- အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာတွင် အယ်လ်ဂျားဇီးရား သတင်းထောက် ၅ ဦး သေဆုံး
- ရခိုင်တစ်ပြည်လုံးကို သိမ်းပိုက်သွားမည်ဟု AA အာမခံချက် ထပ်ပေး
- ရခိုင်တွင် ခေတ်မီ ပညာရေးစနစ်ဖြစ်လာရေး အာရက္ခပညာရေးဌာန ကြိုးစားနေ
- ရခိုင်တွင် စစ်ကောင်စီ လက်ချက်ကြောင့် ဒေသခံ ၉၀၀ ကျော် သေဆုံးခဲ့ကြောင်း AA ပြော
- စစ်ကောင်စီ ရွေးကောက်ပွဲ ရခိုင်ပြည်သူကို အကျိုးမပြုကြောင်း AA ပြော
ရခိုင်တွင် စစ်ကောင်စီ လက်ချက်ကြောင့် ဒေသခံ ၉၀၀ ကျော် သေဆုံးခဲ့ကြောင်း AA ပြော
စစ်ကောင်စီ လက်ချက်ကြောင့် ရခိုင်ဒေသခံ ၉၂၆ ဦး သေဆုံးကာ၊ ၁,၉၅၄ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၉၄၇ ဦးမှာ ဖမ်းဆီးခံထားရကြောင်း ယနေ့ (ဩဂုတ် ၁၁ ရက်) တွင် ပြုလုပ်သည့် ULA/AA ၏ ၁၀ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောသည်။
11 Aug 2025

DMG ၊ ဩဂုတ် ၁၁
ရခိုင်မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်ချက်ကြောင့် ရခိုင်ဒေသခံ ၉၂၆ ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။
စစ်ကောင်စီ လက်ချက်ကြောင့် ရခိုင်ဒေသခံ ၉၂၆ ဦး သေဆုံးကာ၊ ၁,၉၅၄ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၉၄၇ ဦးမှာ ဖမ်းဆီးခံထားရကြောင်း ယနေ့ (ဩဂုတ် ၁၁ ရက်) တွင် ပြုလုပ်သည့် ULA/AA ၏ ၁၀ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောသည်။
" စစ်ကောင်စီအနေနဲ့ အာရက္ခတပ်တော်ကို စစ်ရေးအရ ခေါင်းမဖော်နိုင်အောင် အပြတ်အသတ် ရှုံးနိမ့်နေတာကြောင့် "ငါးမရ တွင်းဖျက်" ဆိုသလိုမျိုး သူတို့ မနိုင်မနင်း ထိန်းသိမ်းနေရတဲ့ မြို့နယ် သုံးခုက အပြစ်မဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်အနိုင်ကျင့် သတ်ဖြတ်နေတယ်" ဟု ဦးခိုင်သုခက ဆိုသည်။
ယင်းအပြင် စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် ၁၀,၅၀၂ လုံး၊ ဘာသာရေးအဆောက်အအုံ ၉၀ လုံး၊ စာသင်ကျောင်း ၄၅ ကျောင်း၊ ဆေးရုံဆေးခန်း ၁၂ ခု၊ တံတား ၂၂ စင်း၊ UN၊ INGO၊ NGOတို့၏ အဆောက်အအုံ ၃ ခုအပြင် အခြားအဆောက်အအုံ စုစုပေါင်း ၁,၁၀၀ ကျော် ပျက်စီးခဲ့ရကြောင်း ဆိုသည်။
စစ်ကောင်စီသည် AA သိမ်းပိုက်ထားသည့် မြို့နယ်များအပြင် ၎င်းတို့ ထိန်းချုပ်ဆဲ မြို့နယ် ၃ ခုတို့တွင် လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကို နေ့စဉ်နှင့်အမျှ ပြုလုပ်နေကြောင်း AA က ပြောသည်။
"ကျမတို့ ပြည်သူတွေမှာတော့ အသက်အန္တရာယ် မလုံခြုံမှုကို အခုအချိန်ထိ ခံစားနေရတုန်းပဲ။ ဘာဖြစ်လို့လဲဆိုရင် တိုက်ပွဲမရှိတော့တဲ့ နေရာတွေကို စစ်ကောင်စီက မကြာခဏဆိုသလို လေကြောင်းကနေ လာပြီး ဗုံးကြဲနေတယ်။ ဆိုတော့ ကျမတို့မှာ နေ့စဉ်နဲ့အမျှ စိုးရိမ်ကြောက်လန့်နေရတယ် " ဟု AA ထိန်းချုပ်မြို့နယ်တစ်ခုမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ULA/AA အနေဖြင့်လည်း သိမ်းပိုက်ထိန်းချုပ်ထားသည့် နယ်မြေများတွင် စစ်ကောင်စီ၏ ရေကြောင်း၊ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်ကြားက အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ဦးခိုင်သုခက ပြောသည်။
လက်ရှိတွင် ရခိုင်က ထိန်းချုပ်မြို့နယ်များနှင့် ပလက်ဝမြို့နယ်အတွင်း သဘာဝဘေးဒဏ်အပြင် စစ်ကောင်စီကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ၊ ဆေးရုံဆေးခန်း၊ လမ်းတံတားများကို အာရက္ခပြည်သူ့အစိုးရက အတတ်နိုင်ဆုံး ပြုပြင်တည်ဆောက်ပေးလျက်ရှိကြောင်း AA က ပြောသည်။