- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
ကျောက်ဖြူတွင် လေကြောင်းခရီးစဉ်လိုက်ပါမည့် လေးလအရွယ်ကလေးထံ ကိုဗစ်ပိုးတွေ့
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့လေယာဉ်ကွင်းတွင် ဇန်နဝါရီလ ၂၆ ရက်နေ့က လေကြောင်းခရီးစဉ်လိုက်ပါမည့် လေးလအရွယ် ကလေးငယ်တစ်ဦးကို ကိုဗစ်နိုင်တင်းရောဂါပိုးရှိ၊မရှိစစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့သည်။
27 Jan 2022
DMG ၊ ဇန်နဝါရီ ၂၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့လေယာဉ်ကွင်းတွင် ဇန်နဝါရီလ ၂၆ ရက်နေ့က လေကြောင်းခရီးစဉ်လိုက်ပါမည့် လေးလအရွယ် ကလေးငယ်တစ်ဦးကို ကိုဗစ်နိုင်တင်းရောဂါပိုးရှိ၊မရှိစစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့သည်။
အဆိုပါယောင်္ကျားလေးငယ်မှာ ကျောက်ဖြူမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့်လိုက်ပါရန် ကိုဗစ်ပိုးစစ်ဆေးရာ၌ ၎င်းထံမှ ကိုဗစ်နိုင်တင်းပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
၎င်းထံမှ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သော်လည်း မိခင်ဖြစ်သူတွင် ကိုဗစ်နိုင်တင်းရောဂါပိုးကူးစက်ခံရသည်ကို မတွေ့ရှိရကြောင်း ကျောက်ဖြူမြို့နယ်၊ ကျန်းမာရေးဌာနမှ အတည်ပြုဖြေကြားသည်။
ကလေးငယ်၏မိခင်ဖြစ်သူမှာ ခင်ပွန်းဖြစ်သူ အစိုးရဝန်ထမ်း၏ တာဝန်ထမ်းဆောင်ရာ ရှမ်းပြည်နယ်သို့သွားရောက်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်အောက်တိုဘာလက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ပြန်လည်ရောက်ရှိလာခဲ့ပြီး ယင်းကလေးငယ်ကိုမွေးဖွားခဲ့ကြောင်းနှင့် ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျန်းမာရေးဌာနမှ အဆိုပါကလေးငယ်၏နေအိမ်ကို လော့ဒေါင်းချထားကြောင်း ကျန်းမာရေးဌာနမှ ဝန်ထမ်းတစ်ဦးကဆိုသည်။
"ရန်ကုန်ကိုစီးမယ့် လေယာဉ်ခရီးသည်တွေအနေနဲ့ ကိုဗစ်ပိုး စစ်ဆေးခံရမယ်ဆိုပြီး သားအမိနှစ်ယောက်ကို ပြည်သူ့ကျန်းမာရေးဌာနမှာစစ်ဆေးခံရင်း ညနေ ၃ နာရီလောက်မှာတွေ့တာပါ။ ကလေးဆီမှာတွေ့ပြီး သူ့အမေဆီမှာမတွေ့ဘူးလို့သိရပါတယ်''ဟု ကလေး၏အဖွားဖြစ်သူမှဆိုသည်။
ယင်းကလေးငယ်ကူးစက်ခံနေရသည့် ကိုဗစ်နိုင်တင်းရောဂါမှာ မည်သည့်အမျိုးအစားဖြစ်ကြောင်းကို လက်ရှိအချိန်မှာ စစ်ဆေးနေဆဲဖြစ်ကြောင်းကိုမသိရှိရသေးကြောင်း အဖွားဖြစ်သူထံမှသိရသည်။
ကလေးငယ်၏ကျန်းမာရေးနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး အစားအသောက်ပို့ရန် အခက်အခဲအချို့ရှိကြောင်း မိသားစုဝင်များကဆိုသည်။
ယခုနှစ်အတွင်း ရခိုင်ပြည်တွင် လေကြောင်းရီးစဉ်လိုက်ပါမည့်ခရီးသည် ၁၄ ဦးထံမှ ကိုဗစ်ပိုးကူးစက်ခံနေရသည်ကိုတွေ့ရှိရသည်။