ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အား ထိုင်းတရားရုံးချုပ်က ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။

By Admin 09 Sep 2025

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တရားရုံးချုပ်သို့ ရောက်ရှိလာသော သက်ဆင်ရှင်နာဝပ်ကို သမီးဖြစ်သူ ပေတုံတန်ရှင်နာဝပ်နှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ - AFP

အသက် ၇၆ နှစ်အရွယ် သက်ဆင်ရှင်နာဝပ်သည် ၂၀၀၆ ခုနှစ်က ထိုင်းဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေစဉ် စစ်တပ်အာဏာသိမ်းမှု ပြီးပွားပြီးနောက် ရာထူးမှ ရပ်ဆိုင်းခံခဲ့ရသည်။

နောက်ပိုင်းတွင် နိုင်ငံမှ ထွက်ခွာ တိမ်းရှောင်သွားပြီးနောက် ၂၀၂၃ ခုနှစ်တွင် ထိုင်းသို့ ပြန်ဝင်လာသည့် သက်ဆင်သည် အကျင့်ပျက်မှု၊ အာဏာအလွဲသုံးမှုတို့ဖြင့် ထောင်ဒဏ် ၈ နှစ် ကျခံခဲ့ရသည်။

သို့သော်လည်း သက်ဆင်သည် ကျန်းမာရေးကို အကြောင်းပြပြီး ဘန်ကောက်ရှိ အထွေထွေ ရဲဆေးရုံကြီးတွင် သီးသန့်အခန်း၌သာ နေထိုင်ခဲ့သည့်အတွက် လူထုအကြား ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

သက်ဆင်ကို ထိုင်းဘုရင်က ထောင်ဒဏ်သက်တမ်းအား ၁ နှစ်အထိ လျှော့ပေးခဲ့ပြီးနောက် ၆ လအကြာတွင် အာမခံဖြင့် ပြန်လွတ်လာပြီး ပြင်ပတွင် နေထိုင်ခဲ့သည်။

ယနေ့ အမိန့် ချမှတ်ချိန်၌ တရားသူကြီးက "သူ့ကို ဆေးရုံကို ပို့တာဟာ တရားမဝင်ဘူး။ သူ့ရဲ့ ကျန်းမာရေးဟာ အရေးပေါ် အခြေအနေ မဟုတ်မှန်း သူသိတယ်။ ဆေးရုံမှာ နေခဲ့တဲ့ ကာလကို အကျဉ်းသက်တမ်းလို့ သတ်မှတ်လို့ မရနိုင်ဘူး" ဟု ပြောကြားသည်။

သက်ဆင်သည် ယခုအခါ ဘန်ကောက်မြို့ရှိ ရီမန်အကျဉ်းထောင်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။