- လေးမျက်နှာမြို့နယ်ရှိ သဲနုကုန်းနယ်မြေရဲစခန်းကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- ကျောက်ဖြူ စစ်ကောင်စီ တပ်ရင်းများကို AA က လက်နက်ကြီးများဖြင့် တိုက်ခိုက်နေ
- ဇူလိုင်အရေးတော်ပုံမှသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအခန်းကဏ္ဍသစ်ဆီသို့
- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
မင်းပြားတွင် ငှက်ဖျားဖြစ်ပွားမှု မြင့်တက်နေ၊ သေဆုံးသူ ၅ ဦးထိရှိလာ
ခွေးချေးမြောင်၊ ပန်းမြောင်း၊ ထိန်ပင်၊ အညင်းတောင်၊ ပုလဲတောင်၊ မင်းဖူး၊ ဝါးတောင်၊ မြင်းကမ်းဆိပ်၊ မင်းဖူး စသည့် ကျေးရွာပေါင်း ၂၀ ကျော်တွင် ငှက်ဖျားဖြစ်ပွားနေပြီး ကူးစက်ခံရမှုမှာလည်း မြင့်တက်လျက်ရှိသည်။
05 Dec 2024

DMG ၊ ဒီဇင်ဘာ ၅
ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှု မြင့်တက်နေပြီး ဆေးဝါးရှားပါးမှုကြောင့် အချိန်မီ ဆေးကုသခွင့်မရ၍ သေဆုံးသူ ၅ ဦးအထိ ရှိလာနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ခွေးချေးမြောင်၊ ပန်းမြောင်း၊ ထိန်ပင်၊ အညင်းတောင်၊ ပုလဲတောင်၊ မင်းဖူး၊ ဝါးတောင်၊ မြင်းကမ်းဆိပ်၊ မင်းဖူး စသည့် ကျေးရွာပေါင်း ၂၀ ကျော်တွင် ငှက်ဖျားဖြစ်ပွားနေပြီး ကူးစက်ခံရမှုမှာလည်း မြင့်တက်လျက်ရှိသည်။
“လူအများစုက ရိုးရိုးဖျားတယ်ထင်ပြီး သောက်ဆေးတွေ သောက်ပြီး နေကြတယ်။ လုံးဝ တောင့်မခံနိုင်တဲ့ အချိန်ကျမှ ဆေးရုံဆေးခန်းသွားပြတော့ လမ်းခရီးမဖြောင့်တာနဲ့ အချိန်မီမကုသနိုင်လို့ အသက်သေဆုံးတာတွေရှိတာ” ဟု မင်းပြားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မင်းပြားမြို့နယ်မှ ဒေသခံများမှာ စားဝတ်နေရေးအခက်အခဲကြောင့် တောတောင်ထဲသွားပြီး ဟင်းရှာ၊ ထင်းခုတ် စသည့်အလုပ်များကို လုပ်ကိုင်ကြရပြီး ခြင်မှတစ်ဆင့် ငှက်ဖျားရောဂါဖြစ်ပွားနေခြင်းဖြစ်သည်။
“ရွာကလူတွေက တောင်ထဲသွားပြီး ထင်းခုတ်တော့ ညအိပ်နေရတဲ့ အခါလည်းရှိတယ်။ အဲမှာ ခြင်ကိုက်ခံရတော့ ရွာကိုရောက်တာနဲ့ အဖျားကြီးပြီးတော့ ငှက်ဖျားစဖြစ်တယ်” ဟု မင်းပြားဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့ တို့ပူးပေါင်းပြီး ငှက်ဖျားရောဂါဖြစ်ပွားနေသည့် ကျေးရွာများသို့သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ငှက်ဖျားနှင့်ပတ်သက်၍ အသိပညာပေးများကို လုပ်ဆောင်နေကြောင်း သိရသည်။
လမ်းခရီးပိတ်ဆို့ထားခံထားသည့် ရခိုင်ဒေသတွင် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုဒဏ်ကြောင့် ဒေသခံများမှာ ဝမ်းရေးအတွက် ကြုံရာကျပန်း လုပ်ကိုင်ကာရုန်းကန်ရာမှ ယခုကဲ့သို့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကိုပါ ရင်ဆိုင်နေကြရသည်။