- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
ထိုင်းနှင့် ကမ္ဘောဒီးယားအကြား နှစ်နိုင်ငံ နယ်စပ်တွင် နေရာချထားသည့် လက်နက်ကြီးများနှင့် စစ်ဘက်ဆိုင်ရာ ကိရိယာများ ပြန်လည်ရုပ်သိမ်းရန်၊ မိုင်းရှင်းလင်းရန်၊ ငွေလိမ်ဂိုဏ်းများ နှိမ်နင်းရန်နှင့် နယ်စပ်ဂိတ်အချို့ ပြန်ဖွင့်ရန် သဘောတူလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
10 Sep 2025

ထိုင်းနှင့် ကမ္ဘောဒီးယားအကြား နှစ်နိုင်ငံ နယ်စပ်တွင် နေရာချထားသည့် လက်နက်ကြီးများနှင့် စစ်ဘက်ဆိုင်ရာ ကိရိယာများ ပြန်လည်ရုပ်သိမ်းရန်၊ မိုင်းရှင်းလင်းရန်၊ ငွေလိမ်ဂိုဏ်းများ နှိမ်နင်းရန်နှင့် နယ်စပ်ဂိတ်အချို့ ပြန်ဖွင့်ရန် သဘောတူလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
စက်တင်ဘာလ ၁၀ ရက်နေ့တွင် နှစ်နိုင်ငံ နယ်စပ်ရေးရာ အထွေထွေကော်မတီ၏ အစည်းအဝေးအပြီး ယခုကဲ့သို့ သဘောတူညီချက် ရခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ယာယီကာကွယ်ရေးဝန်ကြီး နက်တာဖန်နာဖန်နစ်၏ ပြောကြားချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ဖော်ပြခြင်း ဖြစ်သည်။
နယ်စပ်တွင် နေရာချထားသည့် လက်နက်ကြီးများကို ပြန်လည်ရုပ်သိမ်းရေးအတွက် လိုအပ်သည်များကို သုံးလအတွင်း အပြီးသတ် ညှိနှိုင်းသွားမည်ဟု ဝန်ကြီးက ပြောကြားသည်။
မိုင်းရှင်းလင်းရေးအတွက်လည်း ထိုင်း-ကမ္ဘောဒီးယား ပူးတွဲကော်မတီတစ်ရပ်ကို တစ်ပတ်အတွင်း ဖွဲ့စည်းပြီး တစ်လထက် နောက်မကျဘဲ ရှင်းလင်းရေးလုပ်ငန်းများ စတင်ရန် သဘောတူခဲ့ကြောင်း သတင်းတွင် ဖော်ပြချက်အရ သိရသည်။
နှစ်နိုင်ငံ နယ်စပ်တွင် ကမ္ဘောဒီးယား၏ မိုင်းများကြောင့် ပြီးခဲ့သည့် တစ်လခွဲခန့်အတွင်း ထိုင်းစစ်သား ၁၄ ဦးအထိ ဒဏ်ရာရခဲ့ပြီး ခြေတစ်ဘက် ဖြတ်လိုက်ရသူ ၆ ဦးအထိ ရှိခဲ့သည်။
နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်စတင်နိုင်ရေးအတွက်လည်း ချန်ထဘူရီနှင့် ထရတ်ခရိုင်များရှိ နယ်စပ်ဂိတ်များကို ကနဦး စတင်ဖွင့်လှစ်သွားမည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။
ဇူလိုင်လ ၂၄ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် ထိုင်းနှင့် ကမ္ဘောဒီးယားအကြား နယ်စပ်ပဋိပက္ခများကြောင့် သေဆုံးသူ ၃၆ ဦးထက်မနည်း ရှိပြီး နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ အရေအတွက်မှာလည်း တစ်သိန်းခွဲအထက်တွင် ရှိခဲ့သည်။