- ကျောင်းနေအရွယ် ကလေးငယ် ၇ သန်းခန့် ပညာသင်ခွင့်ဆုံးရှုံးနေရဟု ISP - Myanmar ဖော်ပြ
- အိန္ဒိယဝန်ကြီးချုပ် ၇ နှစ်အတွင်း ပထမဆုံးအဖြစ် တရုတ်သို့ သွားမည်
- တရုတ်မယားအဖြစ် ရောင်းစားခံနေရသည့် ရခိုင်အမျိုးသမီးနှစ်ဦး အကူအညီလိုအပ်နေ
- ဖားကန့်တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဆက်တိုက်ရှိနေ
- AA သည် အောက်လမ်းဖြင့် တိုက်နေကြောင်း ရှေ့တန်းစစ်မြေပြင်တွင် စစ်ကောင်စီ ဝါဒဖြန့်
ဖားကန့်တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဆက်တိုက်ရှိနေ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ် တိုက်ခိုက်နေမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု ဆက်တိုက်ရှိနေကြောင်း ဒေသတွင်း လူမှုကူညီရေးဆောင်ရွက်နေသူများထံမှ သိရသည်။
06 Aug 2025

DMG ၊ ဩဂုတ် ၆
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ် တိုက်ခိုက်နေမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု ဆက်တိုက်ရှိနေကြောင်း ဒေသတွင်း လူမှုကူညီရေးဆောင်ရွက်နေသူများထံမှ သိရသည်။
ဩဂုတ်လ ၂ ရက်မှ ၅ ရက်အထိ စစ်ကောင်စီ လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာရရှိသူ ၃၃ ဦးထိ ရှိလာနေပြီဖြစ်ကြောင်း ဖားကန့်မြိုန့ယ်အတွင်း လူမှုကူညီရေးဆောင်ရွက်နေသူ အမျိုးသားတစ်ဦးက ပြောသည်။
" လက်နက်ကြီးကတော့ နေ့တိုင်းကို ပစ်နေတာ။ ဒီရက်ပိုင်းအတွင်း အရပ်သားတွေ တော်တော်လည်းကို ထိခိုက်မှုရှိတယ်" ဟု ၎င်းက ပြောသည်။
ဩဂုတ် ၅ ရက် ယူမာစည်ပင်ကွက်သစ်သို့ လက်နက်ကြီး ၅ လုံးထက်မနည်း ကျရောက်ပေါက်ကွဲကာ အမျိုးသမီး နှစ်ဦး သေဆုံးပြီး ၂၀ ဦးဒဏ်ရာရရှိခဲ့ကာ ရှခရော်ရွာတွင်လည်း လက်နက်ကြီး ၃ လုံးကျရောက်၍ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
ဖားကန့်မြို့နှင့် မြို့အနီးကျေးရွာများမှာ နေ့စဉ် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကို ခံနေကြရပြီး လက်ရှိတွင် ကျေးရွာသားများ ဘေးလွတ်ရာသို့တိမ်းရှောင်နေကြကြောင်း သိရသည်။
"ဖားကန့်မှာက တိုက်ပွဲက ဖြစ်ပွားမှု ရှိနေဆဲပဲ။ အဓိက မှော်ဆီဇာ ဘုရားကုန်းနဲ့ အမှိုက်ပုံတို့အနီး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေကြတာဖြစ်တယ်။ စစ်ကောင်စီဖက်က အထိနာနေတာကြောင့် အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်လာနေတာဖြစ်တယ်" ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ ဖားကန့်မြို့နယ်အတွင်း ဝင်ရောက်နေသည့် စစ်ကောင်စီ စစ်ကြောင်းများနှင့် KIA တို့ကြား နှစ်ဖက်တိုက်ပွဲများရှိနေပြီး စစ်ကောင်စီက လက်နက်ကြီးများဖြင့် တိုက်ခိုက်နေမှုကြောင့် ဒေသခံထောင်နှင့်ချီ နေရပ်စွန့်ခွာနေရကာ သေဆုံးမှုများလည်း မြင့်တက်လျက်ရှိသည်။
စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်ပြီးနောက် စစ်ကြောင်းထိုးသတ်ဖြတ်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ ဒရုန်ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၆၀ ကျော်ထိရှိသည်ဟု ဒေသတွင်းလူမှုကူညီရေးဆောင်ရွက်နေသူများထံမှ သိရသည်။