- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ပေးရန် ပုပ်ရဟန်းမင်းကြီး တောင်းဆို
မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒထုတ်ဖော်နေကြသူများအပေါ် အကြမ်းဖက်နှိမ်နင်းမှုကို ရပ်တန့်ပေးရန် ပုပ်ရဟန်းမင်းကြီးက ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုလိုက်သည်။
06 Mar 2021

မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒထုတ်ဖော်နေကြသူများအပေါ် အကြမ်းဖက်နှိမ်နင်းမှုကို ရပ်တန့်ပေးရန် ပုပ်ရဟန်းမင်းကြီးက ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုလိုက်သည်။
ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီသို့ သွားရာလမ်းကို ဆက်လက်လျှောက်လမ်းခွင့်ပေးရန် ပုပ်ရဟန်းမင်းကြီးဖရန်စစ်က မြန်မာစစ်တပ်အား တောင်းဆိုလိုက်ကြောင်း Vatican News ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
မြန်မာလူထု၏ သဘောထားဆန္ဒများ အကြမ်းဖက်ထိန်းချုပ်ခြင်း မခံရစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဆောင်ရွက်ပေးကြရန်လည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲတွင် တရားဝင်အနိုင်ရရှိထားသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရအား မြန်မာစစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြုတ်ချပြီး နိုင်ငံတော်အား အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။
စစ်တပ်၏ အာဏာသိမ်းမှုအား နိုင်ငံတစ်ဝန်း ကန့်ကွက် ဆန္ဒထုတ်ဖော်မှုများ တောက်လျှောက် ရှိနေပြီး အဆိုပါဆန္ဒဖော်ထုတ်မှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုကြောင့် သေဆုံးသူစုစုပေါင်း ၅၀ ကျော်နေပြီ ဖြစ်သည်။ လက်ရှိ ဖမ်းဆီးခံထားရသူ စုစုပေါင်း ၁၂၀၀ ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မတ်လ ၄ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။