- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
မောင်တောတွင် ARSA တိုက်ခိုက်၍ အရာရှိတစ်ဦးနှင့် အလုပ်သမားနှစ်ဦးသေဆုံး
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ မှတ်တိုင် (၄၅) ဝေလာတောင်ကျေးရွာအနီး နယ်စပ်ခြံစည်းရိုးနှင့် ဘန်ကာများဆောက်လုပ်နေသည့် အင်ဂျင်နီယာကားကို ၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့ နေလည် ၁ နာရီခန့်တွင် ARSA အကြမ်းဖက်အဖွဲ့ တိုက်ခိုက်၍ အရာရှိတစ်ဦးနှင့် အလုပ်သမားနှစ်ဦး သေဆုံးသွားကြောင်း မောင်တောခရိုင် စီမံအုပ်ချုပ်ရေး ဥက္ကဌ ဦးစိုးအောင်က DMG သို့ ပြောသည်။
06 Mar 2021
DMG ၊ မတ် ၆
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ မှတ်တိုင် (၄၅) ဝေလာတောင်ကျေးရွာအနီး နယ်စပ်ခြံစည်းရိုးနှင့် ဘန်ကာများဆောက်လုပ်နေသည့် အင်ဂျင်နီယာကားကို ၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့ နေလည် ၁ နာရီခန့်တွင် ARSA အကြမ်းဖက်အဖွဲ့ တိုက်ခိုက်၍ အရာရှိတစ်ဦးနှင့် အလုပ်သမားနှစ်ဦး သေဆုံးသွားကြောင်း မောင်တောခရိုင် စီမံအုပ်ချုပ်ရေး ဥက္ကဌ ဦးစိုးအောင်က DMG သို့ ပြောသည်။
"ဟုတ်တယ်။ ခြံစည်းရိုးပြုပြင်နေတဲ့အဖွဲ့တွေ ကားနဲ့ သဲလာယူကြတာလို့ပြောတယ်။ ARSA အဖွဲ့ တိုက်ခိုက်လို့ အရာရှိတစ်ဦးနဲ့ အလုပ်သမားမြိုလူမျိုး ၂ ဦး သေသွားတယ်လို့သိရတယ်" ဟု ပြောသည်။
ARSA အကြမ်းဖက်အဖွဲ့ တိုက်ခိုက်၍ သေဆုံးသွားသူမှာ အမှတ် (၉၄၂) အင်ဂျင်နီယာတပ်ရင်းမှ ဒုအရာခံဗိုလ် သက်ထွန်းအောင်နှင့် အလုပ်သမားများဖြစ်သည့် မြိုလူမျိုး ကိုဌေးဝင်း (၁၈) နှစ်နှင့် ကိုစံရင်း (၁၇)နှစ် တို့ဖြစ်သည်။
"သူတို့အဖွဲ့က ခြံစည်းရိုးလုပ်နေသလို ဝေလာတောင် ကင်းစခန်းက ဘန်ကာတွေကို ဆောက်နေတာပါ။ မနေ့က နေ့လည် ၁ နာရီကျော်မှာ ကားနဲ့ သဲသွားယူရာမှာ တိုက်ခိုက်ခံရတာပါ။ အရာရှိ ၁ ဦးနဲ့ မြိုလူမျိုးအလုပ်သမား ၂ ဦး သေဆုံးသွားတယ်။ " ဟု ဝေလာတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကံလှမောင်က ဆိုသည်။
ဝေလာတောင် ကျေးရွာသွားလမ်းတွင် ARSA အကြမ်းဖက်အဖွဲ့ တိုက်ခိုက်မှု အမြဲလိုလိုရှိနေသည့်အတွက် ဒေသခံကျေးရွာသားများမှာ မသွားမလာရဲဘဲ စိုးရိမ်လျက်ရှိနေကြသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း မင်္ဂလာညွန့်ကျေးရွာသားတစ်ဦး ဝေလာတောင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ဝက်သားသွားရောင်းစဉ် ARSA အကြမ်းဖက်အဖွဲ့ တိုက်ခိုက်၍ ဆိုင်ကယ် မီးရှို့ခံခဲ့ရကြောင်းနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့လည်း ARSA အကြမ်းဖက်အဖွဲ့ တိုက်ခိုက်၍ သေဆုံးမှုများရှိနေသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း မောင်တောမြို့နယ် မြောက်ပိုင်း၊ တောင်ပြိုနယ်စပ် မိုင်တိုင်အမှတ် ၃၆/၃၇ ကြားတွင် နယ်စပ်ခြံစည်းရိုးပြုပြင်သည့် အလုပ်သမားများ မိုင်းနှင်းမိ၍ နှစ်ဦးဒဏ်ရာရရှိခဲ့သည်။