- သြစတြေးလျတွင် တရုတ်အမျိုးသမီးတစ်ယောက် သူလျှိုလုပ်မှုဖြင့် တရားစွဲခံရ
- PDF များကို လက်ခံသည်ဟုဆိုကာ လေးမျက်နှာက ဘုန်းကြီးတစ်ပါးနှင့် ဒေသခံ ၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- အမေရိကန်မှ နှင်ထုတ်ခံရသော ရွှေ့ပြောင်း ၂၅၀ အထိ လက်ခံရန် ရဝမ်ဒါ သဘောတူ
- စစ်ရေးကာလ ထိခိုက်ဒဏ်ရာရ ရခိုင်ဒေသခံများ ဆေးကုရန် ငွေကြေးမရှိ၍ နာတာရှည်ရောဂါ ခံစားနေကြရ
- တစ်ပတ်အတွင်း ထူးခြားချက် (ဇူလိုင် ၂၈ မှ ဩဂုတ် ၃ ရက်နေ့)
သြစတြေးလျတွင် တရုတ်အမျိုးသမီးတစ်ယောက် သူလျှိုလုပ်မှုဖြင့် တရားစွဲခံရ
တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးကာ ဗုဒ္ဓဘာသာ အသင်းတစ်ခုအား စောင့်ကြပ်ကြည့်ရှုမှုဖြင့် သြစတြေးလျအစိုးရက တရုတ်အမျိုးသမီးတစ်ဦးကို တရားစွဲဆိုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
05 Aug 2025

တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးကာ ဗုဒ္ဓဘာသာ အသင်းတစ်ခုအား စောင့်ကြပ်ကြည့်ရှုမှုဖြင့် သြစတြေးလျအစိုးရက တရုတ်အမျိုးသမီးတစ်ဦးကို တရားစွဲဆိုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
"ပြည်ပမှ အဆင်ခြင်မဲ့ ဝင်ရောက်စွက်ဖက်မှု" ဖြင့် အဆိုပါအမျိုးသမီးအား မြို့တော်ကင်ဘာရာ၌ သြဂုတ်လ ၄ ရက်နေ့က ရုံးထုတ်ခဲ့သည်။
ကင်ဘာရာတွင် ရှိသည့် ကွမ်ယင်စီတာ (Guan Yin Citta) ဗုဒ္ဓဘာသာ အသင်းခွဲနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ လျှို့ဝှက်စုံစမ်းပေးရန် အဆိုပါအမျိုးသမီးအား တရုတ်ပြည်သူ့လုံခြုံရေး ဗျူရိုက တာဝန်ပေးခဲ့သည်ဟု သြစတြေးလျ ရဲတပ်ဖွဲ့က စွပ်စွဲထားသည်။
အဆိုပါအမျိုးသမီး၏ ခင်ပွန်းသည် တရုတ်ပြည်ရှိ ခရိုင်တစ်ခု၌ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၏ လက်ထောက်ခေါင်းဆောင်တစ်ဦးဖြစ်သည်။ သူမ၏ နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး နောက်တစ်ရက်၌ သူသည် ကင်ဘာရာရှိ တရုတ်ကောင်စစ်ဝန်ရုံးသို့ သွားရောက်ခဲ့သည်ဟု ABC သတင်းဌာနက ဖော်ပြသည်။
ယနေ့ပြုလုပ်သည့် ရုပ်သံဖြေကြားချက်များ၌ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်းက အမှုတစ်ခုခုကို ရည်ညွှန်းပြီး သီးခြားမှတ်ချက် မပေးလိုသော်လည်း သြစတြေးလျအနေဖြင့် ပြည်ပစွက်ဖက်မှုကို တွန်းလှန်လျက်ရှိသည်ဟု ဖြေကြားခဲ့သည်။
"သြစတြေးလျသားတွေကို အရှက်ခွဲမှု၊ ခြိမ်းခြောက်မှု၊ စောင့်ကြည့်မှုတွေအပေါ် ကျွန်မတို့အနေနဲ့ သည်းခံမှာမဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ ဒီမိုကရေစီမှာ ပြည်ပက ဝင်ရောက်စွက်ဖက်မှုတွေကို တုံ့ပြန်ဖို့အတွက် အားကောင်းတဲ့ မူဘောင်တွေရှိပါတယ်" ဟုလည်း ဝန်ကြီးက ပြောဆိုခဲ့သည်။