- စစ်ကောင်စီလက်ချက်ကြောင့် ကျောက်ဖြူ ဒေသခံ ၃၀ ကျော်ထိ သေဆုံးဒဏ်ရာရမှု ရှိလာ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်၊ ကျေးရွာ ၃ ရွာက ဒေသခံများ အရေးပေါ်ပြောင်းရွှေ့နေရ
- ဂါဇာ၌ ထောက်ပံ့ရေးအကူအညီများ ရယူနေစဉ် သုံးလအတွင်း သေဆုံးသူ ၁,၇၆၀ ဦးရှိကြောင်း ကုလပြော
- ထန်းရှောက်ခံရွာတွင် မွတ်ဆလင်များကို AA သတ်ဖြတ်ခဲ့ဟု စစ်ကောင်စီ စွပ်စွဲ
- ရခိုင်နှင့် နယ်စပ်စစ်မျက်နှာသုံးခုတွင် တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း AA ပြော
မြန်မာ့အရေးအတွက် အာဆီယံဝန်ကြီးများ အင်္ဂါနေ့ ဆွေးနွေးမည်
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် လာမည့်အင်္ဂါနေ့တွင် မြန်မာ့နိုင်ငံရေးအကျပ်အတည်းနှင့် ပတ်သက်ပြီး အထူးအစည်းအဝေးတစ်ရပ် ပြုလုပ်သွားရန် စီစဉ်ထားကြောင်း အာဆီယံ သံတမန်အသိုင်းအဝိုင်း ထံမှ သိရကြောင်း ကျိုဒိုသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
28 Feb 2021

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် လာမည့်အင်္ဂါနေ့တွင် မြန်မာ့နိုင်ငံရေးအကျပ်အတည်းနှင့် ပတ်သက်ပြီး အထူးအစည်းအဝေးတစ်ရပ် ပြုလုပ်သွားရန် စီစဉ်ထားကြောင်း အာဆီယံ သံတမန်အသိုင်းအဝိုင်း ထံမှ သိရကြောင်း ကျိုဒိုသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုအစည်းအဝေးသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရအား မြန်မာစစ်တပ်က ဖြုတ်ချခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း အာဆီယံ ၁၀ နိုင်ငံအုပ်စု၏ ပထမဆုံး အစည်းအဝေးလည်း ဖြစ်သည်။
အင်္ဂါနေ့အစည်းအဝေးသို့ အာဆီယံနိုင်ငံအများစု တက်ရောက်ရန် အသင့်ရှိနေပြီး မြန်မာစစ်တပ်က ခန့်အပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကိုလည်း ဖိတ်ကြားထားကြောင်း သတင်းတွင် ဖော်ပြထားသည်။
အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင် ကျင်းပမည်ဖြစ်သည်။ အစည်းဝေးသို့ လူကိုယ်တိုင် တက်ရောက်မည့်သူ ရှိသလို အွန်လိုင်းမှတဆင့် ဗီဒီယိုကွန်ဖရင့်ဖြင့် ပါဝင်ဆွေးနွေးမည့်သူများလည်း ရှိနိုင်ကြောင်း သတင်းက ဆိုသည်။
အာဏာသိမ်းမှုအပြီး ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားခြင်း၊ အရေးပေါ်အခြေအနေ ကြေညာပြီး တစ်နှစ်အကြာတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဟု မြန်မာစစ်တပ်က ကြေညာထားခြင်းများနှင့် ပတ်သက်ပြီး အာဆီယံနိုင်ငံများအကြားတွင် မတူသော အမြင်များ ရှိနိုင်ကြောင်းလည်း ကျိုဒိုသတင်း၏ ဖော်ပြချက်အရ သိရသည်။