- ကမ္ဘောဒီးယားမှာ လူငယ်များ စစ်မှုမထမ်းမနေရ ဥပဒေ လာမည့်နှစ် စတင်အကောင်အထည်ဖော်မည်
- စစ်ကောင်စီ တန်ပြန်ထိုးစစ်လုပ်လာနိုင်တာ ဘာကြောင့်လဲ
- ဘစ်ကွိုင်တန်ဖိုး ကန်ဒေါ်လာ ၁၂၀,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်
- စစ်တွေမြို့တွင် ငတ်မွတ်မှုဒဏ်ကို မခံနိုင်၍ ဒေသခံအချို့ အဆုံးစီရင်မှု ရှိလာ
- အိန္ဒိယစစ်တပ်က မြန်မာဘက်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ခေါင်းဆောင်သုံးဦး သေဆုံးဟု အာသံလွတ်မြောက်ရေးတပ် ပြောကြား
မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အကူအညီလိုအပ်ချက် အတွက် စေ့စပ်စုံလင်စွာ ကောက်ယူထားသောစစ်တမ်းကို အချောသပ်နေပြီဟု အာဆီယံဆို
မေလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ အာဆီယံ၏ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေး ကျင်းပရန်ရှိနေပြီး အာဆီယံခေါင်းဆောင်များ တက်ရောက်ကြမည့် အဆိုပါအစည်းအဝေး၌ ဤစစ်တမ်းကို နောက်ဆုံးအဆင့် စိစစ်အချောသပ်နိုင်မည်ဟု ယူဆရသည်။
08 May 2023

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ပဋိပက္ခဒဏ်သင့် မြန်မာနိုင်ငံအတွက် အကူအညီများပေးအပ်နေသည့် တစ်ချိန်တည်း၌ မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အကူအညီလိုအပ်ချက် အတွက် စေ့စပ်စုံလင်စွာ ကောက်ယူထားသောစစ်တမ်းကို အချောသပ်နေပြီဟု အာဆီယံအထွေထွေအတွင်းရေးမှူး ကောကင်ဟွန်းက ပြောကြားကြောင်း စီအန်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မေလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ အာဆီယံ၏ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေး ကျင်းပရန်ရှိနေပြီး အာဆီယံခေါင်းဆောင်များ တက်ရောက်ကြမည့် အဆိုပါအစည်းအဝေး၌ ဤစစ်တမ်းကို နောက်ဆုံးအဆင့် စိစစ်အချောသပ်နိုင်မည်ဟု ယူဆရသည်။
မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံက ပထမအဆင့် အကူအညီအဖြစ် ပေးအပ်မည့် ယခုအကူအညီ၌ ဆေးဝါးများနှင့် ကိုဗစ်ကာကွယ်ရေး အသုံးအဆောင်များ ပါဝင်မည်ဖြစ်သည်။
ဧပြီလ ၂၈ ရက်နေ့က စီအန်အေသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမှု၌ “ဒုတိယအဆင့် (အသက်မွေးဝမ်းကျောင်း အကူအညီ) ဆီမသွားခင်မှာ အသေးစိတ်လိုအပ်ချက်စစ်တမ်း တစ်ရပ်ကို ကောက်ယူဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။
အာဆီယံ၏ အကူအညီလိုအပ်ချက် စစ်တမ်း၌ အကူအညီလိုအပ်သူ အရေအတွက်၊ လိုအပ်သည့်နေရာ၊ လိုအပ်သည့်ပစ္စည်းများကအစ အသေးစိတ် ပါဝင်မည်ဟုလည်း ဒေါက်တာကောကင်ဟွန်းက ပြောသည်။
ယခုစစ်တမ်းအတွက် မြန်မာဘက်က အနီးကပ် ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်ဟုလည်း သူကဆိုသည်။
စစ်တမ်းကောက်ယူရာတွင် လူသားချင်းစာနာမှုအကူအညီနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ အာဆီယံပူးပေါင်းဆောင်ရွက်ရေး ဌာန (AHA) သည် လက်ရှိ မြန်မာစစ်ကောင်စီလက်အောက်ရှိ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များနှင့်လည်း ဆက်သွယ်ဆောင်ရွက်သည်ဟု ဒေါက်တာကောကင်ဟွန်း၏ ပြောကြားချက်အရ သိရသည်။
မြန်မာအတွက် အာဆီယံမှ လူသားချင်းစာနာမှု အကူအညီပေးရေး ကတိကဝတ်ပြုခဲ့သည်မှာ ၂၀၂၁ ခုနှစ်ကဖြစ်ပြီး အဆိုပါသဘောတူညီချက်အရ အမေရိကန်ဒေါ်လာ ၈ သန်းနီးပါး တန်ဖိုးရှိသည့် ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ကူညီမည်ဖြစ်သည်။