- ရခိုင်ပြည် မြောက်ဖက်အစွန်ဖျားကို ခဏတာမျှ လှမ်းမျှော်ကြည့်ခြင်း
- အပူချိန်မြင့်တက်လာမှုကြောင့် ကျန်းမာရေး ဂရုစိုက်ရန် လိုအပ်လာ
- နျူကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအတွက် မြန်မြန်ဆန်ဆန် ညှိနှိုင်းရန် ဗီယက်နမ်နှင့် ရုရှား သဘောတူ
- ကုလစာနာမှုစင်္ကြံ လက်တွေ့အလားအလာ
- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
ကုလအတွင်းရေးမှူးချုပ်နှင့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌတို့ ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီဒုက္ခသည်များနှင့် သွားရောက်တွေ့ဆုံ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူထားရက်စ်နှင့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်မ်ယောင်ကင်တို့သည် ဇွန်လ ၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ကော့စ်ဘဇားခရိုင်ရှိ မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသည့် ဘင်္ဂါလီဒုက္ခသည်စခန်းသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
03 Jul 2018
(Photo - Reuters)
ဇွန်လ ၃ ရက် / DMG ၊ ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူထားရက်စ်နှင့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်မ်ယောင်ကင်တို့သည် ဇွန်လ ၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ကော့စ်ဘဇားခရိုင်ရှိ မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသည့် ဘင်္ဂါလီဒုက္ခသည်စခန်းသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
ဒုက္ခသည်များနှင့် တွေ့ဆုံရာတွင် “ စဉ်းစား၍ မရနိုင်လောက်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြားခဲ့ရကြောင်း၊ မွတ်စလင်ဒုက္ခသည်များ၏ အခြေအနေသည် လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အိပ်မက်ဆိုးကြီးတစ်ခုဖြစ်ကြောင်းနှင့် စဉ်းစား၍ မရနိုင်လောက်သည့် သတ်ဖြတ်မှုများ၊ မုဒိန်းကျင့်မှုများကိုလည်း ကြားခဲ့ရသည် ” ဟု မစ္စတာဂူထားရက်စ်က သူ့၏တွစ်ခ်တာစာမျက်နှာတွင် ရေးသားခဲ့ကြောင်း RFA က ဖော်ပြသည်။
ဒုက္ခသည်များအနေဖြင့် တရားမျှတစွာ လုံလုံခြုံခြုံ နေရပ်ပြန်နိုင်ရေးကိုသာ လိုလားနေကြကြောင်းလည်း ရေးသားထားသည်။
၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနှင့်လည်း သီးသန့်တွေ့ဆုံခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လူသားချင်းစာနာသည့် အကူအညီများ အပြည့်အဝပေးသွားမည်ဖြစ်ကာ ဘင်္ဂါလီဒုက္ခသည်ပြဿနာကို မဖြေရှင်းနိုင်သရွေ့ မြန်မာအစိုးရကို ဆက်လက်၍ ဖိအားပေးသွားမည်ဖြစ်ကြောင်း မစ္စတာဂူထားရက်စ် က ပြောကြားခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌကလည်း ဘင်္ဂလားဒေ့ရှ်အနေဖြင့် ဒုက္ခသည်များအား လက်ခံအကူအညီပေးထားခြင်းကို အသိအမှတ်ပြုကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည်ထောက်ပံ့ရေးတွင် အသုံးပြုရန် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၈၄၀ ထုတ်ချေးပေးထားကြောင်း ဆိုသည်။