ကျောက်တော်တွင် စစ်ဘေးရှောင်ကလေးငယ်များ ဝမ်းရောဂါအဖြစ်များနေ
20 Nov 2024
ကံကြီးသျှင်၊ မီးရထားဘူတာ စစ်ဘေးရှောင်စခန်းတို့မှ အသက် ၅ နှစ်အောက် ကလေးငယ် ၂၀ နီးပါးမှာ ဝမ်းရောဂါဖြစ်ပွားနေပြီး ကလေးငယ်အချို့မှာ ဆေးရုံတက်၍ ကုသမှုခံယူနေရသည်။
20 Nov 2024
ကံကြီးသျှင်၊ မီးရထားဘူတာ စစ်ဘေးရှောင်စခန်းတို့မှ အသက် ၅ နှစ်အောက် ကလေးငယ် ၂၀ နီးပါးမှာ ဝမ်းရောဂါဖြစ်ပွားနေပြီး ကလေးငယ်အချို့မှာ ဆေးရုံတက်၍ ကုသမှုခံယူနေရသည်။
20 Nov 2024
မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မင်းပြား စသည့် မြို့နယ်များတွင် လယ် ၁ ဧကကို စပါးရိတ်သိမ်းခြွေလှေ့စက် ငှားရမ်းခ ငွေကျပ် ၃၀၀,၀၀၀ အထိ ဈေးမြင့်တက်နေသည်။
20 Nov 2024
ရခိုင်ပြည်၊ ဂွမြို့နယ်၊ ဆပ်သွားရွာအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့အချို့မှာ တပ်ဆုတ်ထွက်ပြေးမှုများ ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
20 Nov 2024
တရုတ်ခရီးစဉ်အတွင်း တရုတ်နိုင်ငံနှင့် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၉ ရက် နေပြည်တော် အစည်းအဝေးတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
20 Nov 2024
နတ်မြစ်အနီးရှိ စက်လှေသမားများနှင့်ပူးပေါင်းပြီး စစ်ဘေးရှောင်မွတ်ဆလင်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ IDP စခန်းများတွင် အထောက်အပံ့ရမည်ဟု စည်းရုံးကာ မတန်တဆငွေညှစ်ပြီး ပို့ပေးနေခြင်းဖြစ်ကြောင်း ဒေသခံမွတ်ဆလင်များက ပြောသည်။
19 Nov 2024
AA ထိန်းချူပ်ဒေသများတွင် ဆေးရုံ၊ ဆေးခန်းများ ဖွင့်လှစ်ကာ ကုသပေးမှုများ လုပ်ဆောင်နေသော်လည်း အဆိုပါနေရာများကို လေကြောင်းတိုက်ခိုက်နေ၍ ပြည်သူများမှာ ဆေးကုသရန် စိုးရိမ်ကြောက်လန့်နေကြသည်။
19 Nov 2024
HPV ကာကွယ်ဆေးကို ယခင်က မြို့နယ်အလိုက် ကျန်းမာရေးဌာနများမှ နှစ်စဉ်ထိုးနှံပေးခဲ့ပြီး လက်ရှိတွင် ဒေသတွင်း စစ်ရေးပဋိပက္ခကြောင့် သားအိမ်ခေါင်းကင်ဆာ အပါအဝင် တခြားကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းစဉ်များ လုံးဝရပ်တန့်နေသည်။
19 Nov 2024
ဒေသတွင်းတိုက်ပွဲများကြောင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေသည့် ရခိုင်ပြည်၊ ဂွမြို့နယ်မှ အမျိုးသမီးအပါအဝင် ဒေသခံ ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်။
18 Nov 2024
KBZ ဘဏ်၊ CB ဘဏ်၊ ကမ္ဘာ့ရတနာဘဏ် စသည့် ပုဂ္ဂလိကဘဏ်အားလုံးကို နိုဝင်ဘာလ ၁၅ ရက်မှစ၍ ပိတ်လိုက်ပြီး မြို့တွင်းလုံခြုံရေး တိုးမြှင့်ချထားသည်ကို တွေ့ရကြောင်း ကျောက်ဖြူမြို့ခံများက ပြောသည်။
18 Nov 2024
သေဆုံးမှုဖြစ်စဉ်များမှာ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုးသတ်ဖြတ်မှု၊ စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းကြောင့်ဖြစ်ပြီး အများစုမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဖြစ်သည်။
18 Nov 2024
ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သေးသည့် ၁၈ နှစ်အောက်ကလေးငယ် ၂၄ ဦးပါဝင်သည်။ ၁၉၈ ဦးမှာ ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း ၅၀၅ ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဆိုသည်။
18 Nov 2024
ကူညီထောက်ပံ့မှုနည်းပါးသည့်အပြင် အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်း တို့ကြောင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအကျပ်အတည်းကို ရင်ဆိုင်နေကြရသည်။
16 Nov 2024
တရုတ် - မြန်မာနယ်စပ် ‘ဝ’ ဒေသရှိ နယ်စပ်ဂိတ်များကို တရုတ်ဘက်က ပိတ်ထားမှုကြောင့် ‘ဝ’ ပြည်ရောက် ရခိုင်ဒေသခံ ဆောက်လုပ်ရေးအလုပ်သမား ၅၀၀ ကျော်မှာ အလုပ်ရပ်နားထားရကြောင်း သိရသည်။
16 Nov 2024
တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံသူများ ရှိသလို အများစုမှာ စစ်မတိုက်လိုသဖြင့် လက်နက်ချမည်ဟု AA ထံ ကမ်းလှမ်းလာခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
16 Nov 2024
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအများဆုံးဖြစ်ပြီး ကလေးသူငယ်များ၏ စိတ်ဒဏ်ရာများကို ကုစားရန် အသိပညာပေးမှုများ လိုအပ်နေကြောင်း မိဘများက ပြောဆိုကြသည်။
16 Nov 2024
ဦးစိုးမြင့်မှာ တောင်ကုတ်မြို့လယ်ရှိ ကိုင်းရှည်တံတားနှင့် အနီးပတ်ဝန်းကျင်ကို မိမိအသိစိတ်ဖြင့် နေ့စဉ် သန့်ရှင်းရေးလုပ်နေသည်မှာ ဆယ်စုနှစ်တစ်ခု ရှိနေပြီဖြစ်ကာ ရခိုင်ပြည်သူများက နှလုံးလှပရဟိတဆုကို ချီးမြှင့်ထားသူလည်း ဖြစ်သည်။
16 Nov 2024
ရခိုင်ဒေသအတွင်း စစ်ဘေးတိမ်းရှောင်နေရသည့် ကလေးသူငယ်အများစုမှာ ကုန်ထမ်းခြင်း၊ ရေခဲချောင်းရောင်းခြင်း၊ ကားရေဆေးခြင်း စသည့် ကြုံရာကျပန်း အလုပ်လုပ်ကိုင်နေကြရသည်။
15 Nov 2024
AA မြို့ပေါ်သို့ ထိုးဖောက်ဝင်ရောက်လာ၍ ကိုင်းရှည်တံတားနှင့် သိမ်တောင်ရပ်ကွက်အနီးတွင် နိုဝင်ဘာ ၁၃ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့အချိန်ထဲ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။
15 Nov 2024
ရခိုင်ပြည်၊ ဂွမြို့နယ်၊ ဂျိုင်ကောက်ကျေးရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား ၇ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
14 Nov 2024
ပျက်စီးသွားသည့် အဆောက်အအုံများမှာ တက္ကသိုလ်ကျောင်းဆောင်၊ ဆေးရုံ၊ ဆေးပေးခန်း၊ စာသင်ကျောင်း၊ သာသနိက အဆောက်အအုံများအပြင် ဈေများပါဝင်ပြီး လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့်ပျက်စီး သွားခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၁၃ ရက်ထုတ်ပြန်ချက်တွင်ပါရှိသည်။