စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး ဆွေးနွေးရန်အသင့်ရှိကြောင်း TNLA ထုတ်ပြန်

Admin 25 Nov 2024

“စစ်ဘေးဒဏ် အလူးအလဲခံစားနေတဲ့ ပြည်သူလူထုကို ထောက်ထားညှာတာနဲ့အတူ မိမိကိုယ်ကို ခုခံကာကွယ်ခွင့် အခွင့်အရေးကို ကိုင်စွဲပြီး ပြဿနာ အရပ်ရပ်ကို ဖြေရှင်းနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ အမြဲအသင့်ရှိတယ်” ဟု TNLA က ဆိုသည်။

ပိုးသတ်ဆေး မဖျန်းနိုင်၍ ရခိုင်က ဆောင်းသီးနှံစိုက်ခင်းများ ပျက်စီးမှုရှိလာ

Admin 25 Nov 2024

ဆောင်းသီးနှံစိုက်ခင်းများ၌ အသုံးပြုသည့် ဓာတ်မြေဩဇာတစ်အိတ်ကို ငွေကျပ် လေးသိန်းအထိ ပေါက်ဈေးရှိနေပြီး ယမန်နှစ်က ငွေကျပ် တစ်သိန်းခန့်သာ ရှိခဲ့သည်။

AA ထိုးစစ်ကြောင့် ချင်းကုန်းရွာအနီးက စစ်ကောင်စီတပ်သားများ တပ်ဆုတ်ထွက်ပြေး 

Admin 25 Nov 2024

AA က ဆပ်သွားရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီးနောက် ချင်းကုန်းရွာအနီးရှိ တပ်သားများကို ဆက်လက်တိုက်ခိုက်ခဲ့၍ နိုဝင်ဘာ ၂၃ ရက်တွင် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

ဖားကန့်တွင် ကျောက်လုပ်ကွက်များ ပိတ်ထား၍ ရွှေ့ပြောင်းလုပ်သားများ အခက်အခဲဖြစ် 

Admin 25 Nov 2024

ဖားကန့်ဒေသတွင် ရခိုင်ရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီရှိနေပြီး အများစုမှာ ရေမဆေးကျောက်ရှာခြင်း၊ ကျောက်တူးခြင်း၊ ကျောက်အရောင်းအဝယ် စသည့် လုပ်ငန်းတို့ကို အဓိက လုပ်ကိုင်ကြောင်း သိရသည်။

စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား 

Admin 23 Nov 2024

တောင်ကုတ်မြို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများမှာ မြို့ကို စွန့်ခွာပြီး အမ်းရိုးတောင်ကို ခြေလျင်ဖြတ်ကျော်ကာ ပြည်မဘက်သို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်။ 

ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ

Admin 23 Nov 2024

ကြက်ဥတစ်လုံးကို ငွေကျပ် ၁,၂၀၀ ထိ ဈေးရနေသော်လည်း စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသဖြင့် ကုန်ကြမ်းရှားပါးကာ ကြက်မွေးမြူရေးလုပ်ကိုင်သူများမှာ ရပ်တည်ရခက်ခဲလာသည်။ 

စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ

Admin 23 Nov 2024

ပြီးခဲ့သည့် စက်တင်ဘာလက စက်သုံးဆီ 92 တစ်လီတာကို ငွေကျပ် ၂၀,၀၀၀ ကျော်ရှိခဲ့ရာမှ ယခုလအတွင်း ငွေကျပ် ၅၀,၀၀၀ အထိ ဈေးနှုန်း ဆက်လက်မြင့်တက်နေသည်။ 

ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ

Admin 23 Nov 2024

ရမ်းဗြဲတွင် ဒေသတွင်းလူမှုကူညီရေး အဖွဲ့အစည်းနည်းပါးပြီး စစ်ဘေးရှောင်ဦးရေလည်း များပြားသဖြင့် စားဝတ်နေရေးဖူလုံအောင် ကူညီနိုင်ရန် အခက်အခဲများ ရှိနေသည်။

လေကြောင်းဗုံးကြဲမှုကြောင့် တစ်ရက်လျှင် အရပ်သား ၂ ဦးနှုန်း သေဆုံးနေ

Admin 22 Nov 2024

မြန်မာနိုင်ငံတွင် ယခုလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် တစ်ရက်လျှင် အရပ်သား ၂ ဦးနှုန်း သေဆုံးနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ချက်အရ သိရသည်။

ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် မင်္ဂလာဒုံတွင် စစ်ဆေးမှုတင်းကျပ် 

Admin 22 Nov 2024

မင်္ဂလာဒုံမြို့မရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူများကို ဒုက္ခပေးနေ၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု မြို့ပြပြောက်ကျားအဖွဲ့ Dark Shadow က ထုတ်ပြန်ထားသည်။ 

ရဲကင်းစခန်းတိုးချဲ့စဉ် နေအိမ်ဖယ်ရှားခံရသည့် စစ်တွေဒေသခံများ နေစရာမရှိ ဖြစ်နေ

Admin 22 Nov 2024

ရဲကင်းစခန်းအနီးရှိ နေအိမ်များကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ဖယ်ရှားခိုင်း၍ ယခုလအစောပိုင်းတွင် ဖြိုဖျက်ပေးလိုက်ရသော်လည်း ပြောင်းရွှေ့ရမည့်နေရာနှင့် အစားထိုးမြေနေရာ ချပေးခြင်း မရှိပေ။ 

လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

Admin 22 Nov 2024

နိုဝင်ဘာ ၂၁ ရက်က ဂွမြို့နယ်၊ ကျောင်းတောင်ရွာအတွင်း၌ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီက လက်နက်ကြီးနှင့် ရေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ 

Admin 22 Nov 2024

ကမ္ဘာတစ်ဝန်းတွင် ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် သေဆုံးသူအများဆုံးမှာ မြန်မာနိုင်ငံဖြစ်ကြောင်း နိုင်ငံတာကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေးလှုပ်ရှားမှုအဖွဲ့ (ICBL) ၏ နိုဝင်ဘာ ၂၀ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။

နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ  

Admin 22 Nov 2024

ရခိုင်ပြည်၊ အမ်းမြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် တိုက်ပွဲကာလ ဖမ်းဆီးထားသော အရပ်သားများကို စစ်ကောင်စီက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ထဲသို့ ပြောင်းရွှေ့ ချုပ်နှောင်ထားကြောင်း သိရသည်။ 

ရခိုင်ရေပိုက်နက်ထဲသို့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများ ခိုးဝင် ငါးဖမ်းမှု များပြားလာ 

Admin 21 Nov 2024

ရခိုင်ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးခိုးဖမ်းသည့် မည့်သည့် နိုင်ငံသားများကိုမဆို  တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူသွားမည်ဟု AA က ထုတ်ပြန်ပြောဆိုထားသည်။

တောင်ကုတ် စကခ (၅) ဌာနချုပ်ကို AA စတင်ထိုးစစ်ဆင်

Admin 21 Nov 2024

ရခိုင်ဒေသအတွင်း စစ်ဆင်ရေးများကို အထူးကပ်ကွဲလမ်းညွှန်ပေးနေသည့် စကခဌာနချုပ် သုံးခုရှိသည်။ ယင်းအထဲမှ စကခ (၉) ကျောက်တော်နှင့် စကခ(၁၅) ဘူးသီးတောင်တို့ကို AA က သိမ်းပိုက်ထားပြီး ဖြစ်သည်။ 

မြန်မာပြည်သူများအား ထောက်ပံ့နိုင်ရန် ဘက်ပေါင်းစုံနှင့်ဆွေးနွေးမည်ဟု WFP ကိုယ်စားလှယ်သစ် ပြော 

Admin 20 Nov 2024

မြန်မာနိုင်ငံသည် ပိုမိုဆိုးရွားလာသည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး နိုင်ငံအတွက် အရေးကြီးသော အခိုက်အတန့်တွင် မစ္စတာ ဒန်ဖော့ အား WFP ၏ ဌာနေကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်ဟု WFP က ထုတ်ပြန်ထားသည်။

တိုက်ပွဲကြားပိတ်နေသည့် တောင်ကုတ်မြို့ခံများကို AA ကယ်ထုတ်နေ

20 Nov 2024

AA သည် တောင်ကုတ်မြို့ ပန်းမြောက်တောင် အမြောက်တပ်နှင့် တောင်ကုတ်မြို့ မြောက်ဘက်ရှိ ရပ်ကွက် အများအပြားကို သိမ်းပိုက်ထားပြီး အဆိုပါရပ်ကွက်များနှင့် အခြားနေရာများ၌ ပိတ်မိနေသည့် ဒေသခံများကို အသုတ်လိုက် ကယ်ထုတ်နေသည်။

သန်းခေါင်စာရင်း ၆၃ ရာခိုင်နှုန်းကျော် ကောက်ယူထားပြီဟု စစ်ခေါင်းဆောင်ပြော

Admin 20 Nov 2024

သန်းခေါင်စာရင်းကောက်ယူရန် ကျန်ရှိနေသေးသည့် နေရာများကို ယခုနှစ်ကုန်အတွင်း အပြီးသတ် ကောက်ယူသွားမည်ဟု နိုဝင်ဘာ ၁၉ ရက် နေပြည်တော်အစည်းအဝေး၌ စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။ 

ကလေးသူငယ်များကို စာနာပေးဖို့ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့တွင် တောင်းဆို 

Admin 20 Nov 2024

မြန်မာ့ပြည်တွင်းစစ်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည့် ကလေးသူငယ်များကို စာနာပေးရန်လိုအပ်ကြောင်း ယနေ့ကျရောက်သည့် (၃၅) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့မှာ မြန်မာပြည်သူများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက တောင်းဆိုကြသည်။

Showing 481-500 of 8,644 items.