- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
ဆေးဝါးပြတ်လပ်နေသော ရခိုင်ဒေသတွင် ကူးစက်ရောဂါအန္တရာယ် စိုးရိမ်စရာဖြစ်လာ
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ကျောက်တော်မြို့နယ်၊ လမ်းပိုက်ခွင်ကျေးရွာမှ တီဘီဝေဒနာရှင် အမျိုးသမီးတစ်ဦးနှင့် ခမောင်းတောကျေးရွာမှ HIV လူနာ အမျိုးသားတစ်ဦးမှာ ဆေးဝါးပြတ်လပ်မှုကြောင့် သေဆုံးသွားခဲ့ရသည်။
14 Dec 2024

DMG ၊ ဒီဇင်ဘာ ၁၄
ရခိုင်ဒေသတွင် စစ်ရေးပဋိပက္ခပြင်းထန်နေမှုနှင့်အတူ ဆေးဝါးပြတ်လပ်မှုမှာ အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေပြီး ငှက်ဖျား၊ HIV၊ တီဘီ စသည့် ကူးစက်ရောဂါများ၏ အန္တရာယ်မှာ စိုးရိမ်စရာဖြစ်လာနေသည်။
အဆိုပါရောဂါဝေဒနာကို ခံစားနေရသူများမှာ ဆေးဝါးပြတ်လပ်၍ အသက်သေဆုံးမှု များလာနေသည့်အပြင် ရောဂါဖြစ်ပွားနှုန်းလည်း မြင့်တက်လာနေကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။
“တီဘီဆေးက ပုံမှန်သောက်ပေးရတာ။ ဆေးရှားလို့ ဆေးပုံမှန် မသောက်ရတော့ ရောဂါက ပိုဆိုးလာပြီး ကူးစက်လွယ်လာတယ်။ အခုဆို တီဘီပိုးကူးစက်ခံရတဲ့သူတွေ တွေ့လာရတယ်” ဟု ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။
တီဘီရောဂါမှာ ချောင်းဆိုး၊ နှာချေ ၊ သီချင်းဆို၊ စကားပြောခြင်းတို့မှ လေထဲသို့ ပျံ့နှံ့လာသည့် တီဘီပိုးကို အခြားသူများက ရှူရှိုက်မိခြင်းဖြင့် ကူးစက်ခံရနိုင်သည့် ရောဂါဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ကျောက်တော်မြို့နယ်၊ လမ်းပိုက်ခွင်ကျေးရွာမှ တီဘီဝေဒနာရှင် အမျိုးသမီးတစ်ဦးနှင့် ခမောင်းတောကျေးရွာမှ HIV လူနာ အမျိုးသားတစ်ဦးမှာ ဆေးဝါးပြတ်လပ်မှုကြောင့် သေဆုံးသွားခဲ့ရသည်။
လက်ရှိတွင် နာတာရှည်ရောဂါများနှင့် ကူးစက်ရောဂါများအတွက် ပိုးသတ်ဆေးကိုသာ အစားထိုး သောက်သုံးနေရကြောင်း ပြောဆိုကြသည်။
“တီဘီပိုးတွေ ကူးစက်ခံနေရတယ်ကြားလို့ အပြင်သွားရင်တောင် mask တပ်ပြီးသွားတယ်။ ဒီကာလမှာ ဆေးဝါးပြတ်တာ၊ ရှာမရတာတွေကြောင့် ရောဂါတစ်ခုခုဖြစ်မှာကို အရမ်းစိုးရိမ်မိတယ်” ဟု မြောက်ဦးမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။
တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ၍ စစ်ကောင်စီက ရခိုင်ဒေသကို လမ်းခရီးပိတ်ဆို့ထားသည်မှာ တစ်နှစ်ကျော်ထိ ကြာမြင့်လာပြီး ဒေသခံများမှာ ကုန်ပစ္စည်း၊ ဆေးဝါးပြတ်လပ်မှုအပြင် ဈေးနှုန်းအဆမတန် မြင့်တက်မှုဒဏ်ကို ခံစားနေရသည်။
“တီဘီဆေးဆိုရင် ဈေးကွက်ထဲမှာ အနည်းအကျဉ်း ရနိုင်သေးတယ်။ HIV သမားတွေကျ သေမိန့်ကျနေတဲ့ သူတွေလိုပဲ။ HIV ဆေး ART က ဈေးကွက်မှာ လုံးဝမရှိဘူး” ဟု ကျန်းမာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
လမ်းခရီးပိတ်ဆို့ထားမှုနှင့်အတူ ငွေကြေးအခက်အခဲကြောင့် နာတာရှည်ရောဂါသည်များမှာ ပြည်မဘက်သို့ သွားရောက်ဆေးကုသရန် အဆင်မပြေ၍ အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဖြစ်လာနေသည်။