- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
မြေပုံမြို့တွင် စစ်ကျန်လက်နက်ပေါက်ကွဲ၍ လူငယ်တစ်ဦး ပြင်းထန်ဒဏ်ရာရ
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာတွင် ယနေ့ မတ်လ ၈ ရက်နေ့ နေ့လည် ၂ နာရီကျော်က ကျေးရွာအနီး စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။
08 Mar 2021
DMG၊ မတ် ၈
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာတွင် ယနေ့ မတ်လ ၈ ရက်နေ့ နေ့လည် ၂ နာရီကျော်က ကျေးရွာအနီး စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။
ဒဏ်ရာရရှိသူမှာ ဦးညီပုချေ အသက် (၂၇) နှစ်ဖြစ်ပြီး ခြေထောက်ပြတ်ထွက်သွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကျေးရွာနှင့် ၅ မိုင်ခန့်ဝေးသည့် ဘုရားကြီးတောင်သို့ လှေစပ် (လှေပြုလုပ်) ရန် သစ်ခွဲဖို့သွားစဉ် အဆိုပါ တောင်ပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဆွေမျိုးတော်စပ်သူ ဦးသန်းအောင်က DMG သို့ ပြောသည်။
“သစ်ခွဲဖို့ (ရခိုင်အခေါ် ချိန်းတိုက်) အတွက် ၆ ယောက်သွားကြတာပါ။ အဲမှာ သူက တောထဲမှာ အခြားသစ်တွေရှာနေတုန်း နင်းမိလို့ပေါက်ကွဲသွားတာပါ။ ညာဖက် ခြေထောက်တစ်ချောင်း ပြတ်ထွက်သွားပါတယ်။ အရိုးနှစ်ချောင်း ပေါ်နေတယ်။ အခုဆေးရုံကို ပို့ဖို့လုပ်နေပါတယ်” ဟု ဆိုသည်။
လက်ရှိတွင် ဒဏ်ရာအခြေနေ စိုးရိမ်ရသည့်အတွက် ဦးညီပုချေကို ကမ်းထောင်းကြီး ဆေးရုံသို့ သယ်ယူနေပြီး ယင်းမှတစ်ဆင့် ဒဏ်ရာအခြေနေပေါ်မူတည်ပြီး အခြားဆေးရုံကို ပို့ဆောင်မည်ဖြစ်ကြောင်းလည်း ဦးသန်းအောင်ကပြောသည်။