ဖွဲ့ဝင် တစ်သောင်းခွဲကို ဥရောပသမဂ္ဂက စစ်သင်တန်းပေးမည်
ဥရောပသမဂ္ဂ (အီးယူ) သည် ယူကရိန်းအား ထောက်ပံ့ရေး ခြေလှမ်းသစ်တစ်ရပ်အဖြစ် ယူကရိန်း တပ်ဖွဲ့ဝင် ၁၅၀၀၀ ကို စစ်သင်တန်းပေးမည်ဖြစ်ကာ ယူရိုငွေ သန်းငါးရာဖိုး လက်နက်များလည်း ထောက်ပံ့သွားရန် စီစဉ်လျက်ရှိကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
18 Oct 2022

ဓာတ်ပုံ - Reuters
DMG ၊ အောက်တိုဘာ ၁၈
ဥရောပသမဂ္ဂ (အီးယူ) သည် ယူကရိန်းအား ထောက်ပံ့ရေး ခြေလှမ်းသစ်တစ်ရပ်အဖြစ် ယူကရိန်း တပ်ဖွဲ့ဝင် ၁၅၀၀၀ ကို စစ်သင်တန်းပေးမည်ဖြစ်ကာ ယူရိုငွေ သန်းငါးရာဖိုး လက်နက်များလည်း ထောက်ပံ့သွားရန် စီစဉ်လျက်ရှိကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုဆုံးဖြတ်ချက်အား လူဇင်ဘက်တွင် ကျင်းပသည့် အစည်းအဝေး၌ အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများ လက်မှတ်ရေးထိုး အတည်ပြုမည်ဟု မျှော်လင့်ရသည်။
ရုရှားက အီရန်ဒရုန်းများအသုံးပြုကာ တိုက်ခိုက်နေခြင်းအား မည်ကဲ့သို့ တုံ့ပြန်သွားမည်ကိုလည်း အီးယူနိုင်ငံများအကြား ဆွေးနွေးရန်ရှိနေသည်။
“ရုရှားဟာ ဒီစစ်ပွဲမှာ နိုင်ငံရေးသိက္ခာပိုင်းတင်မက စစ်ရေးပိုင်းမှာကိုက ရှုံးနိမ့်နေတာဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ဟာ ယူကရိန်းကို ဆက်လက်ပံ့ပိုးပေးသွားဖို့ လိုအပ်ပါတယ်” ဟု အီးယူ နိုင်ငံခြားရေး မူဝါဒအကြီးအကဲ ဂျိုးဆက်ဘောရဲက ပြောကြားသည်။
ယခုအစီအစဉ်အရ အီးယူသည် ယူကရိန်းတပ်သား ၁၂၀၀၀ ကို အခြေခံစစ်သင်တန်းပေးမည်ဖြစ်ကာ နောက်ထပ်တပ်သား ၂၈၀၀ ကို အထူးသင်တန်း လေ့ကျင့်ပေးမည်ဖြစ်သည်။
ဂျာမနီနှင့် ပြင်သစ်တို့အပါအဝင် အီးယူနိုင်ငံ အများအပြားသည် ယူကရိန်းစစ်တပ်အား ပံ့ပိုးပေးထားသည့် ခေတ်မီလက်နက်ကြီးစနစ်များ၊ ဒုံးကျည်ပစ်လွှတ်မှုများနှင့် လေကြောင်းရန်ကာကွယ်ရေး စနစ်များကို အသုံးပြုတတ်အောင် သင်ပေးနေကြပြီဖြစ်သည်။
အမေရိကန်၊ ကနေဒါနှင့် ဗြိတိန်နိုင်ငံတို့သည်လည်း ယူကရိန်းတပ်သား ထောင်ပေါင်းများစွာအား စစ်သင်တန်းများ ပေးထားပြီးဖြစ်သည်။
ရုရှားကျူးကျော်စစ် ၈ လနီးပါး ကြာမြင့်လာချိန်၌ ယူကရိန်းတပ်ဖွဲ့ဝင်များသည် တိုက်ပွဲများတွင် ခုခံမှုများ အားကောင်းလာပြီး သိမ်းပိုက်ခံနယ်မြေများအား ပြန်လည်အရယူလာခြင်းများ ရှိလာနေသည်။ ယူကရိန်းကို ပံ့ပိုးနေသည့် အနောက်နိုင်ငံများသည် ယူကရိန်းတပ်များကို အရည်အသွေး ပိုကောင်းလာအောင် ကူညီပေးရန် အားသန်လျက်ရှိသည်။