- အာရက္ခတပ်တော်ကို တိုက်ခိုက်ရန် မွတ်ဆလင်လက်နက်ကိုင်များ ဘင်္ဂလားဒေ့ရှ်တွင် လူစုနေ
- ရခိုင်တွင် စက်ပစ္စည်းရှားပါးမှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်
- စစ်တလင်းမှ မသန်စွမ်း အမျိုးသမီးများ
- ရေကြည်တွင် ရခိုင်စစ်ရှောင် ၁၁ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား
- မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များအား အကြမ်းဖက်ဖမ်းဆီးနေခြင်းအား ရပ်တန့်ရန် မလေးရှားအစိုးရကို တောင်းဆို
ပန်းမြောင်းတွင် မီးလောင်မှုကြောင့် နေအိမ်နှင့် ဆိုင်ခန်း ၅၀ ခန့် မီးလောင်ဆုံးရှုံး
ရခိုင်ပြည်၊ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာတွင် ယနေ့ (စက်တင်ဘာ ၁၁ ရက်) နံနက် ၁ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၅ ဆောင်နှင့် ခန်ဆိုင်ခန်း ၃၄ ခန်းစုစုပေါင်း ၄၉ ဆောင် မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။
11 Sep 2022

DMG ၊ စက်တင်ဘာ ၁၁
ရခိုင်ပြည်၊ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာတွင် ယနေ့ (စက်တင်ဘာ ၁၁ ရက်) နံနက် ၁ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၅ ဆောင်နှင့် ခန်ဆိုင်ခန်း ၃၄ ခန်းစုစုပေါင်း ၄၉ ဆောင် မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။
“မြအောင်ရပ်ကွက် ဖုန်းဆိုင်ကနေ စလောင်တာလို့သိရတယ်။ ဖုန်းကို တညလုံးအားသွင်းထားရာကနေ စလောင်ခဲ့တာ။ အဲဒီဖုန်းဆိုင်ကနေတဆင့် အထည်ဆိုင်တွေ၊ ဆီဆိုင်တွေဆီ ကူးသွားပြီး မီးများသွားတာ။ အဲဒါတောင် မိုးတဖြောက်ဖြောက်ရွာနေလို့ မီးက ဒီလောက်နဲ့ငြိမ်းသွားတာ”ဟု ပန်းမြောင်းကျေးရွာသားတစ်ဦးက ပြောသည်။
မီးလောင်မှုကြောင့် မြအောင်ရပ်ကွက်နှင့် ဈေးပိုင်းရပ်ကွက်မှ နေအိမ် ဆိုင်ခန်း မီးလောင်ပျက်စီးသွားသူတို့မှာ လက်ရှိတွင် ဆွေမျိုးနှင့် ဘုန်းတော်ကြီးကျောင်းတွင် ယာယီနေထိုင်ကြကြောင်းလည်း ပန်းမြောင်းတိုက်နယ် အုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော်က ပြောသည်။
"ပျက်စီးဆုံးရှုံးမှုကတော့ တော်တော်များတယ်။ ဘာတခုမှမရလိုက်ဘဲ ပြာကျသွားတာ။ တချို့မှာဆိုရင် နေအိမ်နဲ့ဆိုင်ခန်းနဲ့ တဆက်တည်းဆိုတော့ အကုန်ပါသွားကြတယ်။ နေစရာလည်းမရှိတော့ဘူး။ ဒါကြောင့် နေအိမ်မီးလောင်သွားတဲ့သူတွေကတော့ ဆွေမျိုးအိမ်မှာကပ်နေသူတွေနေကြတယ်။ ဘုန်းကြီးကျောင်းကိုရောက်သွားသူတွေလည်းရှိကြတယ်"ဟု ၎င်းကပြောသည်။
အဆိုပါမီးလောင်မှုမှာ နံနက် ၁ နာရီမှ နံနက် ၃ နာရီကျော်အထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး အရေအတွက်အတိအကျကို လတ်တလောတွင် မသိရသေးပေ။
ပန်းမြောင်းတွင် ယခင်ကလည်းမီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်ကမီးလောင်မှုတွင် နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့သည်။