- ပြိန်းချောင်း ဓားပြတိုက်လူသတ်မှု တရားခံ မပေါ်သေး
- ဒေါ်နယ်ထရမ့်ကို နိုဘယ်ဆုအတွက် ကမ္ဘောဒီးယား အမည်တင်သွင်းမည်
- CDF ဟု စွပ်စွဲကာ စစ်ကောင်စီ ဖမ်းဆီးထောင်ချခဲ့သည့် ပလက်ဝဒေသခံ ၁၆ ဦး ပြန်လွတ်
- စစ်ကောင်စီက ကျောက်ဖြူသို့ တင့်ကားနှင့် စစ်သင်္ဘောများ ထပ်ပို့
- ကုလားတန်အထက်ပိုင်းက ဒေသခံများ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန် ခက်ခဲနေသေး
လေကြောင်းပစ်ခတ်မှုကြောင့် မြေပုံဒေသခံ ၂ ဦး သေဆုံး၊ ၅ ဦးဒဏ်ရာရ
ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ တုတ်ချောင်းကျေးရွာကို စစ်ကောင်စီက ဇွန်လ ၁၉ ရက်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင်း ဒေသခံ ၂ ဦးသေဆုံးပြီး၊ ၅ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။
20 Jun 2024

DMG ၊ ဇွန် ၂၀
ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ တုတ်ချောင်းကျေးရွာကို စစ်ကောင်စီက ဇွန်လ ၁၉ ရက်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင်း ဒေသခံ ၂ ဦးသေဆုံးပြီး၊ ၅ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။
“နှစ်ကြိမ်လာပြီးတော့ ကြဲချခဲ့တာ။ ရွာအဝင်တံတားအနီးမှာကျတာ။ အဲဒီအနားမှာရှိတဲ့ ကျမတို့ရွာသားနှစ်ဦး ပွဲချင်းပြီးဆုံးတယ်။ ဒဏ်ရာရသူ ငါးယောက်ရှိတယ်။ တိုက်ပွဲဖြစ်နေတာလည်း မဟုတ်ဘဲ တမင်လာပစ်သွားတာ” ဟု တုတ်ချောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။
စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် မောင်အောင်နိုင် (၁၁)နှစ် နှင့် ကိုဦးကျီးရွှေ (၂၇)နှစ်တို့ သေဆုံးခဲ့ရပြီး၊ မောင်ခိုင်ခိုင်ဦး (၁၆) နှစ်၊ မသီတာ (၂၃) နှစ်၊ မခင်စိုးချေ (၂၈)နှစ်၊ ဒေါ်မစိန် (၄၈) နှစ် နှင့် ဦးမောင်နိုင်ဦး (၄၈)နှစ်တို့မှာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာအသီးသီးရရှိသွားသည်။
ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်ကလည်း ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲမှုကြောင်း ဒေသခံ ၅ ဦး သေဆုံးခဲ့ရသည်။
စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသအတွင်း စစ်ကောင်စီသည် အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်နေ၍ ထိခိုက်သေဆုံးမှု မြင့်တက်လာနေပြီး ဒေသခံများမှာ စိုးရိမ်စိတ်များဖြင့် နေထိုင်နေကြရသည်။
“စစ်ကောင်စီက လေယာဉ်နဲ့လာပစ်တာက အရပ်သားနေတဲ့နေရာတွေကို အများထိတယ်။ ဒေသခံတွေမှာတော့ ကားသံ၊ ဆိုင်ကယ်သံကြားရင်တောင် လေယာဉ်လာတာလားဆိုပြီး ထင်ယောင်ထင်မှားဖြစ်နေပြီ” ဟု ကျောက်တော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ရခိုင်စစ်ပွဲ ၇ လတာအတွင်း အာရက္ခတပ်တော်(AA)သည် ရခိုင်ပြည်အတွင်း မြို့နယ် ၁၀ ခုထိ သိမ်းပိုက်ထားပြီး လက်ရှိတွင် မောင်တော၊ အမ်း၊ တောင်ကုတ်၊ သံတွဲ မြို့နယ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။