- မာလာကျေးရွာသားများ ပြန်လည်ထူထောင်ရေး ခက်ခဲနေ
- ထရမ့်မဟာမိတ် ချာလီကာ့ခ်အား လုပ်ကြံသူဟု သံသယရှိသူကို ဖမ်းမိ
- သရက်တပင်ရွာ ဗုံးကြဲခံရမှု ထိခိုက်သေဆုံးသူများထဲ အသက်မပြည့်သေးသည့် ကလေးငယ် ၂၅ ဦး ပါဝင်
- ကျောက်တော်က စာသင်ကျောင်းကို တိုက်ခိုက်ခြင်းမှာ အကြမ်းဖက်မှုဖြစ်ကြောင်း UNICEF ပြော
- ဆေးဝါးပြတ်လပ်နေ၍ စစ်တွေမြို့ခံများ ဆေးဖက်ဝင် အပင်ကို မှီဝဲနေရ
ပုဏ္ဏားကျွန်းတွင် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး မိုင်းထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာရရှိ
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲကျေးရွာတွင် ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့ နေ့လယ် ၁၁ နာရီ ကျော်ခန့်က အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး မိုင်းထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
21 Jul 2021
DMG ၊ ဇူလိုင် ၂၁
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲကျေးရွာတွင် ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့ နေ့လယ် ၁၁ နာရီ ကျော်ခန့်က အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး မိုင်းထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
မိုင်းထိမှန်သည့် လူငယ်မှာ အသက် ၁၆ အရွယ် ကိုဘမောင်ဖြစ်ပြီး ညာဖက်ခြေ ဒူးဆစ်အောက်ပြတ်ထွက်ဒဏ်ရာနှင့် ဘယ်ဖက်ခြေတို့တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC ဥက္ကဌ ဦးရွှေဘော်စိန်က ပြောသည်။
"အသက် ၁၆ နှစ်အရွယ်လောက်ဆိုပြီးတော့ သိရပါတယ်။ လောလောဆယ် မေးကြည့်နေပါသေးတယ်။ ကျန်တဲ့သတင်းတွေတော့ အတိကျမသိရသေးပါဘူး" ဟုဆိုသည်။
မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားသည့် လူငယ်ကို ယိုးတရုတ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ပုဏ္ဏားကျွန်းမြို့နယ် လူမှုကူညီရေးအသင်းဝင် ကိုအောင်ကိုကိုက ပြောသည်။