- ရခိုင်လွတ်မြောက်ခြင်းသည် တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြီးမားသောသက်ရောက်မှုရှိနေကြောင်း ချင်းညီနောင်ပြော
- အိန္ဒိယနယ်စပ်တွင် အလုပ်သမားစရိတ် မြင့်တက်နေသဖြင့် ရခိုင်ကုန်သည်များ ညဉ်းညူ
- ငှက်ဖျားကြောင့် သေဆုံးမှုမြင့်တက်နေသည့် အမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေ
- အင်အားဖြည့်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်
- အီရန်ရှိ နျူကလီးယားစီမံကိန်း နေရာသုံးခုကို အမေရိကန် ဗုံးကြဲ
တောင်ကုတ်တွင် မွေးဖွားသည့် ဆင်ငယ်ကို ဆင်ဖြူတော်အဖြစ် သတ်မှတ်
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ခူးတိုက်နယ် ကမ်းဒေးအုပ်စု လက်ျာစတိုင်ကျေးရွာအတွင်း မွေးဖွားသော ဆင်ငယ်အထီးအား ဆင်ဖြူတော်အဖြစ်သတ်မှတ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။
03 Aug 2022

DMG ၊ သြဂုတ် ၃
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ခူးတိုက်နယ် ကမ်းဒေးအုပ်စု လက်ျာစတိုင်ကျေးရွာအတွင်း မွေးဖွားသော ဆင်ငယ်အထီးအား ဆင်ဖြူတော်အဖြစ်သတ်မှတ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။
အဆိုပါဆင်ငယ်ကို ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၆ နာရီ ၃၀ တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ဆင်ဖြူတော် ကြန်အင်လက္ခဏာများဖြစ်သည့် မျက်လုံး ပုလဲရောင်၊ ငှက်ပျောကိုင်းသဏ္ဍာန် ကျောကုန်း၊ အဖြူကဲ့သို့ အမွှေးရောင်၊ အမြီးမှာ တခါးပိတ်လက်ဝါးပုံသဏ္ဍာန်၊ အရေပြား ဩဇာကွက်၊ အသားအရေ ပန်းရောင်၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါပြီး နားရွက်မှာ နားကြီးခြင်းတို့ကြောင့် ဆင်ဖြူတော်များ ကြန်အင်လက္ခ ဏာ ၇ ချက်ဖြင့်ကိုက်ညီသဖြင့် ဆင်ဖြူတော်အဖြစ်သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
၎င်းဆင်ငယ်မှာ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းမှ ထိန်းကျောင်းထားသည့် ဇာနန်းလှအမည်ရ ဆင်မမှ မွေးဖွားခြင်းဖြစ်သည်။ ထိုဆင်ငယ်မှာ ဆင်ဖြူတော် ကြန်အင်လက္ခဏာ အချက် ၈ ချက်တွင် အချက် ၇ ချက်ဖြင့်ညီညွတ်မှုရှိသည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဆိုသည်။
ထိုဆင်ဖြူတော်၏ အရပ်အမြင့်မှာ ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ်မှာ ၃ ပေ ၁ လက်မ၊ ကျောအလျားမှာ ၂ ပေ၊ အမြီးအလျားမှာ ၁ ပေ ၆ လက်မနှင့် မွေးဖွားစကိုယ်အလေးချိန်မှာ ၁၈၀ ပေါင်ခန့်ရှိပြီး ဆင်မကြီးနှင့်အတူ ကျန်းမာစွာရှိကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
အဆိုပါဆင်ဖြူတော်မှာ ရခိုင်ပြည်နယ်အတွင်းမှ ပေါ်ထွန်းသည့် ၆ စီးမြောက် ဆင်ဖြူတော်ဖြစ်ပြီး ၂၀၀၀ ခုနှစ်က ရသေ့တောင်မြို့နယ်မှ ဆင်ဖြူအထီးတစ်ကောင်၊ ၂၀၀၂ ခုနှစ်က မောင်တောမြို့နယ်မှ ဆင်ဖြူအမ းနှစ်ကောင်နှင့် ၂၀၁၀ ခုနှစ်ကလည်း မောင်တောမြို့နယ်အတွင်းမှ ဆင်ဖြူအမနှစ်ကောင် ပေါ်ထွန်းခဲ့ပြီး လက်ရှိယင်းဆင်များကို အစိုးရမှယူဆောင်ကာ ရန်ကုန်မြို့နယ်မှ ဆင်ဖြူတော်ဥယျာဉ်နှင့် နေပြည်တော်မှ ဆင်ဖြူတော်ဥယျာဉ်တို့တွင် ပြောင်းရွှေ့မွေးမြူထားကြောင်း သိရသည်။