- ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေဟု AA ပြော
- ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ရေကြည်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ
- တက္ကနာ-မောင်တော ကုန်သွယ်ရေး ရပ်နေသည့်အတွက် တက္ကနာဆိပ်ကမ်းရှိ သိုလှောင်ကုန်များ ပျက်စီး
မင်းပြားတွင် မိုင်းနင်းမိ၍ သက်ကြီးပိုင်းအမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ င/စရိုင်းချောင်း(မင်းရွာ)မှ သက်ကြီးပိုင်းအမျိုးသားတစ်ဦးမှာ ယနေ့(သြဂုတ်လ ၅ ရက်) နံနက်ပိုင်းက မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
05 Aug 2022

DMG ၊ သြဂုတ် ၅
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ င/စရိုင်းချောင်း(မင်းရွာ)မှ သက်ကြီးပိုင်းအမျိုးသားတစ်ဦးမှာ ယနေ့(သြဂုတ်လ ၅ ရက်) နံနက်ပိုင်းက မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
မိုင်းနင်းမိသူမှာ အသက်(၇၀)နှစ်ရှိသည့် ဦးရွှေစိန်မောင်ဖြစ်သည်။ ၎င်းမှာနံနက် ၇ နာရီခွဲခန့်တွင် ကျေးရွာနှင့်တစ်မိုင်ကျော်ဝေးသည့် မြောင်းကြီးဆည်ဖက်သို့သွားစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်ဟု လူနာအား သွားရောက်ယူဆောင်ခဲ့သူ ကိုကျော်ထူးက DMG သို့ပြောသည်။
"သူက တိုင်တွေခုတ်ဖို့ တောင်ပေါ်ကိုတက်သွားတဲ့အချိန်မှာ လမ်းမကြီးပေါ်မှာ ဆိုင်ကယ်သမားတချို့ရှိတယ်။ ခဏအကြာ မိုင်းပေါက်သံထွက်လာတော့ ဘယ်သူဘယ်ဝါမိုင်းထိသလဲဆိုပြီး ဆိုင်ကယ်သမားတချို့က တက်ရှာကြရင်းတွေ့တာ"ဟု ၎င်းကပြောသည်။
ထိုသို့မိုင်းပေါက်ကွဲမှုကြောင့် ဦးရွှေစိန်မောင်တွင် ညာခြေဖဝါး ပြတ်ထွက်သည့်ဒဏ်ရာနှင့် ခန္ဓာကိုယ်နေရာအနှံ့တွင် မိုင်းစများထိမှန်သည့် ဒဏ်ရာများရရှိသွားကြောင်း သိရသည်။
"ဒဏ်ရာပြင်းတယ်။ သွေးထွက်လွန်ပြီး တစ်ခုခုဖြစ်သွားမှာ စိုးရိမ်လို့ မင်းပြားဆေးရုံကို ရွာကကားနဲ့အရေးပေါ်ပို့လိုက်ရတယ်"ဟု ကိုကျော်ထူးကဆိုသည်။
ပြီးခဲ့သည့်ဇူလိုင်လ ၃ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ အထက်ခချီးမြောင်ကျေးရွာမှ ဒေသခံတစ်ဦး တောင်ပေါ်သို့ဝါးခုတ်သွားစဉ် မိုင်းနင်းမိပြီး ဒဏ်ရာရရှိသွားခဲ့သည်။
ရခိုင်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ စစ်ကျန်လက်နက်နှင့် မိုင်းပေါက်ကွဲမှုတို့ကြောင့် သေဆုံးသူ ၆ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၁ ဦးအထိ ရှိလာသည်။