- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
- စစ်တပ်အကြံ အောင်ပွဲခံမည်လား
- တော်လှန်ရေးတပ်များ လှုပ်ရှားစိုးမိုးမှုအောက်က မြန်မာအရှေ့တောင်ပိုင်းဒေသ
- ၃၄၄ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်တွင် စစ်ကောင်စီ အထိုင်ချခံစစ်ပြင်ထား
ရေကြည် အမြောက်တပ် ၃၄၄ ကို AA နှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင်
လက်ရှိ ထိုတပ်ရင်း၏ ကာကင်းစခန်းများနှင့် တပ်ရင်းထဲကို အာရက္ခတပ်တော်က လက်နက်ကြီးများဖြင့်ပစ်ခတ်နေပြီး စစ်ကောင်စီကလည်း လက်နက်ကြီးပစ်ကူအပြင် စက်တပ်လေထီးများဖြင့်လည်း ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
17 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အနီးရှိ အမှတ် (၃၄၄) အမြောက်တပ်ရင်းကို အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက ဖေဖော်ဝါရီလ ၁၅ ရက်ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံများက ပြောသည်။
လက်ရှိ ထိုတပ်ရင်း၏ ကာကင်းစခန်းများနှင့် တပ်ရင်းထဲကို အာရက္ခတပ်တော်က လက်နက်ကြီးများဖြင့်ပစ်ခတ်နေပြီး စစ်ကောင်စီကလည်း လက်နက်ကြီးပစ်ကူအပြင် စက်တပ်လေထီးများဖြင့်လည်း ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ အမြောက်တပ်က မြောက်စမ်းရွာမှာ အခြေစိုက်ထားတာ အမြောက်တပ်ရဲ့ကာကင်းတွေကို စပြီးတိုက်နေကြပြီ။ စစ်ကောင်စီကတော့ စက်တပ် လေထီးတွေနဲ့ပဲ အဓိကပစ်ကူပေးပြီး ခုခံနေရတယ်။ အမြောက်တပ်မှာတော့ ကျုံပျော်ဖက်ကပို့ထားတဲ့ ပြည်သူ့စစ် စစ်ကူတွေ ရာနဲ့ချီရှိတယ် ” ဟု ပြောသည်။
အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင်နေသည့် အမြောက်တပ်မှာ ရခိုင်နှင့် ဧရာဝတီတိုင်းနယ်စပ်ရှိ ဂွ ရိုးမတောင်တန်းကို ထိန်းချုပ်ရန် စစ်ရေးအရအရေးပါသည့် တပ်ရင်းဖြစ်သည်။
အဆိုပါ တပ်ရင်းမှာ ငါးသိုင်းချောင်းမြို့နှင့် ၁၅ မိုင် အကွာတွင်ရှိသည်။ လက်ရှိ ငါးသိုင်းချောင်းမြို့ခံများမှာလည်း ရေကြည်မြို့နှင့် ဘေးလွတ်ရာနေရာအချို့ကို ကြိုတင်ရွေ့ပြောင်းနေကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ခံ အမျိုးသားတစ်ဦးက “ အမြောက်တပ် ၃၄၄ တပ်ရင်းမှာ တိုက်ပွဲဖြစ်နေတယ်။ လက်နက်ကြီး ပစ်ခတ်သံတွေ အရမ်းကြားရတယ်။ ငါးသိုင်းချောင်းနဲ့က ၁၅ မိုင်သာသာလေးပဲ ရှိတော့တာကြောင့် မြို့ခံတွေက ကြိုပြီးရှောင်နေကြသူတွေ ရှောင်နေကြပြီ။ ရေနံသာ ဂိတ်မှာလည်း စစ်ကောင်စီက ခံစစ်တွေ အခိုင်အမာ ပြုလုပ်နေတယ် ” ဟုပြောသည်။
အမတ(၃၄၄)တပ်ရင်းအား ထိုးစစ်ဆင်တိုက်ခိုက်နေမှုနှင့် ပတ်သတ်ပြီး အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်းမရှိသေးပေ။
အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် ၂၀၂၅ခုနှစ် ဇန်နဝါရီကစပြီး ဧရာဝတီတိုင်းကို စတင်ထိုး စစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး ပုသိမ်၊ ရေကြည်နှင့် သာပေါင်းမြို့နယ်တို့တွင် တိုက်ပွဲများရှိနေသည်။
လက်ရှိတွင် ဧရာဝတီတိုင်းရှိ ဗေဒါစစ်ဆေးရေးဂိတ်၊ မကျီးဇင်ကျေးရွာ၊ ဘောမိကျေးရွာနှင့် ကျားခေါင်းကျေးရွာတို့ အနီးက စစ်ကောင်စီ တပ်စခန်းများကို AA က သိမ်းပိုက်ထားသည်။