- စစ်ကောင်စီနှင့် ဘင်္ဂလားဒေ့ရှ်တို့ သံတမန်ဆက်ဆံရေး အားလျှော့လာခြင်း
- စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် ဒုစရိုက်မှုများ မြင့်တက်နေ
- အမတ (၃၄၄) တပ်ရင်းက ဒဏ်ရာရ စစ်ကောင်စီတပ်သားများ ဆေးကုသခွင့်မရ၍ ထွက်ပြေး
- မိုးရောက်သည်နှင့်တစ်ပြိုင်နက် ရခိုင်တောင်ပိုင်း သယ်ယူပို့ဆောင်ရေး စတင် အခက်တွေ့
- အာဏာသိမ်း ၄ နှစ်အတွင်း ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ်ဖြင့် ဖမ်းဆီးခံရသူ ၁,၇၀၀ ကျော်ရှိ
ပလက်စတစ်ပစ္စည်းများ ဝင်ရောက်လာသည့်အတွက် ဒေသလုပ် မြေအိုးလုပ်ငန်းများ မှေးမှိန်လာ
ပလက်စတစ် ပစ္စည်းများအစားထိုးဝင်ရောက်မှုကြောင့် ဒေသထုတ် မြေအိုးလုပ်ငန်းများ မှေးမိန်လာကြောင်း မြေအိုးလုပ်ငန်းကို နှစ်ပေါင်း ၄၀ နီးပါးလုပ်ကိုင်လာသည့် မြေပုံမြို့မှ မြေအိုးလုပ်ငန်းရှင် တစ်ဦးကပြောသည်။
30 Mar 2021
DMG ၊ မတ် ၃၀
ပလက်စတစ် ပစ္စည်းများအစားထိုးဝင်ရောက်မှုကြောင့် ဒေသထုတ် မြေအိုးလုပ်ငန်းများ မှေးမိန်လာကြောင်း မြေအိုးလုပ်ငန်းကို နှစ်ပေါင်း ၄၀ နီးပါးလုပ်ကိုင်လာသည့် မြေပုံမြို့မှ မြေအိုးလုပ်ငန်းရှင် တစ်ဦးကပြောသည်။
ယခင်က မြေပုံမြို့နယ်တွင် မြေအိုးလုပ်ငန်းလုပ်ကိုင်သူ အနည်းငယ်ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် မြေအိုးလုပ်ငန်းလုပ်ကိုင်သူ ၁ သာရှိပြီး လုပ်ငန်းလည်ပတ်မှုအပိုင်းတွင် မြေအိုး အမျိုးအစား အနည်းငယ်ကိုသာ ထုတ်လုပ်ရောင်းချနေရကြောင်း မြေအိုးလုပ်ငန်းပိုင်ရှင် ဦးဝေတင်ကပြောသည်။
“သုံးတဲ့သူက သုံးလိုရှိရင် ထုတ်လုပ်လို့ရပါတယ်။ အိုးလုပ်ငန်းခွင်တွေကလည်း အများကြီးဆောက် လုပ်ထား တာရှိပါတယ်။ ဒါပေမဲ့ ဝယ်လိုအားက နည်းလာတယ်။ ပလက်စတစ် အစားထိုတာတွေရှိလာတော့ ထုတ်လုပ်တဲ့ အပိုင်းကလည်း လျော့ကျလာတာပေါ့၊ အရင်ကလောက် မထုတ်လုပ်နိုင်တော့ဘူး” ဟုပြောသည်။
ယင်းအပြင် ပြီးခဲ့သည့် နှစ်များက တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် မြေအိုးရောင်းအားမှာ လုံးဝကျဆင်းခဲ့ပြီး လက်ရှိ မြေအိုးလုပ်ငန်း၌ ပလတ်စတိတ်ဖြင့် အစားထိုးမရသည့် အင်ဒုံ၊ လှပန်းအိုး၊ သောက်ရေအိုး ၃ မျိုးသာ အဓိက ရောင်းချနေရသည်ဟု ဦးဝေတင်ကပြောသည်။
“ရခိုင်ဒေသက သားငါးတွေ ပေါတယ်ဆိုတော့ ငါးဆေးဖို့ အတွက် ပလက်စတိတ်ခွက်တွေနဲ့ ဆိုရေဆေးတာက အဆင်မပြေဘူးလေ၊ဆိုတော့ အင်ဒုံကတော့ ရောင်းရတာပေါ့လေ၊ ဒါပေမဲ့ တိုက်ပွဲတွေဖြစ်တော့ အရင်က ပို့တဲ့နေရာတွေကို မပို့နိုင်ဘူးဖြစ်သွားတယ်၊ ရောင်းအားကျ ထိုးကျသွားတဲ့အနေအထားပေါ့ ”ဟု ဦးဝေတင်က ဆိုသည်။
တစ်ဖက်တွင်လည်း ရောင်းအား အကောင်းဆုံးဖြစ်သည့် အင်ဒုံကို ပြုလုပ်ရာတွင် စိန့်ချို(အကြမ်းမုန့်) ကို ထည့်သွင်းအသုံးပြုရပြီး ယင်းအကြမ်းမုန့်အား ရှမ်းပြည်နယ်ဖက်မှ ဝယ်ယူရသည့်အတွက် ယခုအခြေအနေတွင် ဝယ်ယူရန်အခက်အခဲရှိနေသည်ဟု ဦးဝေတင်က ဆက်ပြောသည်။
ဒေသထွက်မြေအိုးများဖြစ်သည့် မီးဖိုး၊ စဉ့်အိုးကြီး၊ စိန့်အိုးငယ်၊ ကုလားရေသောက်အိုး၊ သောက်ရေအိုး၊ အင်ဒုံ၊ ငရုပ်ထောင်ခွက်၊ ပန်းအိုး၊ထမင်းအိုး၊မင်္ဂလာအိုး၊ဟင်းအိုးစသည့် အိုးအမျိုးအစားများကို ယခင်က ထုတ်လုပ်ခဲ့သော်လည်း မီးဖိုနေရာတွင် ဂတ်မီးဖိုအစာဝင်လာခြင်း၊ စဉ့်အိုးကြီးနေရာများတွင် ပလက်စတစ် ရေထည့်အိုးကြီးများသုံးလာခြင်းနှင့် သောက်ရေအိုးများ နေရာများတွင် ပလက်စတစ် ရေသန့်ဘူးများ အစားဝင်လာသဖြင့် ဒေသထုတ် မြေအိုးလုပ်ငန်း မှေးမှိန်လာရခြင်းလည်းဖြစ်သည်။