- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
ရေအရင်းအမြစ်ရှိသော်လည်း မင်းပြားတွင်ရေရှားပါး၊ ပိုက်လိုင်းနှင့် ရေတွန်းအားစက်လိုအပ်နေ
မင်းပြားမြို့ရှိ ဆည်များတွင် ရေပေးရန် ပိုက်လိုင်းများနှင့် ရေတွန်းအားပေးစက်များ တပ်ဆင်ထားခြင်းမရှိသေးသည့်အတွက် ရေးရှားပါးမူဒဏ်ကို ခံနေရသည်ဟု ဒေသခံများကပြောသည်။
29 Mar 2021
DMG ၊ မတ် ၂၉
မင်းပြားမြို့ရှိ ဆည်များတွင် ရေပေးရန် ပိုက်လိုင်းများနှင့် ရေတွန်းအားပေးစက်များ တပ်ဆင်ထားခြင်းမရှိသေးသည့်အတွက် ရေးရှားပါးမူဒဏ်ကို ခံနေရသည်ဟု ဒေသခံများကပြောသည်။
မင်းပြားမြို့ကို ယခုလက်ရှိ ရေပေးနေသည့် ဂရင်ဂျိုင်ဆည်မှာ ယခုလကုန်အထိသာ ပေးနိုင်မည်ဖြစ်သည့်အတွက် ရေရှားမှုဖြေရှင်းရန်အတွက် ဖလောင်းပြင်ဆည်များမှ ရေပေးဝေနိုင်ရန် ရေတွန်းအားပေးစက်များ လိုအပ်နေခြင်းဖြစ်သည်။
“ဂရင်ဂျိုင်ဆည်ကတော့ မတ်လကုန်ရင် မြို့ကိုပေးလို့မရတော့ဘူးဆိုတော့ ဖလောင်းပြင်ဆည်က ရေကိုလွှတ်ဖို့အတွက် ရေတွန်းစက် တစ်ခုမရှိသေးပါဘူး။ ရေစုကန်တွေအကုန်လုံး တည်ဆောက်ပြီးပါပြီ။ နောက်နှစ် ဘတ်ဂျတ်လောက်မှ အကောင်အထည်ပေါ်လာမှာဆိုတော့ ကျနော်တို့ မင်းပြားမြို့ကတော့ ရေတွန်းစက်တစ်လုံးမရရင် တော်တော်လည်းအခက်အခဲဖြစ်မှာပါ" ဟု မင်းပြားမြို့စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးကျော်မင်းခိုင်က ပြောသည်။
မင်းပြားမြို့ကို ရေပေးနိုင်ရန်အတွက် မြောင်းကြီးဆည်၊ ဖလောင်းပြင်ဆည်နှင့် ဂရင်ဂျိုင်ဆည် စသည့်ဆည်များရှိသော်လည်း မြောင်းကြီးဆည်မှရေကို သယ်ယူနိုင်ရန် ရေပိုက်လိုင်းများ တပ်ဆင်မှုမရှိသေးသလို ဖလောင်းပြင်ဆည်မှ ရေကိုသယ်ယူရန်အတွက် ရေပိုက်များ၊ ရေစုကန်များရှိသော်လည်း ရေတွန်းစက်မရှိသေး သဖြင့် လတ်တလောရေပေးဝေနိုင်မှုမရှိသေးပေ။
မင်းပြားတွင် ရေပြတ်လပ်မှုကို နှစ်စဉ်နှစ်တိုင် ကြုံတွေ့ရသည့်အတွက် တခြားနေရာမှ ရေဝယ်သုံးရသည့်အခါ ကျန်းမာရေးအတွက်လည်း စိုးရိမ်းရကြောင်း မင်းပြားဒေသခံ မအေးအေးအောင်ကပြောသည်။
“တခြားနေရာက ရေဝယ်ပြီးသုံးရင်လည်း မသန့်ရှင်းတဲ့အတွက် ခန္ဓာမှာ ယားနာတွေဖြစ်တယ်၊ ရေက နေ့တိုင်းအသုံးလိုနေတဲ့ အရာဖြစ်တော့ ရေရှားပါးလာရင်အရမ်းကို ခက်ခဲပါတယ်” ဟု ဆိုသည်။
မင်းပြားမြို့ပေါ်တွင် ရေကန် ၃၄ ကန်နှင့် ဆည်သုံးခုအထိရှိပြီး မြောင်းကြီးဆည်တွင် ရေဂါလံ ၁၄၅ သန်း၊ ဖလောင်းပြင်ဆည်တွင် ရေဂါလံ ၆၇ သန်းနှင့် ဂရင်ဂျိုင်ဆည်တွင် ရေဂါလံ သန်း ၂၀ ခန့်သာသိုလှောင်နိုင်သည့်တွက် ဂရင်ဂျိုင်ဆည်မှရေမှာ မြို့လူဦးရေနှင့် မမျှတော့သည့်အတွက် ရေရှားပါးမှုကို နှစ်စဉ်ကြုံတွေ့နေရခြင်းဖြစ်သည်။