အမ်းက စစ်ဘေးရှောင် ၅,၀၀၀ ကျော် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေ

Admin 10 Dec 2024

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း အမ်းမြို့နယ်မှ စစ်ဘေးရှောင် ကလေးငယ် ၃ ဦးနှင့် သက်ကြီးပိုင်း အမျိုးသမီး ၂ ဦးမှာ အအေးဒဏ်ကြောင့် ဖျားနာရာမှ ဆေးမကုသနိုင်၍ အသက်သေဆုံးခဲ့ရသည်။

တောင်ကုတ်တိုက်ပွဲ ပြင်းထန်နေ၊ စစ်ကောင်စီ ဗုံးကြဲမှုကြောင့် လူနေအိမ်များ မီးလောင်ပျက်စီး

Admin 10 Dec 2024

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၅) ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

ပုဏ္ဏားကျွန်း စစ်ဘေးရှောင်များ ရေရှားပါးမှုကို ကြုံနေရပြီ 

10 Dec 2024

နိုဝင်ဘာလဆန်းပိုင်းမှစ၍ ရေရှားပါးမှုပြဿနာကို ကြုံတွေ့နေရပြီး နီးစပ်ရာကျေးရွာများရှိ ရေကန်များမှလည်း အကန့်အသတ်ဖြင့်သာ ခပ်ယူခွင့်ရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

နပခကို အပြီးသတ် သိမ်းပိုက်နိုင်ရေး AA ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန် 

Admin 10 Dec 2024

“အခု နပခထဲကို ဝင်ပြီးတော့ တိုက်နေတာ။ အဲဒီကောင်(စစ်ကောင်စီတပ်သား)တွေက အပြင်ကို မထွက်ရဲတော့ဘူး။ အထဲကပဲ ခုခံနေတာ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထွက်ပြေးသွားသည့် ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ဖမ်းမိထားကြောင်း AA အတည်ပြု

Admin 10 Dec 2024

စကခ (၁၅) တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် ဘူးသီးတောင်မြို့ကို AA က သိမ်းပိုက်ပြီးနောက် မောင်တောမြို့နယ်သို့ ထွက်ပြေးသွားခဲ့ပြီး နခခ(၅)စခန်းမှ အထိုင်ချကာ AA ၏ ထိုးစစ်ကို ကာလကြာရှည် ခုခံခဲ့သူဖြစ်သည်။

မောင်တောဒေသ ကျရှုံးမှုနှင့် ရခိုင်စစ်ရေးအခင်းအကျင်း

Admin 09 Dec 2024

အာရက္ခတပ်တော်အနေဖြင့် မောင်တောကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်၍ ရခိုင်မြောက်ပိုင်းက တစ်ခု တည်းကျန်ရှိနေသော စစ်တွေကို ချန်လှပ်ထားမည့် အခြေအနေမတွေ့ရကြောင်း စစ်ရေးအကဲခက်သူတို့က သုံးသပ်ကြသည်။ 

စစ်တွေတွင် ကျေးရွာ ၄ ရွာမှ ဒေသခံများကို စစ်ကောင်စီ နှင်ထုတ်

Admin 09 Dec 2024

ကျေးရွာသားအများစုမှာ ယခင်ကတည်းက လွတ်မြောက်နယ်မြေများသို့ ထွက်ပြေးနေကြပြီး အိမ်စောင့်အဖြစ် ကျန်နေသူအချို့သာရှိသော်လည်း ယခုအခါ အားလုံးကို စစ်ကောင်စီက နှင်ထုတ်နေခြင်းဖြစ်သည်။ 

အကျပ်အတည်းများစွာဖြင့် ရင်ဆိုင်နေရသော ဧရာဝတီရောက် ရခိုင်စစ်ရှောင်များ

Admin 09 Dec 2024

ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင်များမှာ ကူညီထောက်ပံ့မှု လုံးဝမရရှိဘဲ စားဝတ်နေရေးအတွက် ကြုံရာကျပန်းလုပ်ကိုင်နေကြရပြီး အလုပ်အကိုင်ရှားပါးမှု၊ လုပ်ငန်းလုပ်ကိုင်ခွင့် ကန့်သတ်ခံရမှုများကိုလည်း ကြုံတွေ့နေရသည်။

ရွေးကောက်ပွဲကို နိုင်ငံတကာအား စောင့်ကြည့်လေ့လာခွင့်ပြုမည်ဟု စစ်ကောင်စီပြော

Admin 08 Dec 2024

လာမည့် ၂၀၂၅ ခုနှစ်တွင် ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းအားလုံးအား စောင့်ကြည့်လေ့လာခွင့်ပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကိုကိုက ပြောသည်။

အရေပြားရောဂါကို ကာလရှည်ကြာ ခံစားနေရသည့် စစ်ဘေးရှောင်များ

Admin 07 Dec 2024

စစ်ဘေးရှောင်များမှာ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင် မြို့နယ်တို့မှဖြစ်ပြီး  ၂၀၂၄ နှစ်စပိုင်းကနေ ဖြစ်ပွားနေသည့် အရေပြားရောဂါမှာ ယခုအချိန်ထိ ပျောက်ကင်းခြင်းမရှိဘဲ ကူးစက်ပြန့်ပွားနေသည်။

ဂွမြို့သိမ်းတိုက်ပွဲ ဘယ်အထိ ရောက်နေပြီလဲ

Admin 07 Dec 2024

စစ်ကောင်စီသည် လေကြောင်းပစ်ကူ၊ ရေကြောင်း၊ Suicide Drone မောင်းသူမဲ့ အသေခံဒရုန်းများကို အသုံးပြု၍ အသည်းအသန် ခုခံနေသည့်ကြားမှ လက်ကျန်စခန်းများကို အပြီးသတ် သိမ်းပိုက်နိုင်ရေး တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်နေကြောင်း AA က ထုတ်ပြန်ထားသည်။

အမ်းက လက်ကျန် နပခ မကျရေး စစ်ကောင်စီ အဆုံးထိခုခံနေ

Admin 07 Dec 2024

အမ်းဒေသတွင် စစ်ကောင်စီ၏ ဗျူဟာဌာနချုပ်၊ တပ်ရင်းတပ်ခွဲနှင့် စခန်းငယ်၊ ကာကင်းစခန်းကြီးအပါအဝင် စခန်းပေါင်း (၃၀) ကျော်နှင့် အမ်းမြို့ကို AA က ထိန်းချုပ်ထားပြီး ကျန်ရှိနေသေးသည့် နပခ ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေကြောင်း AA က ထုတ်ပြန်ထားသည်။ 

ကျောက်တော် ကန်စောက်တောင်အနီး မိုင်းနင်းမိ၍ လူငယ်တစ်ဦး သေဆုံး 

Admin 07 Dec 2024

အသက် (၂၄) နှစ်အရွယ် ကိုအောင်စိုးပိုင်မှာ အဖော်တစ်ဦးနှင့်အတူ ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းအချိန် ကန်စောက်တောင်ခြေရင်းရှိ အမှတ် (၅၃၉) တပ်ရင်းအနီး၌ ထင်းခုတ်ရန်သွားစဉ် မိုင်းနင်းမိသွားပြီး သေဆုံးသွားခြင်း ဖြစ်သည်။

လုပ်သားရှားပါး၍ ရသေ့တောင်က လယ်သမားများ တစ်ဝက်ပေးစနစ်ဖြင့် စပါးရိတ်သိမ်းနေရ 

Admin 07 Dec 2024

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်မှ လယ်သမားများမှာ စပါးရိတ်သိမ်းရန် လုပ်သားရှားပါးမှုကြောင့် လယ်တစ်ဧက ရိတ်သိမ်းရာမှ ရရှိလာသည့် စပါးများကို အလုပ်သမားတစ်ဝက်၊ လယ်ရှင်တစ်ဝက် စနစ်ဖြင့် ခွဲယူနေရသည်။

ရခိုင်လူငယ်များ မှတ်ပုံတင်အခက်အခဲကြောင့် နိုင်ငံခြားတွင် ပညာသွားသင်ရန် အခက်အခဲဖြစ်

07 Dec 2024

၁၈ နှစ်ပြည့် မှတ်ပုံတင်ကဒ် လဲလှယ်ရန်နှင့် ပျောက်ဆုံးမှတ်ပုံတင် အသစ်ပြန်လျှောက်ခြင်းကို  သက်ဆိုင်ရာ လဝကရုံးများတွင် လုပ်၍ရသော်လည်း လုံခြုံရေးအာမခံချက်မရှိ၍ အခက်ကြုံနေရသည်။

ANP လူငယ်ခေါင်းဆောင်ဟောင်း ကိုဂန်ဘာရီ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံရ

Admin 06 Dec 2024

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲခံထားရသော ရခိုင်အမျိုးသားပါတီ (ANP) မှ လူငယ်ခေါင်းဆောင်ဟောင်း ကိုဂန်ဘာရီ (ခ) ကိုခင်ဝင်းမောင် ကို စစ်ကောင်စီက ထောင်ဒဏ် (၁၂) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။ 

အမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်သားများ ဆက်တိုက်ထွက်ပြေး‌နေ  

Admin 06 Dec 2024

အာရက္ခတပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့မှ စစ်ကောင်စီတပ်သားများမှာ လက်နက်ချအလင်းဝင်းမှု၊ ထွက်ပြေးမှုများ ဆက်တိုက်ဆိုသလို ရှိနေသည်။ 

ဆေးဝါးပြတ်နေသည့် ရခိုင်တွင် တီဘီရောဂါဖြစ်ပွားမှု များလာ

Admin 06 Dec 2024

ကျောက်တော်မြို့နယ်၊ လမ်းပိုက်ခွင်ကျေးရွာမှ တီဘီဝေဒနာရှင် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးမှာ ဆေးဝါးပြတ်လပ်ပြီးနောက် ရောဂါပြင်းထန်လာသဖြင့် နိုဝင်ဘာ ၁၉ ရက်နေ့တွင် သေဆုံးသွားခဲ့ရသည်။

ဂွတွင် စစ်ကောင်စီက အမြောက်တပ်နှစ်ခု ထပ်တိုး

Admin 06 Dec 2024

စစ်ကောင်စီသည် ဂွမြို့မကျရှုံးရေးအတွက် စစ်အင်အားများကို ဧရာဝတီဘက်မှ စစ်ကားများဖြင့် မကြာခဏ ဖြည့်တင်းကာ မြို့ပေါ်တပ်ရင်းများနှင့် မြို့အဝင်/အထွက်ရှိ တိုးချဲ့တပ်စခန်းများသို့ ပို့ဆောင်လျက်ရှိသည်။

တောထဲရောက် ရခိုင် စစ်ဘေးရှောင် တစ်သောင်းကျော် နေထိုင်ရေးအခက်ကြုံ

Admin 06 Dec 2024

အမ်း၊ တောင်ကုတ်၊ ဂွ မြို့နယ်တို့တွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၅ သောင်းဝန်းကျင်ရှိပြီး ယင်းအထဲမှ စစ်ဘေးရှောင် ၁ သောင်းကျော်မှာ တောတောင်ထဲတွင် အအေးဒဏ်နှင့် အစားအစာပြတ်လပ်မှုဒဏ်ကို ရင်ဆိုင်နေကြရသည်။

Showing 421-440 of 8,644 items.