- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
စစ်ကောင်စီက လေကြောင်းသုံးပြီး သံတွဲမြို့နယ်တွင် ဗုံးကြဲချ
သံတွဲမြို့နယ်အတွင်းက ရှင်စောပြင်၊ မကျည်းချောင်း၊ ကွေ့ချောင်းနှင့် ရေစင်ရွာ စသည့်ကျေးရွာများအနီးသို့ ပေါင် ၅၀၀ ဗုံးများဖြင့် နှစ်ကြိမ်တိုင်လာရောက် ဗုံးကြဲခဲ့သည်ဟု သံတွဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
15 Apr 2024

DMG ၊ ဧပြီ ၁၅
စစ်ကောင်စီက ဂျက်ဖိုက်တာအသုံးပြုကာ ယနေ့ (ဧပြီ ၁၅ ရက်) နံနက် ၁၂ နာရီကျော်အချိန်က ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဗုံးကြဲချခဲ့ကြောင်း ဒေသခံများကပြောသည်။
သံတွဲမြို့နယ်အတွင်းက ရှင်စောပြင်၊ မကျည်းချောင်း၊ ကွေ့ချောင်းနှင့် ရေစင်ရွာ စသည့်ကျေးရွာများအနီးသို့ ပေါင် ၅၀၀ ဗုံးများဖြင့် နှစ်ကြိမ်တိုင်လာရောက် ဗုံးကြဲခဲ့သည်ဟု သံတွဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“လေယာဉ်နဲ့လာပြီးပစ်တာ ၂ ကြိမ်လောက်ရှိမယ်။ အသံက အကျယ်ကြီး ၈ ကြိမ် ကြားရတယ်။ ကျေးရွာအနီး ပတ်ဝန်းကျင်တွေမှာ ကျတာရှိတယ်။ တောင်တန်းတွေမှာ ကျတယ်” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီက သံတွဲမြို့နယ်အတွင်း ပေါင် ၅၀၀ ဗုံးများနှင့် လာရောက်ပစ်ခတ်မှုနှင့်ပတ်သက်ပြီး DMG အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုလည်း လတ်တလောတွင် မသိရသေးပေ။
ဒေသခံများ၏ ပြောဆိုချက်အရ ရှင်စောပြင်ကျေးရွာရှိ ဘုန်းကြီးကျောင်းအနီးတွင် ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်းလည်း သိရသည်။
ဧပြီလ ၁၃ ရက်နေ့က သံတွဲမြို့နယ် ကွေ့ချောင်းရွာနှင့် ရေစင်ရွာကြားတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနေ့မှစ၍ သံတွဲ-တောင်ကုတ် ကားလမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းကျပ်စွာချထားကြောင်း သိရသည်။
“အဲဒီလမ်းပေါ်မှာ စစ်ကောင်စီတပ်တွေက လုံခြုံရေး အပြည့်ယူထားတာ။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေ့ကစပြီး စစ်ဆေးတာတွေလည်း တော်တော်လုပ်တယ်။” ဟု သံတွဲ-တောင်ကုတ် ယာဉ်မောင်းသူတစ်ဦးက ပြောသည်။
သံတွဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၏ ရေတပ်နေဗီများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ငန်းကျွန်း၊ ကျောက်ဆိပ်၊ တောင်ညိုကျေးရွာများအနီးတွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့်် ဒေသခံများမှာ စိုးရိမ်မှုများရှိနေကြသည်။