တောင်ကုတ်မြို့ ညမထွက်ရအမိန့်ဖောက်ဖျက်သူ ၁၅ ဦးကို ထောင်ဒဏ် ၁ လချမှတ်ထား

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၌  ညမထွက်ရအမိန့် ပုဒ်မ -၁၄၄ အား ဖောက်ဖျက်သူ ၁၅ ဦးအား ထောင်ဒဏ် ၁ လချမှတ်ခဲ့ကြောင်း ဒေသအာဏာပိုင်များထံမှသိရသည်။

By အောင်ကောင်းဇော် 15 Oct 2020

အောင်ကောင်းဇော် | DMG
အောက်တိုဘာ ၁၅ ၊ မာန်အောင်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၌  ညမထွက်ရအမိန့် ပုဒ်မ -၁၄၄ အား ဖောက်ဖျက်သူ ၁၅ ဦးအား ထောင်ဒဏ် ၁ လချမှတ်ခဲ့ကြောင်း ဒေသအာဏာပိုင်များထံမှသိရသည်။

အဆိုပါမြို့နယ်၌ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ညမထွက်ရအမိန့်ကို စက်တင်ဘာ ၂ ရက်နေ့မှစ၍ထုတ်ပြန်ထားကြောင်း၊ ယင်းသို့ ထုတ်ပြန်သည့်နေ့မှစ၍ အောက်တိုဘာ ၁၄ ရက်နေ့အထိ ဖောက်ဖျက်သူ ၁၅ ဦးကို ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် အရေးယူလိုက်ခြင်းဖြစ်သည်။

“၉ နာရီနောက်ပိုင်း စည်းကမ်းမလိုက်နာဘဲ အရက်သောက်ထွက်နေသူတွေပေါ့၊ အကုန်လုံးက ၁၇ ဦး၊ အဲဒီထဲမှာ ၁၅ ဦးကို ထောင်ဒဏ်တစ်လစီ ချမှတ်ထားပြီး ကျန် ၂ ဦးကိုလည်း အရေးယူဖို့အတွက် စီစဉ်ဆောင်ရွက်နေ ကြတယ်” ဟု တောင်ကုတ်မြို့နယ် ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစန်းဝင်းက DMG သို့ ပြောဆိုသည်။

တောင်ကုတ်မြို့နယ်၌ အောက်တိုဘာ ၁၅ ရက်နေ့ထိ COVID-19 ပိုးတွေ့လူနာ ၁၆ ဦးအထိရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြတ်ချက်အရ သိရသည်။

ထို့ပြင် သံတွဲမြို့နယ်တွင်လည်း စက်တင်ဘာလမှ အောက်တိုဘာလ ယနေ့အချိန်ထိ ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၂၆ ဦးအား ထောင်ဒဏ် ၁ လချက်မှတ်ခဲ့ပြီး အများပြည်သူ သွားလာရာနေရာတို့မှာ မူးယစ် သောက်စားသူနေသူ ၁၀ ဦးကျော်ကိုလည်း မြန်မာနိုင်ငံရဲအက်ဥပဒေ ပုဒ်မ ၄၇ ဖြင့် အရေးယူထားသည်။

ဗီဒီယိုများ