- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
ရခိုင်တိုက်ပွဲကြောင့် ရက်ကန်းနှင့်အသက်မွေးပညာသင်ကျောင်းသို့ တက်ရောက်သူအလွန်နည်း
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသောကြောင့် စစ်တွေမြို့ရှိ ရက်ကန်းနှင့်အသက်မွေးပညာသင်ကျောင်းသို့ တက်ရောက်သူ သုံးဦးတည်းသာရှိသည်ဟု ကျောင်း၏လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းသက်ဖြူက DMG သို့ပြောသည်။
21 Feb 2020
ခင်သရဖီဦး | DMG
ဖေဖော်ဝါရီ ၂၁၊ စစ်တွေ
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသောကြောင့် စစ်တွေမြို့ရှိ ရက်ကန်းနှင့်အသက်မွေးပညာသင်ကျောင်းသို့ တက်ရောက်သူ သုံးဦးတည်းသာရှိသည်ဟု ကျောင်း၏လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းသက်ဖြူက DMG သို့ပြောသည်။
ယင်းကျောင်းတွင် တစ်နှစ်လျှင် တစ်နှစ်ပြည့်တက်မည့်သင်တန်းသား (၂၀)ဦးနှင့် (၆)လပြည့်တက်မည့် သင်တန်းသား(၂၀)ဦးခေါ်ယူသည်။ သို့သော် ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တစ်နှစ်ပြည့် သင်တန်းတက်မည့်သူ မရှိဘဲ (၆)လပြည့်သင်တန်းသား သုံးဦးတည်းသာရှိသည်။
“အဓိကကတော့ ရခိုင်မှာဖြစ်တဲ့ ပဋိပက္ခတွေကြောင့်ပေါ့နော်။ ဒီအနေထားတွေကြောင့် မလာနိုင်ကြတော့တာပါ။ အစတုန်းကတော့ ချင်းတိုင်းရင်းသားတွေလည်းလာတယ်။ မြိုတိုင်းရင်းသားတွေလည်း လာတက်ကြတယ်။ အခုတော့ လာရမှာကြောက်လို့လို့ ပြောကြတယ်” ဟု ဒေါ်နှင်းသက်ဖြူက ပြောသည်။
ထို့ပြင် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုနှင့် စီးပွားရေးကျပ်တည်းမှုတို့ကြောင့်လည်း ရက်ကန်းကျောင်းသို့ တက်ရောက်သူနည်းပါးလာသည်ဟု ၎င်းက ဆက်ပြောသည်။
“ရခိုင်မှာက အလုပ်ကိုင်ခွင့်လမ်း အရမ်းနည်းတော့ သင်တန်းပြီးသွားပေမယ့် အလုပ်မပေးနိုင်တဲ့ အခြေနေတွေမျိုးတွေလည်းရှိတော့ လာမတက်ကြတော့တာလည်းဖြစ်တယ်” ဟု ဒေါ်နှင်းသက်ဖြူက ပြောသည်။
အဆိုပါကျောင်းတွင် ရက်ကန်းသင်တန်းအပြင် အခြားအသက်မွေးဝမ်းကျောင်းသင်တန်း (၈)မျိုးကိုလည်း သင်ကြားပေးနေပြီး သင်ကြားတတ်မြောက်ပြီးစီးသူများကို အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်ရေးအတွက် လုပ်ငန်းရှင်၊ အဖွဲ့အစည်းများဖြင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း ကျောင်းတာဝန်ရှိသူများထံက သိရသည်။
ယင်းကျောင်းကို ၁၉၄၆ ခုနှစ်တွင် အစိုးရက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသားတစ်ဦးကို တစ်လလျှင် ငွေသုံးသောင်းကျပ်စီ ထောက်ပံ့သည်ဟု ကျောင်းတာဝန်ရှိသူများထံက သိရသည်။