- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
မီဇိုရမ် - ပလက်ဝ နယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်
" လမ်းကြောင်းကတော့ ကားသမားတွေ၊ ကုန်သည်တွေ အပါအဝင် AA က တာဝန်ရှိသူတွေနဲ့ ဒေသအာဏာ ပိုင်တွေ၊ CYLA က တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးပြီး အတိုင်းအတာတစ်ခုထိ ပြန်ဖွင့်ပေးနေတာ " ဟု လောင်တလိုင်ရောက် ရခိုင်ကုန်သည်တစ်ဦးက DMG ကို ပြောသည်။
21 May 2025

DMG ၊ မေ ၂၁
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှ ပလက်ဝနှင့် ရခိုင်ပြည်သို့ ကုန်စည်တင်သွင်းနေသည့် လောင်တလိုင် - ပလက်ဝနယ်စပ်လမ်းကြောင်းကို မေလ ၂၀ ရက်က ပြန်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။
မီဇိုရမ် - ပလက်ဝ ကုန်စည်လမ်းကြောင်းကို လောင်တလိုင် ခရိုင်အာဏာပိုင်များက မေ ၁၆ ရက်မှ စတင်ပြီး ပိတ်လိုက်ပြီးနောက် ယမန်နေ့ မေ ၂၀ တွင် ပြန်ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။
" လမ်းကြောင်းကတော့ ကားသမားတွေ၊ ကုန်သည်တွေ အပါအဝင် AA က တာဝန်ရှိသူတွေနဲ့ ဒေသအာဏာ ပိုင်တွေ၊ CYLA က တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးပြီး အတိုင်းအတာတစ်ခုထိ ပြန်ဖွင့်ပေးနေတာ " ဟု လောင်တလိုင်ရောက် ရခိုင်ကုန်သည်တစ်ဦးက DMG ကို ပြောသည်။
စစ်ကောင်စီသည် ရခိုင်ဒေသကို ကုန်စည်စီးဆင်းခွင့် ပိတ်ပင်ထားခြင်းကြောင့် ဒေသအတွင်း အခြေခံ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် စက်သုံးဆီများကို လောင်တလိုင်- ပလက်ဝနယ်စပ်လမ်းကြောင်းအတိုင်း တင်သွင်း နေကြရသည်။
လောင်တလိုင်ရောက် ရခိုင်ကုန်သည်နောက်တစ်ဦးက " ပလက်ဝလမ်းက မနေ့က ညနေမှာ ဖွင့်ပေးတယ်။ လမ်းပိတ်တာကတော့ သူတို့ဖက်မှာ စားကုန်တွေပြတ်လပ်မှာ စိုးလို့ ယာယီပိတ်လိုက်တာလို့တော့ သိရတယ်။ လမ်းပိတ်တယ်ဆိုပေမဲ့ ကုန်သည်တွေကတော့ ရတဲ့နည်းနဲ့ ကုန်သယ်ကြမှာပဲ" ဟု ပြောသည်။
သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယဖက်မှ ကုန်သွယ်ရေးလမ်းကြောင်းပိတ်ဆို့မှု မကြာခဏ ရှိနေသဖြင့် ကုန်သည်များတွင် ဆုံးရှုံးနစ်နာမှုများရှိကြောင်း သိရသည်။
ယခုကဲ့သို့ ကုန်သွယ်လမ်းကြောင်း ပိတ်ဆို့ မှုများမကြာခဏ ဖြစ်ပေါ်နေလျှင် မိုးတွင်းကာလ ကုန်သွယ်မှုပြုလုပ်ရာတွင် ပိုမိုအခက်ကြုံရမည်ဖြစ်ကြောင်း ကုန်သည်များက ပြောကြသည်။
ပလက်ဝမြို့နယ်ကို AA က ဇန်နဝါရီလအတွင်း သိမ်းပိုက်လိုက်ပြီးနောက် မီဇိုရမ်-ပလက်ဝ-ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းသည် ရခိုင်ပြည်သူအတွက် အခြေခံကုန်စည်များ အားကိုးရာ လမ်းကြောင်း ဖြစ်နေသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်အခြေစိုက် ဗဟိုလိုင်လူငယ်အစည်းအရုံး (CYLA) က ရခိုင်ဖက်ကို ကုန်စည်တင်သွင်းမှုများကို အကြိမ်ကြိမ်ပိတ်ဆို့မှုများပြုလုပ်ခဲ့ပြီး အာရက္ခတပ်တော် ဖက်က မီဇိုရမ်ပြည်နယ်အစိုးရနှင့် တိုက်ရိုက်ညှိနှိုင်းမှုများကို ပြုလုပ်ခဲ့ရသည်။