- မြန်မာ့ပဋိပက္ခထဲမှာ လှေနံနှစ်ဘက်နင်းတဲ့ တရုတ်ကစားကွက် (၁)
- ရခိုင်ပြည်က ဟောင်းနွမ်းငွေစက္ကူ ပြဿနာ အထူးကြပ်မတ်ရန် လိုအပ်နေ
- ICC ရှေ့နေ ကယ်ရင်ခန် လိင်မတော်မတရားမှုဖြင့် စစ်ဆေးခံနေရ
- စစ်ကောင်စီ၏ အငြိုးအတေး ပစ်မှတ်အောက်က မြို့ကျောက်တော်
- ဧရာဝတီ၊ ကွင်းကောက်မြို့အနီးက ကပျိုစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်
ငပလီကမ်းခြေတွင် ဆောင်းဦးပွဲတော်ကို ယခုလတတိယပတ်တွင် ကျင်းပမည်
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေတွင် ဒုတိယအကြိမ်မြောက် ဆောင်းဦးပွဲတော်ကို လာမည့် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
12 Nov 2022

သံတွဲမြို့ ငပလီကမ်းခြေကိုတွေ့ရစဉ်။
DMG ၊ နိုဝင်ဘာ ၁၂
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေတွင် ဒုတိယအကြိမ်မြောက် ဆောင်းဦးပွဲတော်ကို လာမည့် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ရခိုင်ဒေသ အပါအဝင် ငပလီကမ်းခြေကို ခရီးသွားဝင်ရောက်လည်ပတ်မှု ပို၍များပြားလာရန်အတွက် ဆောင်းဦးပွဲတော်ကို ကျင်းပခြင်းဖြစ်သည်ဟု ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ပြောသည်။
“ဘာကြောင့်လုပ်ရလဲဆိုရင် ပြီးခဲ့တဲ့နှစ်က ကိုဗစ် ၅ ရာခိုင်နှုန်းအောက် စရောက်တဲ့အချိန်မှာ ဒီကပိတ်ထားတဲ့ ဟိုတယ်လုပ်ငန်းတွေ ပြန်စရအောင် ငပလီကမ်းခြေကို လာလို့ရတယ်ဆိုပြီး (ဆောင်းဦးပွဲတော်)လုပ်ခဲ့တယ်။ လုပ်လိုက်တော့ ပြီးခဲ့တဲ့ သင်္ကြန်မှာဧည့်သည်တွေ အများကြီးလာတယ်။ ငပလီမှာ ကမ်းပြိုလောက်အောင် လာကြတယ်။ ဒီနှစ်မှာကျတော့လည်း သီတင်းကျွတ်၊ တန်းဆောင်မုန်းတွေမှာ တောက်လျှောက်ဧည့်သည်တွေရှိတယ်။ အဲဒီအရှိန်လေးက ဒီဘက်ခရီးသွားရာသီမှာ ထပ်ပြီးအရှိန်မြင့်ချင်လို့ဖြစ်တယ်။ ဆောင်းဦးရာသီ လာမယ့်ခရီးသွားရာသီအတွက်ကို ငပလီသို့လာလို့ရပြီဆိုတာကို အသိပေးချင်လို့ဖြစ်တယ်”ဟု သူကဆိုသည်။
ကိုဗစ်ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်မှုတို့ကြောင့် ကျဆင်းနေသည့်ခရီးသွားလုပ်ငန်းကို ပြန်လည်ဦးမော့ လာစေ ရန် ရည်ရွယ်ပြီး ငပလီကမ်းခြေတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဆောင်းဦးပွဲတော်ကို ပထမဆုံးအကြိမ်ကျင်းပခဲ့သည်။
ပြီးခဲ့သည့်နှစ်က ဆောင်းဦးပွဲတော်ကို ရခိုင်မြောက်ပိုင်းမှ စစ်တွေ၊မြောက်ဦး၊ကျောက်တော်စသည့်မြို့နယ်များမှ လာရောက်လည်ပတ်မှုများရှိခဲ့သော်လည်း ယခုနှစ်တွင် ဒေသမတည်ငြိမ်မှုများကြောင့် လာရောက်လည်ပတ်သူ အများအပြားရှိနိုင်မည် မဟုတ်ဟု ငပလကမ်းခြေမှ AZ ဟိုတယ်လုပ်ငန်းရှင် ဒေါ်ခင်မာသူက ပြောသည်။
“မနှစ်ကဆိုရင် စစ်တွေ၊မြောက်ဦးတို့ဘက်တွေကအစက သွားကြလာကြတယ်။ ဒီနှစ်တော့ အဲဒီဘက်က ငြိမ်သွားတာပေါ့။ နိုင်ငံရေးမှမကောင်းတာကို။ အခုက ငပလီကမ်းခြေမှာရှိတဲ့ ဟိုတယ်အများစုမှာလည်း သိပ်ပြီးတော့ ဧည့်သည်မရှိဘူးလို့ပြောရမှာဖြစ်တယ်။အဲဒါကလည်း သီတင်းကျွတ်၊တန်းဆောင်တိုင်နဲ့ နီးသွားတာပေါ့နော်။ နောက်ဒေသတွင်း နိုင်ငံရေးက နည်းနည်းပြင်းထန်နေတယ်ဆိုတော့ ခရီးသွားတွေ သိပ်ပြီးတော့ ရောက်မယ်မထင်ဘူး”ဟု သူကဆိုသည်။
မကြာမီကျင်းပမည့် ဆောင်းဦးပွဲတော်တွင် သဲသောင်ပြင် ဘော်လီဘောပွဲ၊ ချောတိုင်တက်ပွဲ၊ လွန်ဆွဲပွဲ၊ သဲပန်းချီပြိုင်ပွဲ၊ စက်ဘီစီးပြိုင်ပွဲစသည့်ပျော်ပွဲရွှင်ပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယင်းအပြင် ဆောင်းဦးပွဲတော်သို့ လာရောက်မည့် ခရီးသည်များကို ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ငပလီရှိ ဟိုတယ်များ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။