- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
- စစ်ကောင်စီနှင့် အေအေ ပါဝင်သည့် ပူးပေါင်းတပ်တို့ ရေကြည်အမြောက်တပ်အနီးတွင် တိုက်ပွဲပြင်းနေ
- စစ်ပြေးလက်ခံထားသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ခံ လေးဦးကို စစ်ကောင်စီ ဖမ်းဆီး
- တိုက်နေသူများ မပါဝင်သည့် "ငြိမ်းချမ်းရေးဖိုရမ်"ကို စစ်ကောင်စီ ကျင်းပခဲ့
ယူကရိန်းသမ္မတ ဇီလင်စကီး အမေရိကန်သို့ အလည်အပတ် သွားရန်စီစဉ်နေ
ယူကရိန်းစစ်ပွဲ စတင်သည့် အချိန်မှစ၍ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် သမ္မတ ဇီလင်စကီးသည် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ် သွားရောက်ရန် စီစဉ်လျက်ရှိကြောင်း အမေရိကန်သတင်းဌာနများတွင် ဖော်ပြချက်များအရ သိရသည်။
21 Dec 2022
ဓာတ်ပုံ - AFP
DMG | ဒီဇင်ဘာ ၂၁
ယူကရိန်းစစ်ပွဲ စတင်သည့် အချိန်မှစ၍ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် သမ္မတ ဇီလင်စကီးသည် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ် သွားရောက်ရန် စီစဉ်လျက်ရှိကြောင်း အမေရိကန်သတင်းဌာနများတွင် ဖော်ပြချက်များအရ သိရသည်။
ခရီးစဉ်အတွင်း ဇီလင်စကီးသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တွေ့ဆုံနိုင်ခြေရှိသလို လွှတ်တော်တွင် မိန့်ခွန်းပြောကြားမည်ဟုလည်း ယူဆရသည်။
နှစ်ဦးသားတွေ့ဆုံမှု၌ သမ္မတဘိုင်ဒန်သည် ကီယက်ဗ်အတွက် ပက်ထရီယော့ဒုံးကျည်တစ်သုတ် အသစ်ပေးအပ်ရန် ကြေညာနိုင်ခြေရှိသည်ဟုလည်း သတင်းများတွင် ဖော်ပြချက်များ အရ သိရသည်။
လွှတ်တော်ဥက္ကဌ နန်စီပီလိုစီက အင်္ဂါနေ့တွင် လွှတ်တော်အမတ်များထံ ပေးပို့ခဲ့သောစာ၌ “ဗုဒ္ဓဟူးနေ့ည ပြုလုပ်မည့် ဒီမိုကရေစီအရေး အထူးဆွေးနွေးပွဲသို့ တက်ရောက်ကြရန်” ရေးသားထားသော်လည်း အသေးစိတ်ကို ပြောကြားထားခြင်း မရှိပေ။
ယူကရိန်းကို ရုရှားဘက်က ကျူးကျော်စစ် ဆင်နွှဲနေသည်မှာ ၁၀ လဝန်းကျင် ရှိလာပြီဖြစ်သည်။ အဆိုပါကာလအတွင်း ယူကရိန်းသမ္မတဇီလင်စကီးသည် ကမ္ဘာ့ခေါင်းဆောင်များ၊ သူ့ကို ထောက်ခံအားပေးသူများနှင့် ဗီဒီယိုမှတစ်ဆင့် မကြာခဏဆိုသလို တွေ့ဆုံ ပြောကြားမှုများရှိသော်လည်း ယခုခရီစဉ်သည် ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်သည်။
အမေရိကန်သည် ယူကရိန်းကို အထောက်အပံ့ပေးနေသည့် အရေးအပါဆုံး နိုင်ငံဖြစ်သည်။ လက်ရှိအချိန်အထိ ယူကရိန်းအတွက် အမေရိကန်ဘက်က ပေးအပ်ထားသည့် အကူအညီစုစုပေါင်း တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၀ ဘီလျံအထိ ရှိနေပြီဖြစ်သည်။ ၎င်းတို့အနက် ၂၀ ဘီလျံခန့်မှာ လုံခြုံရေးဆိုင်ရာ အကူအညီများဖြစ်သည်။